ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
ဝီရိယဆိုတာ
ဝီရိယဆိုတဲ့ ထကြွ နိုးကြားမှု၊ လုံ့လ ဥဿာဟ ရှိမှု၊ အမြဲတမ်း တက်ကြွ နေမှုဟာ လူငယ်မှာသာ ရှိရမှာ မဟုတ် ဘူး။ လူတိုင်းမှာ ရှိနေရမှာ ဖြစ်တယ်။ အောင်မြင်တဲ့ လူတိုင်းဟာ ဝီရိယအရာမှာ သာမန်ထက် သာလွန်နေ တတ်တယ်။ အချိန်မှန်တယ်၊ အချိန်တိကျတယ်။ ပျင်းရိခြင်း အကြောင်း ခြောက်ပါးမှ ကင်းလွတ် နေတတ် တယ်။ စောသည်၊ ဆာသည် ၊ ပြည့်အင့်သည်နှင့်။ ပူသည်၊ အေးသည်၊ မိုးချုပ်သည်နှင့်လို့ သဘာဝဖြစ်စဉ်ကို ယိုးမယ် မဖွဲ့တတ်ဘူး။
ဝီရိယဆိုတိုင်း ဝီရိယစစ် ဖြစ်ဖို့ လိုပြန်တယ်။ ဝီရိယနဲ့ လောဘဟာ ပါးပါးလေးပဲ ခြားနေတယ်။ ဝီရိယကို
လောဘနဲ့ ရောထွေး တတ်ကြတယ်။ လောဘကို အလိုကြီးခြင်း၊ ရတာထက် ပိုပိုင်ဆိုင်လိုခြင်း၊ သူတစ်ပါး ပစ္စည်း၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့် မှန်သမျှ ကိုယ်သာ ပိုင်ဆိုင်လိုခြင်း၊ လုပ်ကိုင်ခွင့် ရလိုခြင်းတွေ ဟာ လောဘတွေပဲ။ မျှေ၀ ပေးလိုစိတ် မရှိခြင်းဟာလည်း လောဘပဲ။ ရထားပေါ်မှာ ခြေထောက် ဆန့်ထိုင်ပြီး မိမိတစ်နေ ရာ စာထက် ပိုယူထားတာ။ ကားပေါ်မှ နှစ်ယောက် ထိုင်ခုံပေါ်မှာ တစ်ယောက်တည်း ထိုင်တာ။ ဒါတွေဟာလောဘတွေ ဖြစ်တယ်။ ငွေသိန်းသန်းချီပြီး လိုချင် တပ်မက်တာကိုမှ လောဘလို့ မဆိုလိုဘူး။ အသေးအမွှား ကိုပဲ မတရား လိုချင်နေရင် အဲဒါ လောဘ တက်တာပဲ။
ထိရောက်သော ဝါဒဖြန့်နည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
.
*ဘေးတီးပေးသောနည်း'Band Wagon'။
"လူတိုင်း လုပ်နေကြပြီ" ဟူသော အဓိပ္ပာယ် ပေါ်လွင်အောင်ဖော်ပြပေးခြင်းဖြစ်သည်။
.
ပြစ်တင်ရှုတ်ချ အပုပ်ချနည်း"Name Calling"
ရန်သူ အပေါ် မလိုလားအပ်သော အပြု အမူများအကြောင်း ဖွင့်ချ ကြေညာခြင်းဖြင့် တစ်ဖတ်ရန်သူအပေါ် အများပြည်သူက အမုန်းကြီးမုန်း အကြောက် ကြီးကြောက်ပြီး မယုံသင်္ကာဖြစ်လာစေရန် တစ်ဖတ်သား၏
ပျော့ကွက်ကို ဖော်ထုတ်သောနည်း ဖြစ်သည်။
၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်၊ အင်္ဂါနေ့ထုတ်မြန်မာ့အလင်းသတင်းမှ ထပ်ဆင့် ဖော်ပြပါသည်။
“လဲနေသူကို
ဝိုင်းထူလို့ပေး၊
စာမတတ်သူ
ဝိုင်းကူစို့လေး”
စာတတ်မြောက်ရေးလှုပ်ရှားမှု
စာမဖတ်တတ်သူ၊ စာမရေးတတ်သူကို စာဖတ်စာရေးမတတ်သူ (illiterate) ဟူ၍ သတ်မှတ်ခံရပါသည်။ စင်စစ်အားဖြင့် ထိုသူသည် လူပုံအလယ်၌ မျက်နှာငယ်ရသူ၊ လူ့သိက္ခာတွင် ချို့တဲ့နေရသူအဖြစ် လူ့အသိုင်း
အဝိုင်း၌ အားငယ်နေရပါသည်။ လူ့အဖွဲ့အစည်း၌ မဝင်ဆံ့ဖြစ်နေရပါသည်။
ထိုသူသည် သူကိုယ်တိုင် စာမဖတ်တတ်ကြောင်း၊ စာမရေးတတ်ကြောင်းကို လူအများမသိအောင်ကြိုးစား၍ ဖုံးကွယ်ထားတတ်ပါသည်။ စာတတ်သယောင်ယောင်ဆောင်၍ နေရပါသည်။ အမှန်တကယ်အားဖြင့် စာမတတ်ပါ။ စာမတတ်သူ ရွက်ပုန်းသီးပမာ နေထိုင်ဆက်ဆံခံနေရပါသည်။ ထိုသူသည် မိမိစာမတတ်ခြင်း ကိုလည်း ရှက်တတ်နေပါသည်။
သို့သော် စာတတ်အောင် အသက်အရွယ်အရ စာသွားမသင်ရဲပါ။ စာသင်ရမှာကိုပင် ကြောက်ရွံ့နေပါသည်။ မရှက်ရမည်ကို ရှက်၍၊ မကြောက်ရွံ့ရမည်ကို ကြောက်ရွံ့နေခြင်းသာ ဖြစ်ပါသည်။ထို့ကြောင့် စာမတတ်သူ များကို ထိုအရှက်၊ အကြောက်တို့မှ ရုန်းထွက် လာနိုင်အောင် “စာတတ်မြောက်ရေးလှုပ်ရှားမှု” (
LITERACY CAMPAING) ဖြင့် စာမတတ်သူများကို ကောင်းစွာချဉ်းကပ်ရပါသည်။
ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့် မျက်စိကြည်ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်နိုင် သည်ဟု ရှေးလူကြီးများပြောကြသည်။ တစ်နေကုန်သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်တွင်းရောက်ရှိလာသော အပူ အခိုးအငွေ့များသည် ညအိပ်ချိန်တွင် အထက်သို့တက်ကြသည်။ အိပ်ပျော်နေရင်းခေါင်းချွေးများထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကျိတ်ခြင်း၊ ကယောက်က တမ်းပြောခြင်းများ သည်လေပူအထက်သို့တက်ခြင်းကြောင့် ဖြစ်ရသည်။
တောဆင်ရိုင်းတွေအကြောင်း မပြောခင် တောဆင်ရိုင်းနဲ့ တွေ့ခဲ့ရင် ဘာတွေရှောင်ရမယ် ဘာတွေလုပ်ရမယ်ဆိုတာ အရင်ဆုံးပြောပြပါရစေ။
ကိုယ်နေတဲ့နေရာသို့မဟုတ် ရွာတွေအနားကို တောဆင်ရိုင်းမလာအောင် ကျွဲရှိရင်
ကျွဲတွေ ချည်ထားလိုက်ပါလို့ ဆင်အကြောင်းနားလည်သူတစ်ဦးကဆိုပါတယ်။
ဆင်တွေကြောက်တဲ့ သတ္တဝါ နည်းနည်းထဲမှာ ကျွဲလည်းပါတာမို့
ကျွဲတွေကိုကြောက်တဲ့အတွက် အဲလိုလုပ်တာလည်း နည်းလမ်းတစ်ခုလို့ ဆိုပါတယ်။
ကျန်တဲ့နည်းလမ်းတွေကတော့ အရင်သိထားပြီးသားဖြစ်တဲ့ မီးရှို့တာ၊
သံပုံးတီးတာတွေ ဆူညံသံတွေ ဖန်တီးလိုက်ရင် ဆင်တွေ အနားကပ်မလာနိုင်တော့ပါဘူး။
နောက်ထပ်ထူးခြားမှုတစ်ခုကတော့ ဆင်တွေဟာ ခွေးတွေကိုမုန်းပါတယ်တဲ့။
ခွေးဟောင်သံကြားရင် စိတ်ဆိုးတတ်ပြီး လူကိုပါရန်ပြုတတ်လို့ အဲဒီအချက်ကို
သတိထားပြီး ဆင်တွေအနားကို ခွေးတွေ ခေါ်မသွားသင့်ဘူးဆိုတာ သိထားရပါမယ်။
ဆင်တွေဟာ အလင်းရောင်ကိုလည်း မုန်းတဲ့အတွက် ဖုန်းကင်မရာတွေနဲ့ အလင်းမပိတ်ဘဲ
ဓာတ်ပုံရိုက်ရင် စိတ်ဆိုးပြီး ရန်မူတတ်လို့ သတိထားရပါမယ်။ ဆိုင်ကယ်သံတွေ၊
လူသံတွေကလည်း ဆင်ရိုင်းတွေကို အနှောက်အယှက်ဖြစ်စေပြီးတော့
စိတ်ရိုင်းဝင်စေတတ်ပါသတဲ့။
ဆင်တွေပြေးမယ်ဆိုရင် တစ်နာရီကို ၂၅ မိုင်နှုန်း
ခရီးရောက်အောင်ပြေးနိုင်ပါတယ်။ တောဆင်ရိုင်းနဲ့ ပက်ပင်းတိုးမိရင်
လွတ်အောင်ပြေးဖို့မလွယ်လှပါဘူး။ တကယ်လို့ အနီးမှာ တောင်ကုန်း သို့မဟုတ်
အမြင့်တစ်နေရာရာရှိရင် တက်ပြေးရင်တော့ လွတ်နိုင်ပါတယ်။
တောင်စောင်းလို မျိုးမှာ လျှောဆင်း တာမျိုးတော့ မလုပ်မိပါစေနဲ့
ဆင်ကတရွတ်လျှောလိုက်တတ်လို့ သူကကိုယ့်ထက် ပိုမြန်နိုင်ပါတယ်။
ကဲ အခုတော့ …..တောဆင်ရိုင်းတွေအကြောင်းပြောပါမယ်။
ယောနသံဆိုသည်မှာ ပင်လယ်စင်ရော်တစ်ကောင်ပင်ဖြစ်သည်။ သို့သော် သူသည်
သာမန်ငှက်များနှင့် မတူပဲ တမူထူးခြားလှသည်။ သူ့ထံတွင် ထူးခြားသော
အစွမ်းအစများရှိသည်။
ပင်ကိုယ်အစွမ်းအစများမဟုတ်ပဲ သူ၏ လေ့ကျက်မှုများဖြင့်
ရရှိလာသော အတွေ့အကြုံများအပေါ်တွင် အခြေတည်ကာ အရည်အချင်းကောင်းများကို
ပိုင်ဆိုင်လာသူဟုဆိုရလျှင် မမှားပေ။
.
တောင်ပံတစ်စုံ၊ ခြေတစ်စုံ၊
စူးရှတဲ့ မျက်ဝန်းတစ်စုံ အားလုံးနီးပါး တူညီမှု ရှိသော်လည်း တမူထူးခြားသည့်
အရည်အသွေးများမှာ သူများနဲ့မတူသည့် နှလုံးသားတစ်ခု၊
စဉ်းစားကွန့်မြူးတတ်သည့် ဥာဏ်ရည
်၊ ထက်မြက်သည့်အတွေးအခေါ်၊ လုံ့လ၊ ဇွဲ၊ ၀ီရိယ၊ သတိ၊ အတ္တ၊ မာန်န အားလုံးကို ပိုင်ဆိုင်ထားပြန်သည်။
.
လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းတည်းဟူသော အကြောင်းတရားအားလုံးသည် အလှူဒါနပြုလုပ်ခြင်း ပင်ဖြစ်ပါသည်။ မြင့်မြတ်သော သူတော်စင်ရဟန်းသံဃာများအား ပြုလုပ်သောဒါနသည် လှူဒါန်းခြင်းဖြစ်ပါ သည်။ လူပုဂ္ဂိုလ်အချင်းချင်း(ဝါ)မိမိနှင့်တန်းတူ လူပုဂ္ဂိုလ်များအား ပေးကမ်းခြင်းသည်လည်းဒါနဖြစ်ပါသည်။
မိမိထက်နိမ့်သောသူများအား ပေးကမ်းခြင်းသည်လည်း ဒါနဖြစ်ပါသည်။
ဤသို့ ဒါနအမျိုးမျိုးရှိရာတွင် မိမိက ပြုလုပ်လိုသော ဒါနထက် အများကအလိုရှိသော အချိန်၌ပြုလုပ်သော ဒါနသည်မွန်မြတ်သော အလှူပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အများကအလိုရှိနေချိန်တွင် ပေးကမ်း လှူဒါန်းရခြင်းသည် အမြတ်ဆုံးအလှူ အမြတ်ဆုံးကုသိုလ်ပင် ဖြစ်ပါသည်။ ရေဘေးသင့်ပြည်သူ များအား
ပေးကမ်း လှူဒါန်းနေကြခြင်းသည် အမွန်မြတ်ဆုံးအလှူပင်ဖြစ်ပါသည်။ ဤအလှူသည် အများကအလို ရှိနေချိန်တွင်လှူဒါန်းပေးကမ်းရသော အလှူဒါနပင်ဖြစ်ပါသည်။