ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တာဝီဆင် ဗီဆနူယိုသင်သည် ယနေ့ နံနက် ၁၁နာရီခွဲအချိန်၌ ပြုလုပ်သည် ကူးစက်ရောဂါအခြေနေသတင်းထုတ်ပြန်ချက်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉ ဦး ထပ်မံတွေ့ရှိခဲ့သလို ၁ဦးထပ်မံသေဆုံးကြောင်းပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၄၈ဦးရှိပြီး နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂၈၁၁ဦးရှိကြောင်း ၂၁၀၈ဦး ပြန်လည်ကျန်းမာလာခဲ့ကြောင်း၊၆၅၅ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂၈၁၁ဦးထဲ၌ မြန်မာနိုင်ငံသား၁၇ဦးလည်ပါဝင်ကြောင်းသိရသည် ။ထို့ပြင်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုပြန့်နှံ့သည့်ဒေသများအနက် အတည်ပြူလူနာတွေ့ရှိမှု အများဆုံးဒေသများမှာ ဘန်ကောက်မြို့၊ ဖူးခက်ခရိုင်၊ နွန်ထဘူရီခရိုင်၊ ရလာခရိုင်တို့ဖြစ်ကြောင်းသိရသည်။
စောမောင်(အလုပ်သမားဟစ်တိုင်)