Friday, April 25, 2014

ရွက်လှေများ


တကယ်တော့လည်း  ကျမတို့လူဘဝဆိုတာ  ကမ်း မမြင်  လမ်းမမြင်သည့်  ပင်လယ်

သမုဒရာပြင်ကျယ်ကြီးမှာ  ကိုယ်တိုင်ထိန်းချုပ်ပဲ့ကိုင်သော  ရွက်လှေတစ်စင်းစီဖြင့်

ခရီးနှင်နေကြရခြင်းပဲမဟုတ်လား။ ဟိုးငယ်ငယ်ကလေးဘဝအရွယ် တုန်းကတော့

ရေပြင်ကိုမြင်လျှင် လှေလွှတ်ချင်စိတ်တွေ ပဲရှိခဲ့၏။




Sunday, April 20, 2014

စာဖတ်တတ်ရဲ့လား



(Written by: မြေနီသစ္စာ)

“စာဖတ်တတ်ရဲ့လား”ဟုမေးလျှင်“ဟာ ဖတ်တတ်တာပေါ့”ဟု ဆိုကြပါလိမ့်မည်။ ဟိုက်စကူးကစ၍ ၀ိဇ္ဇာ၊ မဟာဝိဇ္ဇာအောင်သူတို့ကို ဤမေးခွန်းမေးမိပါမူ အမေးခံရသူက မေးသူကို ရိုက်ပစ်လိုက်ချင်ပေလိမ့်မည်။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ စာဖတ်တတ်ဖို့ကား လိုပေသေး သည်။ စာတတ်တိုင်း စာဖတ်တတ်သည်ဟု မဆိုသာပေ။

တစ်ခါက ဗိုလ်ချုပ်ဈေးထဲတွင် တစ်ပတ်တစ်ခါ စာဝိုင်းတစ်ခုရှိသည်။ ယင်းစာဝိုင်းတွင် ဆရာတက်တိုးက အထက်ပါ စာဖတ်တတ်ရဲ့လား။ မေးခွန်းကို မေးရင်းအဖြေကိုပါ ပေးလိုက်ခြင်းဖြစ်၏။

“အတန်းစာဖတ်၍ စာမေးပွဲအသီးသီး အောင်မြင်သော်လည်း စာဖတ်တတ်ဖို့ လိုသေးသည်ဟု ဆိုရမည်မှာ အတော်ပင် အားနာစရာကောင်းလှကာ စာပေက မိမိအားဘ၀ အကျိုးပေးမွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ် တတ်သည်ဟု ခေါ်ချင်ပါသည်။ အကျိုးပြုသောစာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင်လည်း စာဖတ် တတ်သည်ဟု ဆိုနိုင်ပါလိမ့်မည်”ဟု ဆရာတက်တိုးက ဆက်လက်ပြောဖြစ်လေသည်။

“ဆရာဒါဆိုရင် အပျင်းပြေစာဖတ်သူတွေကို ဆရာဘယ်လိုပြောချင်ပါလဲ။ ဒါမှမဟုတ် စာကို ပညာဗဟု သုတပွားများရန် ဖတ်တာကိုကော စာဖတ်တတ်သည်”ဟု ခေါ်နိုင်ပါမည်လားဟု ယင်းစာဖတ်ဝိုင်းမှာ အမေးစကားရှိပါသည်။

လူတော်တော်များများသည် စာကိုအပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကို ပညာ ဗဟုသုတ ပွားများရန်ဖတ်ခြင်းကပင် စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါ မှ စာဖတ်ရကျိုး နပ်ပေမည်။ ထိုစာမျိုးကို ဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင် စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။

Saturday, April 19, 2014

ခိုင်မြဲတဲ့မေတ္တာ


တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သတိမမေ့ရင်
အမှန်အကန် ထိတွေ့နေတာပါပဲ။
အပြင်မှာ တွေ့နေဖို့ထက်
ရင်မှာ ထိတွေ့နေဖို့က ပိုအရေးကြီးပါတယ်။
ခိုင်မြဲတဲ့ မေတ္တာဓာတ်ကသာ လူတစ်ယောက်နဲ့တစ်ယောက်ကို
အမှန်တကယ် နီးကပ်စေတာပါ။

                                                                                          အရှင်ဆန္ဒာဓိက 

Friday, April 18, 2014

အသားစားသတ္တ၀ါတို့၏ အင်္ဂါ၉-ချက်



အသားများစားပြီး အသက်ရှင်ရမည့် သတ္တ၀ါများကို သဘ၀တရားကဖော်ပြပါ အချက်ကိုးချက်ကို ဖန်တီးထည့်
သွင်းပေးလိုက်သည်။
၁။ မွေးမွေချင်း မျက်စိမပွင့်ခြင်း၊
၂။ သူတစ်ပါးကို ဖမ်းယူနိုင်ဖို့ ချွန်ထက်ကောက်ကွေးသော လက်သည်းခြေသည်းများရရှိခြင်း၊
၃။ ချွန်ထက်သော ကွေးသော သွားအစွယ်ရှိခြင်း၊
၎။ ခံတွင်း၌ သွားရည် အနည်းငယ်သာ ရှိရခြင်း၊
၅။ ရေကို စုပ်၍ မသောက်၊ လျှာဖြင့် လျက်၍သောက်ခြင်း၊
၆။ မည်မျှ  ပူအိုက်သည်ဖြစ်စေ၊ ချွေးမထွက်ခြင်း၊
၇။ အသားစားသတ္တ၀ါ၏ အူမသည် ခံတွင်းမှဒွါရထိသာရှိ၍  တိုလွန်းခြင်း၊
၈။ တစ်ဖက်သားကို သနားကြင်နာစိတ် မရှိခြင်း၊
၉။ ကာယဗလ၊ ဉာဏဗလနည်းပါးခြင်း တို့ဖြစ်သည်။


Wednesday, April 16, 2014

သတင်းစာပညာ

သတင်းစာပညာသည် ဖြစ်ပျက်နေသောအကြောင်းအရာများကို စုံစမ်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်း၊ ထုတ်ပြန် ခြင်းနှင့်ကျယ်ပြန့်သော ပရိသတ်အတွင်းသို့ စီးဝင်ရောက်ရှိစေခြင်း တို့ဖြစ်ပါသည်။ သတင်းစာ ပညာတွင် ကွဲလွဲသော အကြောင်းအရာများ များစွာရှိသော်လည်း ရည်ရွယ်သည်မှာ ပြည်သူ တစ်ရပ်လုံးအား သတင်းအချက်များပေးပို့ခြင်းပင် ဖြစ်ပါသည်။

 ထို့အပြင်လျှို့ဝှက်သောအဖွဲ့အစည်း နှင့် အစိုးရကဲ့သို့သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အနုပညာနှင့် ဖျော်ဖြေမှုကဲ့သို့သော ယဉ်ကျေးမှုရှုထောင့်မှ လူမှုရေးဆိုင်ရာတို့ကိုပါ လွှမ်းမိုးထားသည့် သတင်းစာပညာတို့ဖြစ် သည်။ ယင်းနယ်ပယ်တွင် တည်းဖြတ်ခြင်း၊ ဓါတ်ပုံသတင်းပညာ နှင့် မှတ်တမ်း မှတ်ရာအဖြစ် တင်ပြခြင်းများတို့ ပါဝင်ပါသည်။

Tuesday, April 08, 2014

စာရေးချင်တယ်ဆိုတဲ့ မြေးလေးဆီသို့


အဘွားဆီကို မြေးမလေးတစ်ယောက်က စာရေးလာပါတယ်။ သူ့စာက အဘွားရယ် အဘွားစာရေးလာ တာကြာလှပြီဆို။ ဘာတွေရေးတာလဲ။ ကျမလည်း အဘွားလို စာရေးတတ်ချင်ပါတယ်။ စာရေးဆရာ တစ်ယောက် ဖြစ် ချင်ပါတယ်။ကျမကို သင်ကြားပေးပါလားရှင်တဲ့။

      ဒီမိန်းကလေးလို အမေ့ဆီစာရေးသူတွေက တစ်ယောက်မကဘူး။ တော်တော်များပြီ။ လူငယ်တွေ စာရေးချင်စိတ်ပေါက်ကြတာ ဝမ်းသာစရာကောင်းပါတယ်။ အမေတို့ငယ်ငယ်တုန်းကနဲ့ မတူဘူး။ အခုခေတ် မှာ ရေးစရာအကြောင်းအရာတွေကလည်း အများကြီး။ ရေးစရာနေရာတွေလည်း အများကြီး ရှိလာတယ်။ စာရေးကြတဲ့

ကလောင်သစ်တွေလည်း အများကြီးပေါ်လာတယ်။ ဒါဟာ တို့လူတွေအတွက် ကောင်းတဲ့လက္ခဏာပေါ့။ အမေ့ကို အဲဒီမိန်းကလေးလို မေးလာမယ်ဆိုရင်တော့ အမေက ကိုယ့်မြေးကလေးတစ်ယောက်လို ရင်း ရင်းနှီးနှီးပဲ ဖြေချင်တယ်။

Monday, April 07, 2014

စစ်ဦးဘီလူး ယက္ခဗျူဟာ အိုဘယ့်ကျမ်းလာ

 


(ရေးသားရခြင်း ရည်ရွယ်ချက်။ ။စစ်ဦးဘီလူး ယက္ခဗျူဟာစာအသုံး ဘလော့ဂါတစ်ယောက် သုံးသည်ကို သတိထားမိသဖြင့် ယင်းအသုံးနှင့် ပတ်သတ်ပြီး အကျယ်အားဖော်ပြပါက နှောင်းလူတို့ အကျိုးများမည်ဟု ယူဆမိ သည့်အတွက် တတ်အားသမျှ ကြိုးစားတင်ပြလိုက်ရသည်။အမှားရှိပါက ပညာရှင်များ ပြုပြင် သုတ်သင်ဝေဖန်နိုင်ပါသည်)


စစ်ဦးဘီလူး ယက္ခဗျူဟာတွင် ပါရှိသည့် စစ်ဦးဆိုသည်မှာ စစ်ဖျား၊စစ်လျင် ဟုလည်း ခေါ်ဆိုပြီး “စစ်ဦးခေါင်း” ဟူ၍လည်း ဝိဂြိဟ်ပြုကြသေးသည်။ဗိုလ်ချုပ်(ဖခင်အောင်ဆန်း)က စစ်ဦးခေါင်းနှင့်ပတ်သတ်ပြီး

“စစ်ဦးခေါင်း(သို့ )စစ်ဖျားစစ်လျင်မှာ ကင်းထောက်ရှေ့ပြေးတပ် သဖွယ် ပင်ဖြစ် သည်။ယခုအခါတွင် ထိုစစ် လျင်စစ်ဖျားနေရာကို လေတပ်ဖြင့် လည်းကောင်း၊ယန္တယား Tank အပေါ့စားတပ်ဖြင့် လည်းကောင်း   စေလွှတ်ပေ မည်။သို့သော် သဘောမှာ အတူတူအလိုပင်ဖြစ်ပေသည်”ဟု ဗိုလ်ချုပ်၏ သေနင်္ဂဗျူဟာကျမ်း ဥယောဇဉ်တွင် ဖော်ပြထားသည်။