Monday, June 08, 2020

မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ယနေ့ဇွန်လ(၈)ရက်နေ့တွင် (၉၄၆)ဦး ဆက်လက်ဝင်ရောက်




မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ယနေ့ဇွန်လ (၈)ရက်နေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၉၄၆)ဦး ဆက်လက်ဝင်ရောက်ကြောင်း သိရပါသည်။ 




ယနေ့ပြန်လည်ဝင်ရောက်လာသော(၉၁၁)ဦးသည် ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ ဖြစ်ကြပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်များရယူကာ မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာသူများနှင့် မလေးရှားနယ်စပ် ထိုင်းနိုင်ငံတောင်ပိုင်း Immigration Detention Center (IDC)မှ လွှဲပြောင်းပေးသည့် ပြစ်ဒဏ်စေ့ကျခံပြီးဖြစ်သော (၃၅)ဦးအပါအဝင် အမျိုးသား(၅၇၉)ဦး အမျိုးသမီး(၃၆၇)ဦး စုစုပေါင် း(၉၄၆)ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရပါသည်။

#ဘားအံသတင်းဌာနခွဲ
#MRTV