အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၅
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ သက်ကြီးရွယ်အိုနှင့် အကူအညီလိုအပ်သူများအား စောင့်ရှောက်ပေးနေသည့် ဂေဟာတခုကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဝင်ရောက်စစ်ဆေးရာ အဆောက်အအုံတဝိုက်တွင် လိပ်ခွေဆူးကြိုးများပါသည့် သံခြံစည်းရိုးများ ကာရံထားပြီး အခန်းအတွင်းရှိ အိပ်ရာအချို့တွင် သံလှောင်အိမ်ပုံစံ အကာအရံများ တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အမျိုးသမီး၏ ပြောကြားချက်အရ သူမသည် ဂေဟာတွင် ၂ နှစ်ခွဲကျော် နေထိုင်ခဲ့ရပြီး ယင်းကာလအတွင်း ရိုက်နှက်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် ဆေးဝါးများ အတင်းအကျပ်တိုက်ကျွေးခံရခြင်းတို့ ရှိခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ညီမဖြစ်သူထံ တိတ်တဆိတ် ဆက်သွယ်အကူအညီတောင်းခံနိုင်ခဲ့ရာမှ ဂေဟာမှ ထွက်ခွာလာနိုင်ခဲ့ကြောင်းလည်း သူမက ပြောသည်။
ယင်းပြောဆိုချက်များ ထွက်ပေါ်လာပြီးနောက် CIB မှ တာဝန်ရှိသူများနှင့် “โหนกระแส” အစီအစဉ်အဖွဲ့တို့က ဂေဟာသို့ သွားရောက်စစ်ဆေးခဲ့ရာ နေထိုင်ရာအဆောက်အအုံတဝိုက်ကို သံတိုင်များဖြင့် ကာရံထားပြီး အပေါ်ပိုင်းတွင် ဆူးကြိုးများ တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ကြောင်း Matichon သတင်းဌာနက ဖော်ပြသည်။
Sources — Matichon Online, Hone Krasae, and statements regarding field investigations by the Thai Central Investigation Bureau (CIB).


