နေပြည်တော် သြဂုတ် ၁၆
ထိုင်းနိုင်ငံရှိရေလုပ်ငန်းတွင်အလုပ်သမားခြောက်သောင်းလိုအပ်လျှက်ရှိနေကြောင်းထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoကပြောသည်။
နေပြည်တော်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင်ယနေ့နံနက်ပိုင်းကထိုင်းနိုင်ငံရှိရေလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာနိုင်ငံသားရေလုပ်သားများနှင့်ပတ်သတ်၍ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံမှုအပြီးတွင်မီဒီယာများကိုအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။





