Monday, May 04, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံခြားသားအလုပ်သမား ၁၈ဦးကို ထိုင်းတွင် ထပ်မံတွေ့ရှိ



ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တာဝီဆင်ဗီဆနူယိုသင်သည် ယနေ့ နံနက် ၁၁နာရီခွဲ အချိန်၌ ပြုလုပ်သည့်ကူးစက်ရောဂါအခြေနေသတင်းထုတ်ပြန်ချက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈ ဦး ထပ်မံတွေ့ရှိကြောင်းပြောကြားသည်။

ထို့တွေ့ရှိမှုသည် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှု ကျဆင်းလာသည့်အခြေနေမှ ပြန်လည်းမြှင့်တက်လာခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၈ဦးသည် ထိုင်းနိုင်ငံ တောင်ပိုင် ဆုန်ခလာခရိုင်ရှိ စဒေါင်မြို့နယ်ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနစောင့်ကြည့်ရေးစင်တာတွင်ထားရှိသည့်နိုင်ငံခြားသားအလုပ်သမားများထံမှတွေ့ရှိခြင်းဖြစ်ပြီး အသက် ၁၃နှစ်မှ ၂၂နှစ်ရွယ်ရှိ အမျိုးသမီး ၁၇နှင့်အသက် ၁၀နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ကြောင်းသိရသည်။

၎င်းနိုင်ငံခြားသားအလုပ်သမား၁၈ဦးသည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်း အသေးစိတ် သတင်းထုတ်ပြန်ခြင်းမရှိပါ။

ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၉၈၇ဦးရှိကာ ၂၇၄၀ဦးသည် ပြန်လည်းကျန်းမာလာခဲ့ကြောင်း၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၉၃ဦးရှိပြီး သေဆုံးသူ ၅၄ဦးရှိခဲ့ကြောင်း မစ္စတာ တာဝီဆင်ဗီဆနူယိုသင်က ဆက်လက်ပြောကြားသည်။

စောမောင်(အလုပ်သမားဟစ်တိုင်)