အသားများစားပြီး အသက်ရှင်ရမည့် သတ္တ၀ါများကို သဘ၀တရားကဖော်ပြပါ အချက်ကိုးချက်ကို ဖန်တီးထည့်
သွင်းပေးလိုက်သည်။
၁။ မွေးမွေချင်း မျက်စိမပွင့်ခြင်း၊
၂။ သူတစ်ပါးကို ဖမ်းယူနိုင်ဖို့ ချွန်ထက်ကောက်ကွေးသော လက်သည်းခြေသည်းများရရှိခြင်း၊
၃။ ချွန်ထက်သော ကွေးသော သွားအစွယ်ရှိခြင်း၊
၎။ ခံတွင်း၌ သွားရည် အနည်းငယ်သာ ရှိရခြင်း၊
၅။ ရေကို စုပ်၍ မသောက်၊ လျှာဖြင့် လျက်၍သောက်ခြင်း၊
၆။ မည်မျှ ပူအိုက်သည်ဖြစ်စေ၊ ချွေးမထွက်ခြင်း၊
၇။ အသားစားသတ္တ၀ါ၏ အူမသည် ခံတွင်းမှဒွါရထိသာရှိ၍ တိုလွန်းခြင်း၊
၈။ တစ်ဖက်သားကို သနားကြင်နာစိတ် မရှိခြင်း၊
၉။ ကာယဗလ၊ ဉာဏဗလနည်းပါးခြင်း တို့ဖြစ်သည်။
ကျား၊ ကြောင်စသောသတ္တ၀ါများ၏ ခန္ဓာကိုယ်၌ ခြေသည်း လက်သည်းရှည်များ အစွယ်များသည် သားကောင်များကိုဖမ်းယူရန် သဘာဝတရားက ဖန်တီးပေးလိုက်ခြင်းဖြစ်။ နံပါတ်(၇)အင်္ဂါ၌ အူတိုပေးရသည်
မှာ အသားသည် ပုပ်လွယ်၏။ အူထဲတွင် ကြာကြာနေလျှင် ရောဂါဖြစ်သည်။
အူတိုတိုဖြင့် မြန်မြန်စွန့်ပစ်သည့်ကြားကပင် တစ်ခါတစ်ရံ စားထားသောအသားများသည် ဗိုက်ထဲတွင်
အချိန်အနည်းငယ် ပိုကြာသွားသည်နှင့် အဆိပ်ဖြစ်သွားသောကြောင့် ကြောင်များ၊ ကျားများ၊ ခွေးများသည်
မြက်ကိုစားပြီး အန်ထုတ်ကြရသည်။
ဖော်ပြပါ အင်္ဂါကိုးချက်၏ ဆန့်ကျင်ဘက်များသည် မြေပေါက်စား၊ အသီးအနှံစား သတ္တ၀ါများ၏
အင်္ဂါဖြစ်လာသည်။