ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇ဦးခန့်သာတွေ့ရှိ
ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဦးသာ ထပ်မံတွေ့ရှိကြောင်းထိုင်းကျန်းမာရေးန်ကြီးဌာန
ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က
ယနေ့တွင် ပြောကြားသည်။
ယနေ့သတင်းထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းသည် ၂၉၃၈ဦးရှိခဲ့ပြီး ၊ ၂၆၅၂ဦးသည် ပြန်လည်ကျန်းမာလာကာ၊ ၂၃၂ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၄ဦးအထိရှိခဲ့ကြောင်းသိရသည်။