Wednesday, November 20, 2013

နှုတ်ခမ်းသားတွေမည်းနေလို့ စိတ်မညစ်စေလို

 

နှုတ်ခမ်းတစ်စုံရဲ့လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင်၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့်
အဝတ်အစားအရောင်နဲ့ အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကိုထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင်
နှုတ်ခမ်းဆိုးဆေးအကူအညီသုံးပြီးလှပနေပါစေ မိမိရဲ့နှုတ်ခမ်းသားအ ရောင်ကိုပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေးတိုင်းရဲ့ဆန္ဒပါ။အမျိုးသားတွေလဲ ထို့အတူပါဘဲ နှုတ်ခမ်းမည်း မည်းကြီး မဖြစ်ချင်ကြပါဘူး။

အချို့ အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေမည်းလာတတ်ကြပါတယ်၊ အကြောင်းရင်းကတော့ ကော်ဖီ-လ္ဘက်ရည်-ဆေးလိပ်လွန်စွာသောက်သုံးခြင်းကြောင့်ကဖိန်းဓာတ် ရဲ ့ဘေးထွက် ဆိုးကျိုးများ၊နေပူထဲအထွက်များ၍ နေ လောင်ခြင်း၊ ရေနွေး၊ ဟင်းချို ...စတဲ့ အရည်ပူပူတွေကိုခွက်ပူပူထဲကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုးဆေးအန္တရာယ၊်   ရောဂါတစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့တန်ပြန်သက်ရောက်မှု… စတာတွေကြောင့် နှုတ်ခမ်း သားကို မည်းလာစေပါတယ်။

What is good leadership skills ?


ခေါင်းဆောင်ဆိုတာ မွေးရာပါစွမ်းရည်သတ္တိထူးများ၏ အထောက်အပံ့များကြောင့် (ဘုရင်သား ဘုရင်ဖြစ်သလိုပေါ့) ခေါင်းဆောင်ဖြစ်လာသလို၊ သင်ယူလေ့ကျင့်မှုများကရတဲ့ စွမ်းရည်များ ကြောင့်လည်း( အေဘရာဟင်လင်ကွန်းလိုမျိုး) ခေါင်းဆောင်ကောင်းဖြစ်လာခွင့်ရှိတယ်။  ခေါင်း
ဆောင်ကောင်းဖြစ်လာနိုင်တယ်။ မြန်မာတို့၏ သမရိုးကျအမြင်ဖြစ်တဲ့ *မှတပါး အခြားမရှိတော့ပြီ* ဆိုတဲ့ ဆီနီယာတွေကို မှီခိုကိုးစားလိုစိတ်နှင့် မိမိကိုယ်ကို ခေါင်းဆောင်ဖြစ်ရန် ယုံကြည်စိတ်၊ ကြိုးစားလိုစိတ် မဲ့နေခြင်းက နိုင်ငံမှာ စွမ်းရည်မြင့်လူငယ်များ ရှားပါးနေခြင်းနှင့် တိုးတက်မှုနှေးကွေးနေမှုများ၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်နေတယ်။ 
 

Tuesday, November 19, 2013

နိုင်ငံခြားသားအလုပ်သမားများ အမှုအတွက် တိုင်ချက်ဖွင့်ပုံ



မုဒိန်းကျင့်ခြင်းခံရသူ၊ ခြိမ်းခြောက်ခြင်းခံရသူ၊ ပစ္စည်းလုယက်ခြင်းခံရသူ၊ ညှဉ်းပမ်းနှိပ်စက် ခြင်းခံရသူ၊ အစိုးရဝန်ထမ်းဖြစ်သူ၏ အတင်းအဓမ္မငွေညှစ်ခြင်းခံရသူများသည် အောက်တွင် ဖေါ်ပြ ထားသည့်   နေရာများတွင် သွားရောက်၍ တိုင်တန်း နိုင်ပါသည်။

၁။ နစ်နာသူသည် ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်တိုင်ကြားနိုင်သည်။ တာဝန်ရှိသူမှ အမှု၏ သက်သေခံ အထောက် အထားများကို ရှာဖွေ၍ ပြစ်ဒဏ်ချမှတ်နိုင်ရန် တရားရုံးသို့ တိုင် ကြားမည်ဖြစ်သည်။

၂။ သို့မဟုတ်ပါက ရှေ့နေအားဆက်သွယ်၍ တရားရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်သည်။

အခြေခံသိမှတ်ဖွယ်ရာ လူ့အခွင့်အရေးအဓိပ္ပာယ်ဖွင့်ဆိုချက်များ


လူ့အခွင့်အရေးဆိုသည်မှာ အဘယ်နည်း။
လူ့အခွင့်အရေးဆိုသည်မှာ လူသားတဦး၏ အခြေခံရပိုင်ခွင့်များဖြစ်သည့် လူသားတဦးအ ဖြစ် ဂုဏ်သရေရှိ စွာ ရပ်တည်နိုင်မှု၊ လွတ်လပ်စွာ နေထိုင်ပြောဆိုနိုင်မှု၊ လူသားခြင်း အခွင့် အရေးတန်းတူရနိုင်မှု၊ တန်းတူ ညီမျှစွာ အကာအကွယ်ပေးမှုစသည် တို့ဖြစ်သည်ဟု ၁၉၄၈ ခုနှစ်တွင် ရေးဆွဲပြဌာန်းထားသည့် ကမ္ဘာ လုံးဆိုင်ရာ လူ့အခွင့်အရေး သဘောတူညီချက်စာ တမ်း ဖေါ်ပြထားသည်။

လူသားတဦးအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်မှုဆိုသည်မှာ လူသားတိုင်းကို လူတဦးအ ဖြစ် အသိ အမှတ်ပြုရန်ဖြစ်သည်။ မွေးဖွားသည့်ဒေသ၊ လူမျိုး၊ ဘာသာစကား၊ လိင်၊အသက်၊ အရပ်အနိမ့်အမြင့်၊ ကျန်းမာရေးကောင်းမှု/ မကောင်းမှု၊ လူတဦး၏ ပတ်ဝန်းကျင်တွင် သက် ရောက်သည့် သြဇာအာဏာ၊ ပစ္စည်း ပိုင်ဆိုင်မှု၊ ကိုးကွယ်သည့်ဘာသာ၊ ပညာအရည်အခြင်း၊ နိုင်ငံရေးနှင့်ပတ်သက်သည့် အယူအဆ မတူညီခြင်း စသည့် အချက်များသည် အကျိုးသက် ရောက်စေခြင်း မရှိရပါ။

ပညာရဲရင့် ပွင့်လယ်တင့်ခဲ့သူ (သို့) ဖိနှိပ်ခံတ့ို၏ ဂုဏ်ယူဖွယ်ရာ အမျိုးသမီး



၁၉၈၉-၉၀ ခုနှစ် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံအခြေအနေသည် ရှုတ်ထွေး ပွေလီလှသော ကာလပင် ဖြစ်သည် ဟု ပြောရပေလိမ့်မည်။ အမေရိကန်နှင့် နိုင်ငံတကာ ပညာရှင် အသိုင်းအဝိုင်းကြားတွင် လူသိများခဲ့သူ ၂၀ ရာစု ကုန်ခါနီး အရှေ့နှင့် အနောက်တို့၏ သံကန့်လန့်ကာအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည့် ဘာလင် တံတိုင်း ပြိုကျလုအချိန်၊  ညူကလီးယားလက်နက် နိုင်ငံတော်ကြီး ပြိုကွဲမှုကို စနစ်တကျ ပုံဖေါ်ဆောင်ရွက် ခဲ့သူ၊ ပုရိသတို့သာ အစဉ်တစိုက် ရယူထားခဲ့သော အမေရိကန် သမ္မတ၏ အမျိုးသားလုံခြုံရေးကိစ္စရပ်များ၊ ကမ္ဘာ့ရေးရာ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းရင်း အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ လူမဲအမျိုးသမီး   ကွန်ဒိုလီဇာရိုက်စ်ပင်ဖြစ်သည်။

အမေရိကန်နိုင်ငံကဲ့သို့ ပညာရှင် အကျော်အမော် များပြားလှသော နိုင်ငံတွင် လူမဲ အမျိုးသမီးအနေဖြင့် အမေရိကန် နိုင်ငံ၏ ထိပ်တန်းနေရာ တခုကို မည်ကဲ့သို့ ရရှိခဲ့သည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

ခေါင်းဆောင်ကောင်းနှင့် စီမံခန့်ခွဲမှုပညာ

ခေါင်းဆောင်မှု (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် နယ်ပယ်အသီးသီးတို့၌ အစဉ်အမြဲ ဒွန်တွဲလျှက် ရှိကြ၏။ ခေါင်းဆောင်မှု စီမံခန့်ခွဲမှုဟု ဆိုလိုက်လျှင် လူတော်တော် များများ သည် ခေါင်းဆောင်လုပ်မည့် သူများအတွက်သာဟု တထစ်ချ ထင်မြင်ယူဆကြ၏။

၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီး၌ ခေါင်းဆောင်မှုပညာ (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် သာသနဝန်ထမ်းရော လူဝတ်ကြောင်များပါမကျန် ကျား-မ မရွေး လူမျိုးမရွေး ဘာသာဝင်မရွေး အများသူငါ အားလုံးတတ်သင့်တတ်ထိုက်သည့် ပညာရပ်များပင်ဖြစ်၏။

အထူးသဖြင့် ယနေ့ခေတ်ကြီး၌ သာသနဝန်ထမ်း ရှင်ရဟန်းတို့သည်လည်း မိမိတို့ဦးဆောင်ရမည့် အခန်းကဏ္ဍ သာသနာရေးရာတို့၌ သာသနာပြုလုပ်ငန်းဆောင်တာများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လာနိုင်စေ ရန် ဤခေါင်းဆောင်မှု စီမံခန့်ခွဲမှုပညာသည် အထူးပင်လိုအပ်လှပေ၏။

Tuesday, November 12, 2013

Acer ကို တည်ထောင်သူ စတန်ရှီးနှင့် ခေါင်းဆောင်မှုအကြောင်း စကားစမြည်


တရုတ်(တိုင်ပေ) အခြေစိုက် Acer ကုမ္ပဏီဟာ ယခုအခါ Dell ကုမ္ပဏီကို ကျော်လွန်ကာ ကမ္ဘာ့ဒုတိယ အကြီး ဆုံး PC ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်လာနေပြီလို့ ဈေးကွက်ကျွမ်းကျင် သူတွေဆိုကြပါတယ်။

ဒါဟာ အလွန်အံ့သြစရာပါပဲ။ ဘာကြောင့်လဲဆိုတော့  လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကတော့ Acer ဟာ ကမ္ဘာ့ထိပ်တန်း PC ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးများစာရင်းမှာ ထိပ်တန်း ၁၀ စာရင်းတောင် မဝင်ခဲ့လို့ပါ။

ဒါကြောင့် နာမည်ကြီးဆောင်းပါးရှင် တစ်ဦးဖြစ်တဲ့ ဂျော်ဖရီဂျိမ်းစ်က Acer ဟာ ယခုလိုပိုအောင်မြင်လာ ရခြင်း မှာ Dell ထက်ပိုကောင်းတဲ့ “ရောင်းချရေးဓလေ့ Sales Culture ” ပိုင်းမှာ သာလွန်လို့ပဲ ဖြစ်ရ မယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ဂျော်ဖရီဂျိမ်းစ်ဟာ Acer ရဲ့တည် ထောင်သူ စတန်ရှီးကို သူအနားမယူခင် ကာလတွေမှာပဲ တွေ့ဆုံအင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဂျော်ဖရီဂျိမ်းစ်က စတန်ရှီးဟာ Acer မှာ လျင်မြန်အားကောင်းတဲ့ ပူးပေါင်းဆက်ဆံရေးဓလေ့ကို ဖန်တီးပေးခဲ့သူလို့ဆိုပါတယ်။ ဒါ့အပြင် စတန်ရှီးဟာ hi-tech နည်းပညာလောကရဲ့ တန်ဖိုးတွေကို အာရှစီးပွားရေးလုပ်ငန်းတွေနဲ့ အချိုးညီညီ ပေါင်းစပ်ထားခဲ့ တာကိုလည်း သူကကောက်ချက်ချခဲ့ပါတယ်။