Saturday, July 06, 2013

စာဖတ်နည်း




“ စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံ ဖြစ်သည်။ “ ထိုကဲ့သို့ အဆို ရှိကြပါတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏ သဘော ပါဝင်တယ်လို့ အဓိပ္ပာယ် ရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့  လက်ဆင့်ကမ်း ပညာအသိအရ စာဖတ်နည်းကို ဖော်ပြ လိုက်ပါတယ်။

Thursday, June 20, 2013

ကဆုန်လပြည့်နေ့တွင် မိဘခြေရာတောင်းယူလိုသူများအတွက်


မိဘခြေရာ ခံယူနည်း
မိဘခြေက္ခဏာ ခံယူပွဲသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ အလေ့အထ တစ်ခုဖြစ်၍ မြန်မာ မိသားစုတိုင်း ခံယူကျင့်သုံးသင့်ပါသည်။ ကျေးဇူးရှင် မင်းကွန်းဆရာတော် ဘုရားကြီးနှင့် ကုံလုံ ဆရာတော် ဘုရားကြီးတို့၏ မိဘခြေရာ တောင်းယူပူဇော်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ မိဘခြေရာ တောင်းယူသောနေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသော မွေးနေ့ (သို့မဟုတ်) မွေးရက်နှင့် မှတ်တမ်းအပ်သည့်နေများတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ 

Tuesday, February 12, 2013

မှတ်စရာလေးတွေ

whether or not you are satisfied
with yourself,people you have to meet,
the place where you are,
the situation you have got,
you have already started your life
( သင့် ကိုယ်သင်ဖြစ်စေသင်တွေ့ ရတဲ့ လူတွေကိုဖြစ်စေ
သင်ရောက်နေတဲ့ နေရာဒေသကိုဖြစ်စေ
သင်ရရှိနေတဲ့ အခြေအနေတစ်ခုကို ဖြစ်စေ
သင်သဘောကျ ကျေနပ်သည်ဖြစ်စေ
မကျေနပ်သည်ဖြစ်စေ သင်ဟာ
သင့် ရဲ့ ဘ၀ကိုစနှင့် နေပါပြီ )

Tuesday, January 22, 2013

ပညာရှိအစစ်နှင့်အတု



“ပဏ္ဍိတနဉ္စ သေ၀နာ” ဟုမင်္ဂလသုတ် ဟောကြာတော်မူသည့်အတိုင်း “ပဏ္ဍိတ” နှင့်ဆက်ဆံ ပေါင်းသင်းခြင်း သည် မင်္ဂလာတစ်ပါးဖြစ်သည်။ (၃၈) ဖြာမင်္ဂလာတရာတော်ထဲတွင် ပေါင်းသင်းဆက်ဆံ အပ်သော ပုဂ္ဂိုလ်တစ်ဦး အဖြစ် မင်္ဂလာတရားတော်စာရင်းထဲမှာထည့်သွင်းထားသော “ပဏ္ဍိတ” သည် ပေါင်းသင်းဆက်ဆံထိုက်သော ဆည်းကပ်သင့်သော ဂုဏ်အင်္ဂါများနှင့် ညီညွှတ်ပြည့်စုံဘို့လိုသည်။

“ပဏ္ဍိတ” ကို ပညာရှိဟူ၍ အနက် မြန်မာပြန်ဆိုထားသည်။ ပညာရှိ ဟူသော စကားလုံး၌ပါရှိသော ပညာသည် လောကီပညာ၊ လောကုတ္တရာပညာ နှစ်မျိုးလုံးနှင့်ပတ်သက်သည်။ လောကီပညာသည် လူ့လောက၌ အသုံးပြု သော စာပေကျမ်းဂန်များ၌ဖော်ပြထားသော အသိပညာရပ် အမျိုးမျိုး ဖြစ်သည်။ လောကုတ္တရာ ပညာမှမူ ဓမ္မ ကျမ်းဂန်များ၌ ဓမ္မနှင့် ပတ်သက်ပြီး လိုက်နာကျင့်သုံး ရန်ညွှန်ကြားပြောပြ ထားသော အသိပညာဖြစ်သည်။

Monday, January 21, 2013

အောင်လိုသူအတွက်စည်းကမ်း



အောင်လိုသူမှန်သမျှ နည်းလမ်းသည်အရေးကြီးသကဲ့သို့ စည်းကမ်းသည်လည်း အရေးအလွန်ကြီး၏။
လူ့လောကတွင် စည်းကမ်းဥပဒေ စသည်တို့ကိုကျယ်ပြန့် များပြားစွာ သတ်မှတ်ထားရ၏။
အောင်လိုသူသည် စည်းကမ်းဟူသမျှကို လိုက်နာကျင့်သုံးသူဖြစ်ရ၏။
စည်းကမ်းဆိုသည်မှာ မလွဲမသွေ လိုအပ်သောကြောင့် ပေါ်ပေါက်လာရသော ချုပ်ချယ်မှုဖြစ်၏။
လူသည် မိမိတစ်ဦးတည်း မနေနိုင်သောကြောင့် အများနှင့်ငြိမ်းချမ်းစွာ ပူးပေါင်းနေနိုင်ရေးအတွက် ပေါ်ပေါက်လာရသော လိုလားအပ်သည့် ချုပ်ချယ်မှုများဖြစ်သည်။

အသိပေးစကားစုများ



၁ ။ အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို အားသာချက်ကြောင့် လည်း အထင်ကြီးတတ်တယ်၊ တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှမကောင်း ဘူး။

၂ ။ သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်။ လူတိုင်းရဲ့တစ်မျိုးစီအလှကိုမြင်တတ်ရင် ဘယ်လောက် သာယာလိုက်မလဲလို့။

၃ ။ ခွင့်လွှတ်နိုင်ဖို့အကြောင်းပြချက်ရှာနေတတ်တယ်၊ သည်းခံနိုင်ဖို့မျိုသိပ် မှုကို မွေးယူရတယ်။ နားလည်နိုင်ပြီဆိုရင် ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှုပွင့်လင်း တဲ့သည်းခံမှုတွေ ဖြစ်နေပါပြီ။

ဂဏန်းမျိုး

ပင်လယ်ကမ်းစပ်မှာ လူတစ်ယောက် ဂဏန်းတွေ လိုက်ကောက်နေတယ်။ ကောက်သမျှဂဏန်းကောင်တွေ ကို ပလိုင်းတစ်ခုထဲ ထည့်ထည့် ယူတယ်။ ဒါပေမယ့် အဲ့ ပလိုင်းမှာ အဖုံး အပိတ် မပါဘူး။ဖွင့်ရက်သားကြီးပဲ။

 ဒါကို လမ်းသွားရင်း လူငယ်တစ်ယောက် က တွေ့တော့ မေးတယ်။
"အကိုကြီး၊ ခင်ဗျား ဟာ က - ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား"

 ဂဏန်းကောက်သူ က ပြန်ဖြေတယ်...