Monday, June 03, 2019





Sunday, June 02, 2019

ထိုင်းနိုင်ငံ ကဘီၤမြို့ရှိ ဆန္ဒပြည့်ဝအဘယလာဘမုနိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲစည်းကားသိုက်မြိုက်စွာ ကျင်းပ




ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ စိုင်ထိုင်းရပ်ကွက်ချောင်းစမ်ကဲ့ယော့ တောရကျောင်းဝန်းအတွင်း၌ မြန်မာအလုပ်သမားများစုပေါင်း၍ တည်ထားပူဇော်သည့် ဉာဏ်တော် အတောင်(၃၀)နှင့် (၁)မိုက်ရှိ ဆန္ဒပြည့်ဝအဘယလာဘမုနိစေတီတော်မြတ်ကြီးအား ယနေ့(၂.၆.၂၀၁၉)ရက်နေ့၌ ထီးတော်တင်လှူခြင်း မင်္ဂလာအခမ်းအနားကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားသို့ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး၊ဦးကျော်စိုးဝေနှင့် အခြားဖိတ်ကြားထားသည့် ဌာနဆိုင်ရာဧည့်သည်တော်များ လူမှုအဖွဲ့စည်းများနှင့် မြန်မာအလုပ်သမားများတတ်ရောက်ကြသည်။

Saturday, May 18, 2019

မြန်မာအလုပ်သမားသုံးဦးကို သေနတ်တစ်လက်နဲ့အတူဖမ်းဆီးရမိ




ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ခလွန်လုံဝါမြို့နယ် ခလွန်စမ်လမ်းအတွင်းရှိ လူနေတန်းလျာတစ်ခု၌ မူးယစ်ဆေးဝါးသုံးနေသည့်  မြန်မာအလုပ်သမား(၃)ဦးကို လက်နက်များနဲ့အတူ ယမန်နေ့(၁၇.၅.၂၀၁၉)၌ ဖမ်းဆီးရမိကြောင်းထိုင်းရုပ်သံသတင်းဌာနဖြစ်သည့် နံပါတ်(၈)၏ဖော်ပြချက်ရသိရသည်။


ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများသည် အုပ်စုဖွဲ့မူးယစ်ဆေးဝါးသုံးစွဲပြီး ဆူညံနေသဖြင့် အနီးပတ်ဝန်း
ကျင်၌ နေသူများက မဆူညံရန်သွားရောက်ပြောဆိုရာတွင် သေနတ်ဖြစ်ပြန်လည်ခြိမ်းခြောက်သဖြင့်
သက်ဆိုင်ရာသို့ ဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။


Friday, May 17, 2019

ကုန်းတံတားပေါ် ဆိုင်ကယ်မောင်းနှင်လာသည့် မြန်မာနိုင်ငံသားနှစ်ဦး တံတားပေါ်မှပြုတ်ကျ



ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မီ(င်)နယ်မြေ နာခီရပ်ကွက် အုပ်စု(၃) ဝပ်စဒု(အိမ်ထောင်ပရိဘောဂအရောင်းကုမ္ပဏီ)အရှေ့ ဖတ်လမ်စောင်လမ်းမ မဟာချိုင်ပြန်ဝင်သည့် ကုန်းတံတားအကွေ့ ဆိုင်ကယ်မတော်တဆပြုတ်ကျမှုတစ်ခုသည် ယနေ့(၁၇.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန့်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။


Thursday, May 16, 2019

မြန်မာအလုပ်သမား အယောက်၁၀၀ ဖမ်းဆီးခံရ



ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်နယ်မြေ မဲဆောက်-မဲတောင်(ဝ်)လမ်းရှိ မြန်မာနိုင်ငံသားများနေထိုင်ရာ
နေအိမ်တို့ကို ယနေ့(၁၆.၅.၂၀၁၉) နံနက်(၆)နာရီအချိန်ခန့်၌ တာ့ခ်ခရိုင်လူဝင်မှူကြီးကြပ်ရေးဌာန ရဲဗိုလ်မှူးကြီး Mr.Manat Ratanaprathip ညွှန်ကြားချက်အရ လူဝင်မှူကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များ ၊နယ်မြေခံစစ်ဖက်ဆိုင်ရာအဖွဲ့ဝင်များနှင့် ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့ပါဝင်သည် ပူးပေါင်းအဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စစ်ရေးအဖွဲ့ဝင်များသည် မဲတောင်အိမ်ယာရှိ မြန်မာအလုပ်သမားများအား သက်သေခံစာရွက်စာတမ်းများမှန်ကုန်မှုရှိမရှိတို့ကိုစစ်ဆေးပြီး အထောက်ထားမှန်ကန်မှုရှိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

Wednesday, May 15, 2019

ပထုန်ဌာနီခရိုင်၌ ကိုယ်ပိုင်ဈေးရောင်းနေသည့် ဗီယက်နမ်နိုင်ငံသားများဖမ်းဆီးခံရ


 ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ခလွန်လုံဝါနယ်မြေရှိ အိမ်နံပါတ်မရှိ နေအိမ်တစ်ခုတွင်ဗီယက်နမ်အလုပ်သမားအဖွဲ့ တားမြစ်ထားသည့် ဈေးရောင်းလုပ်ငန်းလုပ်နေသည့်အဖွဲ့အား ယမန်နေ့က ပထုန်ဌာနီခရိုင် လုံခြုံရေးနှင့်စစ်ဆေးရေးဌာနချုပ် ဗိုလ်မှုးကြီးMr.Charat Drawnik ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေး ကျင်းပ



နေပြည်တော် မေ ၁၅

မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို မေ ၁၃ နှင့် ၁၄ ရက်တို့တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ကျင်းပသည်။



အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်

ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Petcharat Sinauy နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့သည်။