Saturday, August 29, 2015

“တောဆင်ရိုင်းတွေအကြောင်း ပြောပြမယ်”


တောဆင်ရိုင်းတွေအကြောင်း မပြောခင် တောဆင်ရိုင်းနဲ့ တွေ့ခဲ့ရင် ဘာတွေရှောင်ရမယ် ဘာတွေလုပ်ရမယ်ဆိုတာ အရင်ဆုံးပြောပြပါရစေ။
ကိုယ်နေတဲ့နေရာသို့မဟုတ် ရွာတွေအနားကို တောဆင်ရိုင်းမလာအောင် ကျွဲရှိရင် ကျွဲတွေ ချည်ထားလိုက်ပါလို့ ဆင်အကြောင်းနားလည်သူတစ်ဦးကဆိုပါတယ်။ ဆင်တွေကြောက်တဲ့ သတ္တဝါ နည်းနည်းထဲမှာ ကျွဲလည်းပါတာမို့ ကျွဲတွေကိုကြောက်တဲ့အတွက် အဲလိုလုပ်တာလည်း နည်းလမ်းတစ်ခုလို့ ဆိုပါတယ်။ ကျန်တဲ့နည်းလမ်းတွေကတော့ အရင်သိထားပြီးသားဖြစ်တဲ့ မီးရှို့တာ၊ သံပုံးတီးတာတွေ ဆူညံသံတွေ ဖန်တီးလိုက်ရင် ဆင်တွေ အနားကပ်မလာနိုင်တော့ပါဘူး။
နောက်ထပ်ထူးခြားမှုတစ်ခုကတော့ ဆင်တွေဟာ ခွေးတွေကိုမုန်းပါတယ်တဲ့။ ခွေးဟောင်သံကြားရင် စိတ်ဆိုးတတ်ပြီး လူကိုပါရန်ပြုတတ်လို့ အဲဒီအချက်ကို သတိထားပြီး ဆင်တွေအနားကို ခွေးတွေ ခေါ်မသွားသင့်ဘူးဆိုတာ သိထားရပါမယ်။ ဆင်တွေဟာ အလင်းရောင်ကိုလည်း မုန်းတဲ့အတွက် ဖုန်းကင်မရာတွေနဲ့ အလင်းမပိတ်ဘဲ ဓာတ်ပုံရိုက်ရင် စိတ်ဆိုးပြီး ရန်မူတတ်လို့ သတိထားရပါမယ်။ ဆိုင်ကယ်သံတွေ၊ လူသံတွေကလည်း ဆင်ရိုင်းတွေကို အနှောက်အယှက်ဖြစ်စေပြီးတော့  စိတ်ရိုင်းဝင်စေတတ်ပါသတဲ့။


ဆင်တွေပြေးမယ်ဆိုရင် တစ်နာရီကို ၂၅ မိုင်နှုန်း ခရီးရောက်အောင်ပြေးနိုင်ပါတယ်။ တောဆင်ရိုင်းနဲ့ ပက်ပင်းတိုးမိရင် လွတ်အောင်ပြေးဖို့မလွယ်လှပါဘူး။ တကယ်လို့ အနီးမှာ တောင်ကုန်း သို့မဟုတ် အမြင့်တစ်နေရာရာရှိရင် တက်ပြေးရင်တော့ လွတ်နိုင်ပါတယ်။ တောင်စောင်းလို မျိုးမှာ လျှောဆင်း တာမျိုးတော့ မလုပ်မိပါစေနဲ့ ဆင်ကတရွတ်လျှောလိုက်တတ်လို့ သူကကိုယ့်ထက် ပိုမြန်နိုင်ပါတယ်။
 
ကဲ အခုတော့ …..တောဆင်ရိုင်းတွေအကြောင်းပြောပါမယ်။

Monday, August 24, 2015

ယောနသံ ဇင်ယော်


ယောနသံဆိုသည်မှာ ပင်လယ်စင်ရော်တစ်ကောင်ပင်ဖြစ်သည်။ သို့သော် သူသည် သာမန်ငှက်များနှင့် မတူပဲ တမူထူးခြားလှသည်။ သူ့ထံတွင် ထူးခြားသော အစွမ်းအစများရှိသည်။

ပင်ကိုယ်အစွမ်းအစများမဟုတ်ပဲ သူ၏ လေ့ကျက်မှုများဖြင့် ရရှိလာသော အတွေ့အကြုံများအပေါ်တွင် အခြေတည်ကာ အရည်အချင်းကောင်းများကို ပိုင်ဆိုင်လာသူဟုဆိုရလျှင် မမှားပေ။
.
တောင်ပံတစ်စုံ၊ ခြေတစ်စုံ၊ စူးရှတဲ့ မျက်ဝန်းတစ်စုံ အားလုံးနီးပါး တူညီမှု ရှိသော်လည်း တမူထူးခြားသည့် အရည်အသွေးများမှာ သူများနဲ့မတူသည့် နှလုံးသားတစ်ခု၊ စဉ်းစားကွန့်မြူးတတ်သည့် ဥာဏ်ရည်၊ ထက်မြက်သည့်အတွေးအခေါ်၊ လုံ့လ၊ ဇွဲ၊ ၀ီရိယ၊ သတိ၊ အတ္တ၊ မာန်န အားလုံးကို ပိုင်ဆိုင်ထားပြန်သည်။
.

Thursday, August 06, 2015

ပရဟိတကုသိုလ်‬


လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းတည်းဟူသော အကြောင်းတရားအားလုံးသည် အလှူဒါနပြုလုပ်ခြင်း ပင်ဖြစ်ပါသည်။ မြင့်မြတ်သော သူတော်စင်ရဟန်းသံဃာများအား ပြုလုပ်သောဒါနသည် လှူဒါန်းခြင်းဖြစ်ပါ သည်။ လူပုဂ္ဂိုလ်အချင်းချင်း(ဝါ)မိမိနှင့်တန်းတူ လူပုဂ္ဂိုလ်များအား ပေးကမ်းခြင်းသည်လည်းဒါနဖြစ်ပါသည်။ 
မိမိထက်နိမ့်သောသူများအား ပေးကမ်းခြင်းသည်လည်း ဒါနဖြစ်ပါသည်။

ဤသို့ ဒါနအမျိုးမျိုးရှိရာတွင် မိမိက ပြုလုပ်လိုသော ဒါနထက် အများကအလိုရှိသော အချိန်၌ပြုလုပ်သော ဒါနသည်မွန်မြတ်သော အလှူပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အများကအလိုရှိနေချိန်တွင် ပေးကမ်း လှူဒါန်းရခြင်းသည် အမြတ်ဆုံးအလှူ အမြတ်ဆုံးကုသိုလ်ပင် ဖြစ်ပါသည်။ ရေဘေးသင့်ပြည်သူ များအား
 ပေးကမ်း လှူဒါန်းနေကြခြင်းသည် အမွန်မြတ်ဆုံးအလှူပင်ဖြစ်ပါသည်။ ဤအလှူသည် အများကအလို ရှိနေချိန်တွင်လှူဒါန်းပေးကမ်းရသော အလှူဒါနပင်ဖြစ်ပါသည်။

Wednesday, August 05, 2015

လူငယ်နှင့်ခေါင်းဆောင်မှု

သူတစ်ပါးအပေါ် ဩဇာညောင်းဖို့ စံနမူနာပြသခြင်းဟာ အဓိကအရာ မဟုတ်ပါဘူး။ စံနမူနာ ပြသခြင်း ဟာ တစ်ခုတည်းသော အရာသာလျှင်ဖြစ်ပါတယ်။
ဒေါက်တာအဲလ်ဘတ်ရွိုက်ဇာ


အသက်အရွယ် 
လူငယ်ဆိုသည်ကား ဘယ်အရွယ်နည်း။ ကလေးမဟုတ်တော့သော အရွယ်မှ စတင်ခေါ်ဝေါ် ရအံ့ထင်သည်။
 အသက် ၄၅ နှစ်အထက်ကျော်သွားလျှင်လည်း အတန်းပညာနိမ့်နိမ့် မြင့်မြင့်၊ စီးပွားဥစ္စာ ဆင်းရဲသည် ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ၊လူကြီးအခြေအနေသို့ ရောက်သွားလောက်ပေပြီ။

လူငယ်သည် လူကြီးမဟုတ်သေးသော အရွယ်ကိုခေါ်သင့်ပေမည်။ ထို့ကြောင့် လူငယ်ဟူသည်ကား အသက် ၁၃ နှစ်မှ ၄၅ နှစ်အတွင်းမှာရှိသော အမျိုးသား၊ အမျိုးသမီးအားလုံးတို့ အကျုံးဝင်သည်ဟု မှတ်ယူချင်ပါသည်။
အသက် ၁၃ နှစ် ၁၄ နှစ်သည် လူပျိုပေါက်အရွယ်ဖြစ်၏။ ပျိုဘော်ဝင် အရွယ်ဖြစ်၏။ ယင်းကာလမှစ၍ လူငယ်
ဖြစ်လေပြီ။ ကလေးမဟုတ်တော့ပြီ။ မိသားစုထဲမှာဖြစ်စေ၊ ရပ်ရွာထဲမှာဖြစ်စေလူငယ်အစုအဝေး၊ အသင်းအ ပင်း ထဲမှာ ပါဝင်၍ရပေပြီ။ မြူးထူး စိတ်ကစားသောအရွယ်။


Wednesday, July 29, 2015

ဇီဝဇိုးငှက်


ဇီဝဇိုးငှက် (Grey-rumped Swiftlet ) သည် မျိုးစဉ်အားဖြင့် 'အပေါ့ဒီဖေါမီး (Apodiforme)' တွင် ၎င်း၊ မျိုးရင်းအားဖြင့် 'ခက်တူးရီနီး' တွင်၎င်း ပါဝင်၍ ယင်းကို သိပ္ပံ အမည်အားဖြင့် 'ကောလိုကေးလီယား ဂျာမယ်နီ' ဟု ခေါ်သည်။ ဇီဝဇိုးငှက်သည် ပြင်ပန်းပုံသဏ္ဌာန်အားဖြင့် ပျံလွှာငှက်နှင့် အနည်းငယ်တူသော်လည်း၊ မျိုးစဉ်အားဖြင့် ကွဲပြားသည်။ ဇီဝဇိုး ငှက်ကို အဝေးမှတွေ့မြင်ရလျှင် ပျံလွှာငှက်နှင့် ရုတ်တရက်ခွဲ ခြား၍ မရနိုင်ချေ။ သို့သော် အမွေးထူသော ခြေမျက်ရိုးကို၎င်း အရွယ်ပို၍ကြီးသော တောင်ပံကို၎င်းကြည့်ရှုခြင်းဖြင့် ဇီဝဇိုး ငှက်ကို ပျံလွှာငှက်နှင့် ခွဲခြား၍သိရှိနိုင်သည်။

ဇီဝဇိုးငှက်သည် အသိုက်ကို မိမိအန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ သည်။ ထိုအသိုက်ကို ငှက်သိုက်ဟု ခေါ်ကြသည်။
ဇီဝဇိုးငှက်သည် အသိုက်ကို ဂူနံရံများ၊ ကျောက်ဆောင် မြင့်များတွင် ဆောက်တတ်သည်။ အသိုက်၏ အရွယ် မှာ ကန့်လန့်ဖြတ်အားဖြင့် ၂ လက်မမှ ၃ လက်မထိရှိ၍၊ စောက် ၁ လက်မရှိသည်။ ဥ ဥချိန်မှာ ဧပြီလ လယ်လောက်တွင် ဖြစ်သည်။ တစ်မြုံလျှင် ဥနှစ်လုံးစီရှိသည်။

ပရိက္ခရာ ၈-ပါး



၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၎။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး
၆။ ဝါသိက= ခေါင်ရိတ်ဓား
၇။ သူစိ= အပ် အပ်ချီ
၈။ ပရိသာဝန= ရေစစ်


လင်္ကာ
သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ်
ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။

    သင်္ကန်းသုံးရပ် ဆိုသည်မှာ ဧကသီ၊ သင်းပိုင်နှင့် ဒုကုဋ်လို့ခေါ်သော နှစ်ထပ်သင်္ကန်းကြီး။

ကမ္ဘာတ၀န်းလူကုန်ကူးမှုနဲ့ မြန်မာနိုင်ငံ


မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်း လူကုန်ကူးအခြေအနေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်သေး ဘူး လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာရှဒေသ တွင်းမှာတော့ မြန်မာနိုင်ငံသားတွေ ဆက်ပြီး ကျွန်ပြုခိုင်းစေခံနေရဆဲပါ။ အေပီသတင်းတပုဒ်ကို မသိင်္ဂီထိုက် တင်ပြထားပါတယ်။


Credit|VOA Burmese Fan Page