Saturday, May 02, 2020

မြန်မာရေလုပ်သားများကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးပေး



ထိုင်းနိုင်ငံအနေဖြင့် ကိုရိုဗိုင်းရပ်စ်ဒုတိယအကြိမ်ထပ်မံ မကြုံတွေ့စေရန်အရှိန်ဟုန်မြှင့်လုပ်ဆောင်ချက်များအနက် မြန်မာအလုပ်သမားများစွာနေထိုင်အလုပ်လုပ်ကိုင်နေသည့် ဘန်ကောက်မြို့အနီးရှိ စမွတ်ဆာခွန်ခရိုင်တွင်ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းများကို ဒေသဆိုင်ရာအာဏာပိုင်များနှင့် ကျန်းမာ
ရေးအဖွဲ့စည်းများက နေ့စဉ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းများကို နယ်မြေအလိုက်ဆောင်ရွက်လျက်ရှိရာယနေ့(၂.၅.၂၀၂၀) နံနက် ၉နာရီအချိန်၌ စမွတ်ဆာခွန်ခရိုင်၏ ရေလုပ်ငန်းအဓိကနေရာဖြစ်သည့် စဖန်ပါလာ(ငါးတံတား)မှ မြန်မာအပါဝင်ရေလုပ်သားများကိုကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်းသိရသည်။








 စမွတ်ဆာခွန်ခရိုင် ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဌက ရေလုပ်သားများကိုရောဂါကြိုတင်ကာကွယ်ရန်စီးမံဆောင်ရွက်ထားရှိကြောင်း အကြောင်းကိစ္စမရှိပါက လှေလုပ်သားများအနေဖြင့် ကမ်းပေါ်မတတ်ကြရန်မှာထားကြောင်းပြောသည်။



စမွတ်ဆာခွန်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဧပြီလ ၂ရက်နေ့မှ
မေလ ၁ရက်နေ့အထိ ၅ရက်ကြာစစ်ဆေးရေးပြုလုပ်ခဲ့သော် ရောဂါကူးစက်ခံရသူ
ယနေ့အထိမတွေ့ရှိကြောင်းသိရသည်။


ယခုကဲ့သို့ ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်လိုက်လံစစ်ဆေးခြင်းမှာ အကယ်၍ ရောဂါခံစားရသူတွေ့ရှိပါက အချိန်မှီဆေးကုသခြင်းကြိုတင်ကာကွယ်ခြင်းများပြုလုပ်ရန်အတွက်ဖြစ်ကြောင်း၊ စမွတ်ဆာခွန်ခရိုင်တွင် တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်သမား၂၆၈၀၈၄ဦးရှိကြောင်းသိရသည်။


Photo Credit_ ตรงประเด็น ข่าว