Sunday, May 03, 2020

ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ဦးတွေ့ရှိ



ထိုင်းကျန်းမာရေးန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ဦးသာ ထပ်မံတွေ့ရှိကြောင်းပြောကြားသည်။

အဆိုပါကူးစက်ခံရသည့် အတည်ပြုလူနာ ၃ဦးသည် ဘန်ကောက်မြို့နေ အသက် ၅၁နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး၊အသက် ၄၅နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီ ကျန်လူနာတစ်ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း နနာ့ထိဝခရိုင်မှ အသက် ၂၄နှစ်အရွယ် မလေးရှားနိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်းသိရသည်။


ယနေ့သတင်းထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းသည် ၂၉၆၉ဦးရှိခဲ့ပြီး ၊ ၂၇၃၉ဦးသည်  ပြန်လည်ကျန်းမာလာကာ၊ ၁၇၆ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၄ဦးအထိရှိခဲ့ကြောင်းသိရသည်။