နခွန်ပထုံခရိုင်ရှိ စစ်တပ်များ ရဲတပ်ဖွဲ့များနှင့် အလုပ်သမားရုံးမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး လုပ်ငန်းခွင်ထဲရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးကြသောကြောင့် အလုပ်ရှင်များ ခေါင်းကိုက်နေကြ။
လွန်ခဲ့တဲ့ သြဂုတ်လ 7 ရက်နေ့တွင် နခွန်ပထုံခရိုင် ပြည်တွင်းလုံခြုံရေးနှင့်ဒုညွှန်ကြားရေးမှူးဖြစ်သူက စစ်ဆေးရေးအဖွဲ့များနှင့်အတူ နခွန်ပထုံခရိုင်ရှိ ဥပဒေချိုးဖောက်သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်များကို သွားရောက်စစ်ဆေးခဲ့ပါတယ် စက်ရုံများကိုလည်း ကြိုတင်အကြောင်းကြားမှုမရှိပဲ ရုတ်တရက် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်ပါတယ်
ပွိုင့်နံပါတ် 1 ဝင်ရောက်စစ်ဆေးသည့် စက်ရုံမှာ အမှတ် 6/1,မူ 8, တန်ဘွန်စကလထီယန်မော်,အမ်ဖှေိမူဟြောင်, နခွန်ပထုံခရိုင်က စယန် ဒီဆာလ်ကုမ္ပဏီ ဖြစ်ပါတယ် ထိုစက်ရုံသည် ကျောက်ကျောထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး စုစုပေါင်းအလုပ်သမားဦးရေမှာ 48 ဦး ရှိပါတယ် ထိုင်းနိုင်ငံသား အလုပ်သမားမှာ 16 ဦးရှိပြီး ကျား 9 ဦး မ 7 ဦး ဖြစ်ပါတယ် မြန်မာနိုင်ငံသား အလုပ်သမားများမှာ စုစုပေါင်း 32 ဦးရှိပြီး ကျား 20 ဦး မ 12 ဦး ဖြစ်ပါတယ် သို့သော် တရားမဝင်အလုပ်သမားများကို စစ်ဆေးတွေ့ရှိခြင်း မရှိပါ။
ပွိုင့်နံပါတ် 2 ဝင်ရောက်စစ်ဆေးသည့် နေရာမှာ အမှတ် 137,မူ 4,တန်ဘွန်ထနွန်ခါတ်, အမ်ဖှေိမူဟြောင်, နခွန်ပထုံခရိုင်က ရေခဲထုတ်လုပ်သည့် စက်ရုံဖြစ်ပါတယ် ထိုရေခဲထုတ်လုပ်သည့် စက်ရုံပိုင်ရှင်အမည်မှာ ဝိထူရ် ချွန်စာန်ဝိဝပ်ဆိုသူဖြစ်ပြီး စုစုပေါင်းအလုပ်သမားဦးရေမှာ 11 ဦးရှိပါတယ် ထိုင်းနိုင်ငံသား အလုပ်သမားမှာ 4 ဦး ရှိပါတယ် မြန်မာနိုင်ငံသား အလုပ်အမားမှာ စုစုပေါင်း 7 ဦးရှိပြီး ကျား 4 ဦး မ 3 ဦးဖြစ်ပါတယ် ရေခဲစက်ရုံထဲတွင် နေထိုင်သည့် စာရွက်စာတမ်း အထောက်အထားမရှိသော မြန်မာနိုင်ငံသား အလုပ်သမား 4 ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကျား 3 ဦး မ 1 ဦး ဖြစ်ပါတယ် ထိုရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာသူများဖြစ်ပါတယ် အလုပ်ရှင်ဖြစ်သူက ထိုအလုပ်သမားများကို အလုပ်လုပ်ကိုင်ရန် လက်ခံထားခြင်း ဖြစ်ပါတယ်
ပွိုင့်နံပါတ် 3 ဝင်ရောက်စစ်ဆေးသည့်နေရာမှာ အမှတ် 130/1, မူ 4, တန်ဘွန်ဒွန်ယိုင်ဟွမ်, အမ်ဖှေိမူဟြောင်, နခွန်ပထုံခရိုင်က အမည်မရှိ ဝက်မွေးမြူရေးရုံတခု ဖြစ်ပါတယ် ထိုဝက်မွေးမြူရေးရုံပိုင်ရှင်မှာ အာနွန် ထွိုင်းဘမ်းထွေ ဖြစ်ပြီး အလုပ်သမား စုစုပေါင်းမှာ 8 ဦးရှိပါတယ် ထိုင်းနိုင်ငံသား အလုပ်သမားမှာ 1 ဦးသာရှိပြီး မြန်မာနိုင်ငံသား အလုပ်သမားမှာ 7 ဦးရှိပါတယ် ဥပဒေချိုးဖောက်သည့် မြန်မာနိုင်ငံသား အလုပ်သမား 3 ဦး စစ်ဆေးတွေ့ရှိပြီး ဥပဒေချိုးဖောက်မှုမှာ အလုပ်လုပ်ခွင့်ပါမစ်မရှိခြင်းပင် ဖြစ်ပါတယ် ထိုင်းနိုင်ငံထဲသို့ ခွင့်ပြုချက်မရှိပဲ ခိုးဝင်လာသူများဖြစ်ပြီး အလုပ်ရှင်ဖြစ်သူကလည်း အလုပ်လုပ်ကိုင်ရန် လက်ခံထားခြင်း ဖြစ်ပါတယ် ဥပဒေချိုးဖောက်သည့် အလုပ်ရှင်နှင့် အလုပ်သမားများကို ဥပဒေနှင့်အညီ အရေးယူရန်အတွက် နခွန်ပထုံမြို့တော်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်
တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို နေရာတော်တော်များများတွင် ကွင်းဆင်းစစ်ဆေးပြီး ဖမ်းဆီးမှုပြုလုပ်ကြပါတယ် ဘန်လင်မြို့နယ်တွင်လည်း ဥပဒေချိုးဖောက်သည့် မြန်မာနိုင်ငံသား အလုပ်သမား အမြောက်အမြားရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ် ဒါ့အပြင် ပွဲစားများ အလုပ်သမားများကို ရောင်းစားကြသည့် အမှုများကိုလည်း စစ်ဆေးတွေ့ရှိပြီး ထိုင်းနိုင်ငံရှိ ပုဒ်မ 128 ပြစ်မှုဆိုင်ရာဥပဒေကို မြန်မာနိုင်ငံသားဖြစ်သူက ပထမဆုံးအကြိမ် ကျူးလွန်ခြင်း ဖြစ်ပါတယ်
နခွန်ပထုံခရိုင်ရှိ အလုပ်ရှင်ဖြစ်သူများ တရားမဝင်အလုပ်သမားများကို လုပ်ငန်းခွင်ထဲတွင် လက်မခံရဲစေရန်အတွက် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးမှုများ အရှိန်အဟုန်မြင့်ပြီး ပြုလုပ်နေခြင်းပင် ဖြစ်ပါတယ် လူကုန်ကူးမှု လုံးဝပပျောက်သွားအောင် ထိုသို့ပြုလုပ်ခြင်းဖြစ်ပြီး ယခုတလော ဥပဒေချိုးဖောက်နေသည့် အလုပ်ရှင်များနှင့် အလုပ်သမားများ အလွန်စိုးရိမ်ကြောက်ရွံ့နေသည့်အချိန် ဖြစ်ပါတယ် ယခုတလော နေ့စဉ်ဝင်ရောက် စစ်ဆေးမှုများရှိပြီး တာဝန်ရှိသူများ စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်
အချက်အလက်နှင့်ဓါတ်ပုံများအတွက်ကျေးဇူးတင်ပါသည် MGR Online