Monday, January 21, 2013

အသိပေးစကားစုများ



၁ ။ အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို အားသာချက်ကြောင့် လည်း အထင်ကြီးတတ်တယ်၊ တစ်ဖက်စွန်းရောက်ရင် ဘယ်ဟာမှမကောင်း ဘူး။

၂ ။ သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်။ လူတိုင်းရဲ့တစ်မျိုးစီအလှကိုမြင်တတ်ရင် ဘယ်လောက် သာယာလိုက်မလဲလို့။

၃ ။ ခွင့်လွှတ်နိုင်ဖို့အကြောင်းပြချက်ရှာနေတတ်တယ်၊ သည်းခံနိုင်ဖို့မျိုသိပ် မှုကို မွေးယူရတယ်။ နားလည်နိုင်ပြီဆိုရင် ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှုပွင့်လင်း တဲ့သည်းခံမှုတွေ ဖြစ်နေပါပြီ။


၄ ။ မကောင်းတာကိုကြောက်ပြီး မကောင်းလုပ်သူကို သနားလိုက်စမ်းပါ၊ မကောင်းတဲ့သူကို စိတ်ဆိုး လိုက်တာနဲ့ကိုယ်ပါ သနားစရာသတ္တဝါစာရင်းဝင် သွားပြီ။

၅ ။ ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့အတူ ထွက်ပေါ်လာတဲ့ “ တောင်းပန်ပါတယ် “ ဆိုတဲ့စကားကို လွယ်လွယ်မသုံးမိအောင် သတိထားပါ။

၆ ။ ငယ်တုန်းက ထမင်းကို ဝါးပြီး ခွံ့ခဲ့တာကောင်းပေမယ့် ကြီးလာတဲ့အခါ အံဖတ်တွေထင်တတ်တယ်။

၇ ။ ကဲ့ရဲ့စရာတွေ့ရင်ပါးစပ်ကိုတတွတ်တွတ်နဲ့အမြဲဖွင့်တတ်ပေမယ့်ချီးမွမ်း စရာကြုံရင် သော့ခတ်ပြီး အသေပိတ်ထားတတ်တယ်။

၈ ။ သူများတွေ ဖတ်ချင်သလို ဖတ်ကြပါစေ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ က ကောင်းဖို့လိုတယ်။ သူတို့အကြိုက်လိုက်ပြီး မရေးနဲ့။

၉ ။ သူတစ်ပါးလဲနေလို့ထူပေးတာဟာ ကောင်းတဲ့စိတ်ပါ၊ ကိုယ်ချော်လဲနေ တာကိုလည်း ရပ်နိုင်အောင် အရင်အားမွေးပါဦး။

၁၀။ ပုံနှိပ်စာအုပ်၊ လောကစာအုပ်၊ စိတ်စာအုပ် သုံးမျိုးရှိတယ်။ စိတ်ကိုဖတ် တတ်ဖို့တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။

၁၁။ “ ကိုယ့်ကိုသာအချစ်ဆုံးပါပဲ။ “ ဒီစကားကိုမယုံရင် တစ်လောကလုံး ရဲ့အလိမ် အညာတွေကိုခံနေရပြီ မှတ်။

၁၂။ အသိပေးဆုံးမပေးမည့်သူကို ရှာသင့်ပေမယ့် ကိုယ့်စကားနားထောင် မည့်သူကိုပဲ ရှာနေကြတယ်။

၁၃။ အပြစ်ကိုကဲ့ရဲ့တာနဲ့လူကိုကဲ့ရဲ့တာ၊ ခွဲခွဲခြားခြားသိတတ်ကြရင် ကဲ့ရဲ့မှု ကလွတ်မယ်။

၁၄။ လျှာကို သွားက ကိုက်မိတတ်တယ်၊ ဒါပေမယ့် ကိုယ့် လျှာကိုတော့ သူများရဲ့သွားကလာပြီးမကိုက် ပါဘူး။

၁၅။ ကျွေးတာအကုန်စား ကိစ္စမရှိဘူး။ စေတနာကိုတော့ အကုန်မသုံးလိုက် ပါနဲ့။ ။

၁၆။ “ ကိုယ်ချင်းစာတယ် “ ဆိုတာ ကိုယ် လောဘ ဒေါသကြီးသလို သူ လည်း လောဘကြီး ဒေါသကြီးမှာ ပဲလို့ထင်တာမျိုးမဟုတ်ပါဘူူး။ တကယ် ကိုယ်ချင်းစာတတ်ရင် သူများချင်းလည်း စာနာတတ်လာတယ်။

၁၇။ မျက်စိစွေနေသူကို “ ကြည့်ရတာတော်တော်ခက်မှာပဲ “ လို့အထင် နဲ့တည့်အောင်လုပ်ပေးချင်လို့မရပါဘူး။သူဟာနဲ့သူတော့ အဆင်ပြေနေ တယ်ဆိုတာ သိလိုက်စမ်းပါ။

၁၈။ ရယူထားနိုင်ရင် အရသာရှိတယ်တဲ့၊ ပေးစွန့်လိုက်ရရင်လည်း အရသာ ရှိတာပါပဲ။ အရသာ ချင်းတော့မတူပါဘူး။

၁၉။ သူ့အတွက်ပါဆိုပြီး ငါ့ဖို့ပါတတ်တယ်။ ငါ့အတွက်ပါဆိုပြီး သူ့ဖို့ပါ တတ်တယ်။ ငါနဲ့သူမျှရဲ့လား။

၂၀။ အထင်သေးတတ်ရင် အားလုံးကို အထင်သေးတယ်။ အထင်ကြီးတတ် ရင်လည်း အားလုံးကိုအထင်ကြီးတယ်။

၂၁။ နင့်အတွက်သာ နင်ကြည့်တတ်သလို ငါလည်း ငါ့အတွက်သာကြည့် လိုက်ရင် …………?

၂၂။ အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို အားကိုးလို့ရနိုင် သလို ပြဿနာကြောင့်ရရှိလာတဲ့ အသိဉာဏ်ကိုလဲ အားကိုးနိုင်တယ်။

၂၃။ အများတကာရဲ့ရှေ့မှာထုတ်ပြောရဲတဲ့အတွေးကိုပဲ စဉ်းစားတော့မယ်။ ။

၂၄။ သိလျက်နဲ့ဆိုးနေတဲ့သူကို သိအောင်ထပ်ပြီး မပြောဝံ့တော့ဘူး။ အမှန်သိစမ်းပါ။

၂၅။ စကားပြောတတ်တာ ကောင်းပါတယ်။ စကားများတာ မကောင်းဘူး၊ စကားများရင် စကားများမယ်။

၂၆။ စိတ်ဆိုးတော့မယ်ဆိုရင် “ သူမ ကိုယ်မဟုတ်ပဲ “ ဆိုတာကို မမေ့ပါနဲ့။

 ဓမ္မဒူတ အရှင်ဆေကိန္ဒ