Thursday, August 16, 2018

"ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေး နှစ်နိုင်ငံ နေပြည်တော်မှာဆွေးနွေးနေ"


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေး တွေကို ကာကွယ်စောင့်
ရှောက်မှု တိုးမြှင့်ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေဟာ နေပြည်တော်မှာ ဒီကနေ့
မနက်က တွေ့ဆုံဆွေးနွေးနေကြပါပြီ ။ တွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်
ရွက်မှု မြှင့်တင်ဖို့ ၊

ထိုင်းနိုင်ငံတွင်လုပ်ကိုင်ရန်ရေလုပ်သားအလုပ်သမားခြောက်သောင်းလိုအပ်ဟုထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဆို



နေပြည်တော် သြဂုတ် ၁၆

ထိုင်းနိုင်ငံရှိရေလုပ်ငန်းတွင်အလုပ်သမားခြောက်သောင်းလိုအပ်လျှက်ရှိနေကြောင်းထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoကပြောသည်။

နေပြည်တော်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင်ယနေ့နံနက်ပိုင်းကထိုင်းနိုင်ငံရှိရေလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာနိုင်ငံသားရေလုပ်သားများနှင့်ပတ်သတ်၍ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံမှုအပြီးတွင်မီဒီယာများကိုအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


Wednesday, August 15, 2018

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး မစ္စတာ အဒွန်းဆန်လ်ဆင်ကယောက်ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ




 ၂၀၁၈ ခုနှစ် ၊  သြဂုတ် ၁၅ ရက် ၊ ဗုဒ္ဓဟူးနေ့

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံဝန်ကြီးအဆင့် အလုပ်သမားရေးရာ ကိစ္စများ ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီး မစ္စတာ အဒွန်းဆန်လ်ဆင်ကယောက်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်
(သြဂုတ် ၁၆ ရက်) နံနက် ၉နာရီ၌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ရန်
နေပြည်တော်သို့ ယနေ့ ၁၅.၀၈.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့ရာအလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဆောင်၍ ကြိုဆိုခဲ့ကြောင်းသတင်းရရှိပါသည်။

Tuesday, August 14, 2018

ဓါတ်မြေသြဇာကား တိမ်းမှောက်မှုကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ



နခွန်စ၀မ်၊ သြဂုတ် ၁၄

ဓာတ်မြေဩဇာအိတ်တွေ တင်ဆောင်လာတဲ့ကားတစ်စီး ဒီနေ့ နေ့  လည်၁၂နာရီခွဲ့ ဝန်းကျင်က ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ရာက အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့  မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရခဲ့ပါတယ်။

ထိုင်းနိုင်ငံ နခွန်စ၀မ်ပြည်နယ် ဖရူဟခလီ မြို့ကနေ ဓာတ်မြေဩဇာတွေ တင်လာတဲ့ကားတစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်တဲ့  အသက် ၅၂နှစ် အရွယ်ရှိသူ ထိုင်းနိုင်ငံသား နိုင်ဖိုင်လော နဲ့မြန်မာရွှေ့ပာင်းအလုပ်သမား အသက်၄၄နှစ်အရွယ်ရှိ အာချွေ ဆိုသူတို့  သေဆုံးကာ အခြား မြန်မာရွှေ့ပြောင်းအလုပ်သမားသုံးဦး ဒဏ်ရာရရှိ ခဲ့တာဖြစ်ပါတယ်။


အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးနှင့် ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့တွေ့ဆုံ



ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်၊ကဘီမြို့ အခြေစိုက် “ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့အား အလုပ်သမားသံအရာရှိရုံးခန်း၌လက်ခံတွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံရာတွင် “ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့”ကထိုင်းနိုင်ငံတောင်ပိုင်းဒေသရှိ မြန်မာရေလုပ်သားများအခြေနေ၊စက်ရုံအလုပ်ရုံများ၌ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားရေးကိစ္စရပ်များအပါဝင် မိမိတို့အဖွဲ့အနေဖြင့် အလုပ်သမားသံအရာရှိရုံးနှင့် လက်တွဲ၍ မြန်မာအလုပ်သမားရေးကိစ္စရပ်များ ဆောင်ရွက်မည့်လုပ်ငန်းစဉ်တို့ကိုတင်ပြခဲ့ရာ 

Friday, August 10, 2018

လယောင်မြို့ရှိ မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသက်သေမှုဖြစ်ပွား



ယနေ့(၁၀.၈.၂၀၁၈) နံနက်အချိန်တွင် လယောင်မြို့ နိခုံဖတ်ဌနာနယ်မြေ လမ်းနံပါတ်(၄)အနီးရှိ နိခုံဖတ်
ဌနာကားလမ်းကြီးနှင့် မီတာ၂၀အကွာဝေးရှိသစ်ပင်ပေါ်၌လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်း
ရရှိသဖြင့်ထိုင်းကယ်ဆယ်ရေးအဖွဲ့များသွားရောက်ခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာ  မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ မောင်စိုးစိုးဌေး(၁၉)နှစ်ဖြစ်ပြီး တရားဝင်အထောက်ထားလက်မှတ်ရှိသူဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာနှင့် မနီးမဝေးနေရာရှိ အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။


Thursday, August 09, 2018

လွတ်လမ်းမရှိ! စေတီကြီးရှိသည့်မြို့တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးဖမ်းဆီး


နခွန်ပထုံခရိုင်ရှိ စစ်တပ်များ ရဲတပ်ဖွဲ့များနှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး လုပ်ငန်းခွင်ထဲရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးကြသောကြောင့် အလုပ်ရှင်များ ခေါင်းကိုက်နေကြ။

လွန်ခဲ့တဲ့ သြဂုတ်လ 7 ရက်နေ့တွင် နခွန်ပထုံခရိုင် ပြည်တွင်းလုံခြုံရေးနှင့်ဒုညွှန်ကြားရေးမှူးဖြစ်သူက စစ်ဆေးရေးအဖွဲ့များနှင့်အတူ နခွန်ပထုံခရိုင်ရှိ ဥပဒေချိုးဖောက်သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်များကို သွားရောက်စစ်ဆေးခဲ့ပါတယ် စက်ရုံများကိုလည်း ကြိုတင်အကြောင်းကြားမှုမရှိပဲ ရုတ်တရက် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်ပါတယ်