လူ့အခွင့်အရေးဆိုသည်မှာ အဘယ်နည်း။
လူ့အခွင့်အရေးဆိုသည်မှာ လူသားတဦး၏ အခြေခံရပိုင်ခွင့်များဖြစ်သည့် လူသားတဦးအ ဖြစ် ဂုဏ်သရေရှိ စွာ ရပ်တည်နိုင်မှု၊ လွတ်လပ်စွာ နေထိုင်ပြောဆိုနိုင်မှု၊ လူသားခြင်း အခွင့် အရေးတန်းတူရနိုင်မှု၊ တန်းတူ ညီမျှစွာ အကာအကွယ်ပေးမှုစသည် တို့ဖြစ်သည်ဟု ၁၉၄၈ ခုနှစ်တွင် ရေးဆွဲပြဌာန်းထားသည့် ကမ္ဘာ လုံးဆိုင်ရာ လူ့အခွင့်အရေး သဘောတူညီချက်စာ တမ်း ဖေါ်ပြထားသည်။
လူသားတဦးအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်မှုဆိုသည်မှာ လူသားတိုင်းကို လူတဦးအ ဖြစ် အသိ အမှတ်ပြုရန်ဖြစ်သည်။ မွေးဖွားသည့်ဒေသ၊ လူမျိုး၊ ဘာသာစကား၊ လိင်၊အသက်၊ အရပ်အနိမ့်အမြင့်၊ ကျန်းမာရေးကောင်းမှု/ မကောင်းမှု၊ လူတဦး၏ ပတ်ဝန်းကျင်တွင် သက် ရောက်သည့် သြဇာအာဏာ၊ ပစ္စည်း ပိုင်ဆိုင်မှု၊ ကိုးကွယ်သည့်ဘာသာ၊ ပညာအရည်အခြင်း၊ နိုင်ငံရေးနှင့်ပတ်သက်သည့် အယူအဆ မတူညီခြင်း စသည့် အချက်များသည် အကျိုးသက် ရောက်စေခြင်း မရှိရပါ။
လူတဦးခြင်းစီ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အိမ်ယာအဆောက်အဦး၊ အဝတ်အထည်၊အစား အစာ ဆေးဝါးများ၊ ကျန်းမာရေးအတွက် ဆေးကုသခွင့်၊ လူသားတဦး၏ နေ့တဓူ၀ ဖြတ်သန်းမှု၊ လွတ်လပ်စွာ နိုင်ငံရေးအမြင်သဘောထား ကွဲလွဲပိုင်ခွင့် စသည်တို့ သည် လူသားတိုင်း အခွင့်အရေးတန်း တူညီမျှ သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်။
- လူသားတဦးအဖြစ် နေ့တဓူ၀ ဘဝဖြတ်သန်းမှုများကို လွတ်လပ်စွာ ဖြတ်သန်းနိုင်သည်။
- ဘဝ၏ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်ထွန်းစေမည့် ပညာသင်ကြားမှုကိုလည်း လူအများနည်းတူ လွတ်လပ်စွာသင်ကြားနိုင်သည်။
- လူတဦးနှင့်တဦး အခြေအနေ ကွဲပြားခြားနားမှုကို အခွင့်အကောင်းယူ၍ အတင်းအကြပ် ရွေးချယ် ခိုင်းခြင်း ပြု၍ မရပါ။
လွတ်လပ်စွာ စုရုံးခွင့်
လူအများနှင့် စုရုံး၍ မိမိ၏ သဘောထားအမြင်ကို တင်ပြနိုင်သည်။ ဆုံးဖြတ်နိုင်သည်။
အခြားသောအခွင့်အရေးများ
• မိမိ၏ အမည်နာမကို လွတ်လပ်စွာ မှည့်ဆိုနိုင်သည်။
• လူတဦးချင်းစီ၏ လွတ်လပ်စွာ ရပ်တည်နိုင်မှု၊ မိသားစု၊ အိမ်တို့နှင့် ဆက်သွယ်ရာတွင် သတင်းအချက်များကို လွတ်လပ်စွာ ပို့ဆောင်နိုင်သည်။ လဲလှယ်နိုင်သည်။
• လူတိုင်းသည် ညှဉ်းပမ်းနှိပ်စက်မှုမှ လွတ်ကင်းစေရမည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၇ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲထားသော ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လူတဦးခြင်းစီ၏ အခွင့်အရေးကို အောက်တွင် ဖေါ်ပြထားသည့် ဥပဒေများဖြင့် အကာအ ကွယ်ပေးထားသည်။
အပိုဒ် (၄) - လူသားတဦးအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်ခွင့်၊ လူသားတိုင်းအခွင့်အရေး တန်းတူညီမျှ ရပိုင်ခွင့်နှင့် လူတဦးချင်းစီ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမည်။
အပိုဒ် (၂၆) - အစိုးရလက်အောက်ခံအဖွဲ့အစည်းများအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖေါ်ပြ ထားသည့် လူသားတဦး အဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်ခွင့်၊ လူသားတိုင်း အခွင့်အရေး တန်းတူညီမျှ ရပိုင်ခွင့်နှင့် လူတဦးချင်းစီ လွတ်လပ်ခွင့်ကို လေးစားလိုက်နာ၍ အာဏာကို အသုံးပြုရမည်။
အပိုဒ် (၂၈) - အပိုဒ်ခွဲ (၁) တွင် လူတဦးတယောက်၏ လုပ်ရပ်သည် အခြားသူများကို ထိ ခိုက်နစ်နာခြင်း မရှိလျှင်၊ တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်စေခြင်း မရှိလျှင် အခြားသူများ၏ ကိုယ်ကျင့် တရားကို ထိခိုက်စေမှု မရှိလျှင် ထိုသူ၏ လုပ်ရပ်ကို အတိုင်းအ တာ တခုအထိ ခွင့်ပြုသည်။
အပိုဒ် (၃၀) - ဥပဒေကြောင်းအရ တရားရင်ဆိုင်ရာတွင်လည်းကောင်း၊ အကာအကွယ်ပေး မှုဆိုင်ရာ တွင်လည်းကောင်း လူတိုင်း တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိသည်။ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးရှိသည်။
မွေးဖွားသည့် ဒေသ၊ လူမျိုး၊ ဘာသာစကား၊ လိင်၊အသက်၊ ကျန်းမာရေး၊ လူတဦး၏ ပတ်ဝန်းကျင်တွင် သက်ရောက်နေသည့် သြဇာအာဏာ၊ ပစ္စည်းပိုင်ဆိုင်မှု၊ ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်း ၊ နိုင်ငံရေး အယူအဆ မတူညီခြင်း စသည့် အချက်များကြောင့် လူတဦးနှင့် တဦးကြား ခွဲခြားဆက်ဆံခြင်း ပြု၍ မရပါ။
အပိုဒ် (၄၄) - လူတိုင်းသည်လက်နက်မပါဘဲ ငြိမ်းငြိမ်းချမ်းချမ်ဖြင့် မိမိ၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ပြ
သနိုင်သည်။
သနိုင်သည်။
အပိုဒ် (၄၅) - လူတိုင်းသည် လွတ်လပ်စွာ အသင်းအပင်း၊ သမဂ္ဂ၊ သမဝါယမ၊ စိုက်ပျိုးရေး အသင်း၊
အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အခြားသော အသင်းအပင်းများကို လွတ် လပ်စွာ ဖွဲ့စည်းနိုင်သည်။
အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အခြားသော အသင်းအပင်းများကို လွတ် လပ်စွာ ဖွဲ့စည်းနိုင်သည်။