Tuesday, April 28, 2020

ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ဦးခန့်သာတွေ့ရှိ



ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဦးသာ ထပ်မံတွေ့ရှိကြောင်းထိုင်းကျန်းမာရေးန်ကြီးဌာန
ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က
ယနေ့တွင် ပြောကြားသည်။

ယနေ့သတင်းထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းသည် ၂၉၃၈ဦးရှိခဲ့ပြီး ၊ ၂၆၅၂ဦးသည်  ပြန်လည်ကျန်းမာလာကာ၊ ၂၃၂ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။

Monday, April 27, 2020

ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉ဦးခန့်သာတွေ့ရှိ




ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉ ဦးသာ ထပ်မံတွေ့ရှိကြောင်းထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က ယနေ့တွင် ပြောကြားသည်။


ယခုသီတင်းပတ်အတွင်း  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနှုန်းသည် သိသာထင်ရှားစွာကျဆင်းလာကြောင်းသိရသည်။

Saturday, April 25, 2020

ထိုင်းတွင် မြန်မာအလုပ်သမား ၃၄ဦး၌ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ



ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တာဝီဆင်ဗီဆနူယိုသင်သည် ယနေ့ နံနက် ၁၁နာရီခွဲ အချိန်၌ ပြုလုပ်သည့်ကူးစက်ရောဂါအခြေနေသတင်းထုတ်ပြန်ချက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၃ ဦး ထပ်မံတွေ့ရှိကြောင်းပြောကြားသည်။

ထိုင်းနိုင်ငံ တောင်ပိုင် ဆုန်ခလာခရိုင်ရှိ စဒေါင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့်ေ စာင့်ကြည့်ရေးစင်တာတွင် မြန်မာအလုပ်သမားအပါဝင်နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား(၄၂)ဦးတို့ကို ကိုရိုနာဗိုင်း
ရပ်စ်ရောဂါရှိမရှိစစ်ဆေးရာ အကုန်လုံး၌ ရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။


Friday, April 24, 2020

ဖိနပ်စက်ရုံအလုပ်သမားများကိစ္စပြေလည်မှုရရှိ


ဘန်ကောက်မြို့နယ် ဖလန်ဆောင်နယ်မြေထီယမ်ထလေရပ်ကွက်ရှိ ဖိနပ်စက်ရုံအလုပ်သမား ( ၆၀ ) ဦး တို့သည် ဧပြီလ ၂၂ရက်နေ့၌ အလုပ်ထုတ်ခံရသော်လည်း ခံစားခွင့်ကိစ္စများကို အလုပ်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းကြရာပြေလည်မှုမရရှိသဖြင့် အလုပ်သမားဟစ်တိုင်ထံဆက်သွယ်အကူညီတောင်းခံလာခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပက်သက်သည့် သတင်းအချက်လက်များ စုဆောင်းကာ ဘန်ကောက်မြို့ရှိ အလုပ်သမား
သံအရာရှိရုံးထံ ထပ်မံအကြောင်းကြားပေးခဲ့ပါသည်။

Tuesday, April 21, 2020

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါအတည်ပြုလူနာများ၌ မြန်မာနိုင်ငံသား ၁၇ဦးပါဝင်


ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တာဝီဆင် ဗီဆနူယိုသင်သည်  ယနေ့ နံနက် ၁၁နာရီခွဲအချိန်၌ ပြုလုပ်သည် ကူးစက်ရောဂါအခြေနေသတင်းထုတ်ပြန်ချက်၌  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉ ဦး ထပ်မံတွေ့ရှိခဲ့သလို ၁ဦးထပ်မံသေဆုံးကြောင်းပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်   သေဆုံးသူ ၄၈ဦးရှိပြီး နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂၈၁၁ဦးရှိကြောင်း  ၂၁၀၈ဦး ပြန်လည်ကျန်းမာလာခဲ့ကြောင်း၊၆၅၅ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။

Monday, April 20, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာ



ဧပြီ ၂၀ ရက်တွင် ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇ ဦး ထပ်မံတွေ့ရှိကြောင်း
ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က အတည်ပြုပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၃ရက်အတွင်း သေဆုံးသူမရှိကြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းသည် ၂၇၉၂ ဦးဖြစ်ပြီး ၁၉၉၉ ဦး ပြန်လည်ကျန်းမာလာပြီ ၇၄၉ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။


Sunday, April 19, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၀၀ ကျော်ရှိလာပြီး သေဆုံးသူ ၄၇ဦးရှိ



ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၃၂ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတွင်းရောဂါကူးစက်ခံရသူဦးရေ ၂၇၆၅ ဦး ထိရောက်ရှိလာကြောင်း  ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ သာဝီးဆင်ဝီဆာနူယိုသင်က ယနေ့၌ပြောကြားသည်။


ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ယနေ့ အထိ သေဆုံးသူ ဦးရေမှာ ၄၇ ဦးရှိပြီး  ဆေးရုံ၌ဆေးကုသမှုခံယူနေသည့်လူနာ ၇၉၀ ဦးရှိကြောင်းကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူဦး၁၉၂၈ဦးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။