Tuesday, August 07, 2018

ထိုင်းနိုင်ငံမှ အနှိမ်ခံ ငါးဖမ်းလုပ်သားများ


07-Aug-2018

ထိုင်းနိုင်ငံတွင် အဓမ္မအခိုင်းခံ လုပ်သားများ၏အရေးကို အများဆုံးတွေ့ရသည့် နေရာမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင်ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထိုအရေးကို ကမ္ဘာသိအောင် အကြိမ်ကြိမ်အော်နေသည့်အပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ဥရောပ ပါလီမန်တွင် ၁၅ မိနစ်စာ ရုပ်ရှင်တိုတစ်ခုကိုတင်ပြပြီး ထိုင်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြခဲ့သည်။

ထို့ပြင် စာမျက်နှာ ၁၃၄ မျက်နှာပါသည့် “Hidden Chains: Rights Abuses and Forced Labor in Thailand’s Fishing Industry” စာတမ်းကိုပါ တစ်ပါတည်း တင်သွင်းခဲ့သည်။ ထိုစာတမ်းတွင် အရှေ့အာရှ အိမ်နီးချင်းနိုင်ငံများမှ ငါးလုပ်ငန်းများသို့ အတင်းအဓမ္မမည်သို့ခေါ်ဆောင်ပြီး ခိုင်းစေခြင်းများကို ဖော်ပြထားသည်။ အလုပ်သမားများကို အနားမပေးခိုင်းစေခြင်း၊ လုပ်အားခများကို အချိန်မီမပေးခြင်း၊ သတ်မှတ်ထားသည့် လုပ်ခလာစာများထက် လျှော့ပေးခြင်း စသည့်ကိစ္စများကိုလည်း ထိုစာတမ်းတွင် ထည့်သွင်း ဖော်ပြထားသည်။


Saturday, August 04, 2018

ဒုတိယအကြိမ် တင်းကြပ်စွာကွင်းဆင်းစစ်ဆေးမှုစတင် ရွှေ့ပြောင်းအလုပ်သမား 1‚000 ကျော် ဖမ်းဆီး

 - by lyju(Myanmar Live)


အလုပ်သမားဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ 113 ဖွဲ့ဖြင့် ဒုတိယအကြိမ်အဖြစ် 1-15 ရက် သြဂုတ်လ 2018 ခုနှစ်အတွင်း အလုပ်သမားဥပဒေကို ကျူးလွန်ဖောက်ဖျက်တဲ့ အလုပ်ရှင် လုပ်ငန်းရှင်နှင့် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးနှိမ်နှင်းအရေးယူမှုပြုပါတယ်  ကျူးလွန်ဖောက်ဖျက်တဲ့ အလုပ်ရှင် လုပ်ငန်းရှင်နှင့် တရားမဝင်အလုပ်သမားများကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေရိုက်အရေးယူခြင်းခံရနိုင်ပြီး နေရပ်သို့ ပြန်ပို့ရန် သတိပေးထားပါတယ် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက အလုပ်ရှင်/စက်ရုံအလုပ်ရုံ 2,140 ဦး/နေရာနှင့် ရွှေ့ပြောင်းအလုပ်သမား 43,201 ဦးကို ကွင်းဆင်းစစ်ဆေးမှုပြုခဲ့ပြီး အလုပ်ရှင် 180 ဦး ရွှေ့ပြောင်းအလုပ်သမား 1,007 ဦးအား အရေးယူမှုပြုခဲ့ပါတယ်။


Tuesday, July 31, 2018

ထိုင်းသို့ ဗီဇာအတုဖြင့် ဝင်ရောက်သည့် မြန်မာ ၁ဝဝ ခန့် ဖမ်းမိ




ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ တံဆိပ်တုံးအတုနဲ့ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၉၇ ဦး ဖမ်းဆီးရမိတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ရဲ့အပြောကို ကိုးကားပြီး INN ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက ထိုင်းနိုင်ငံထဲ ဗီဇာအတုနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးရမိပြီးတဲ့နောက် လဝကဝန်ထမ်းတွေအားလုံးကို ထိုင်းဗီဇာတံဆိပ်တုံး အစစ်နဲ့ အတု ခွဲခြားပြသပြီး သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေမှာ သေချာစစ်ဆေးစေခဲ့ရာမှာ ဗီဇာအတုနဲ့ ဝင်လာသူတွေ ဆက်တိုက်ဖမ်းဆီးရမိခဲ့တာပါ။

Sunday, July 29, 2018

အလုပ်သမားသံအရာရှိနှင့် အလုပ်သမားများစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးနှင့်စမွတ်ပုရာကန်ခရိုင် လကဘန်းမြို့နယ် လကဘန်းအားမာန်ဖောင်ဒေးရှင်း ၊လုံစီဆန်စက်မိသားစုတို့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ ပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းနားတစ်ရပ်ကို ယနေ့(၂၉.၇.၂၀၁၈) နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

Friday, July 27, 2018

တံတားပေါ်မှာ ဆိုင်ကယ်ပြုတ်ကျသဖြင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံး



ချွန်ဘူရီ၊၂၀၁၈ ခုနှစ် ၊ ဇူလိုင် ၂၇ ရက်၊ အလုပ်သမားဟစ်တိုင်

ယခုလ၂၆ရက်နေ့ ညနေ ၄နာရီခန့်က မြန်မာအလုပ်သမားနှစ်ဦးစီးနှင်းလာသည့်
မော်တော်ဆိုင်ကယ်သည် ချွန်ဘူရီမြို့နယ်ရှိ အောင်အူးဒွန်တံတားပေါ်မှ ပြုတ်ကျပြီး
တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံအလုပ်သမားကူညီ
ရေးအဖွဲ့စည်းထံမှ သိရသည်။

ဖြစ်စဉ်မှာ  ချွန်ဘူရီခရိုင် ဆီလခြားမြို့နယ် ခေခူရစဟာဖတ် တော်စပ်ရက်ကွက်နေ
ကိုအောင်ကိုလင်းနှင့် ကိုရဲကျော်ကျော်တို့နှစ်ဦးမောင်းနှင်းလာသည့် မော်တော်ဆိုင်ကယ်သည်
အောင်အူးဒွန်တံတားအဆင်းတွင် တံတားပေါ်မှ ဆိုင်ကယ်ပြုတ်ကျခဲ့ရာ ဆိုင်ကယ်
မောင်းနှင်သူ ကိုအောင်ကိုလင်းသည် လက်နှင့်ခြေထောက်တို့တွင်ပွန်းပဲ့ဒဏ်ရာရရှိ
ခဲ့ပြီး ဆိုင်ကယ်နောက်မှလိုက်ပါခဲ့သည့် ကိုရဲကျော်ကျော်သည် ဦးခေါင်းနောက်စိ
နှင့်နံရိုးတို့၌ ပြင်းထန်းစွာဒဏ်ရာရရှိခဲ့ရာ နယ်မြေခံ ထိုင်းကယ်ဆယ်ရေးအဖွဲ့များက
လက်ကပန်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပြုလုပ်ပေးသော်လည်း အခင်းဖြစ်ပွားရာ၌ ရရှိခဲ့သည့်
ဒဏ်ရာများဖြင့် ည ၆နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။


ငွေချေးငှားရာမှ အဆင်မပြေသဖြင့် မြန်မာအလုပ်သမတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ



ဘန်ကောက်မြို့အနီး ဖလန်ဆောင်နယ်မြေ ဘန်ဘွန်ရပ်ကွက် ဘန်ခွန်ထီယမ်(၁၀)လမ်းတွင် ယခုလ ၂၅ရက်နေ့ ညနေ ၅နာရီဝန်ကျင်းအချိန်က အလုပ်မှပြန်လာသည့်မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး နေထိုင်ရာအခန်း၌ တစ်ဦးတည်းရှိနေစဉ်အသက်ခံရမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများထံကသိရသည်။

ယင်းနေ့က အလုပ်တွင်အချိန်ပိုမရှိသဖြင့် ညနေ ၄နာရီခန့်တွင် အလုပ်မှ နေထိုင်ရာအခန်းသို့ပြန်ခဲ့ရာ အခန်းနီးနားချင်းဖြစ်သူ ကိုမင်းကျော်ဆိုသူသည ်မဇင်မာဝင်းထံ လာရောက်၍ ဘတ်ငွေ၅၀၀၀ချေးရာ မရသဖြင့် စကားများရာမှ မဇင်မာဝင်း၏လည်ပင်းကို ကြက်သွန်းလှီးဓားဖြင့် သုံးချက်ထိုးသတ်ပြီး မဇင်မာဝင်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့်
ဘတ်ငွေ၁၈၀၀၀ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ထိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။


Thursday, July 26, 2018

လုပ်ငန်ခွင်အတွင်း ဓာတ်လိုက်ခံရသည့် မြန်မာအလုပ်သမားတစ်ဦးကို အလုပ်ရှင်ကမောင်းထုတ်



လုပ်ငန်းခွင်အတွင် ဓာတ်လိုက်ခံရပြီး ကိုယ်လက်အင်္ဂါများပြင်းထန်းစွာထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးကို ထိုင်းလုပ်ငန်းရှင်ဖြစ်သူမှ အလုပ်မှမောင်းထုတ်နေသဖြင့် ယနေ့တွင်  မြန်မာအလုပ်သမားသံအရာရှိရုံးသို့ လာရောက်အကူညီတောင်းခံကြောင်းသိရသည်။

ဇန်နဝါရီ ၃၀ရက်နေ့တွင် လှဘူရီခရိုင် ကားလမ်းမကြီး လမ်းဆုံနေရာတွင်ကားလမ်းဘေးအကာရံများ
ကိုပြုပြင်နေစဉ်ဓာတ်လိုက်မှုဖြစ်ပွားကြောင်းသိရသည်။

“နေလယ်ထမင်းစားနားပြီး အလုပ်ပြန်ဝင်ချိန်မှာဖြစ်တာပါ၊ ကားလမ်းဘေးတွေမှာကာရံထားတဲ့ သံအကာရံတွေကိုပြုပြင်နေစဉ်မှာ အပေါ်မှာရှိတဲ့ ဓာတ်ကြိုးနဲ့ ကရိန်ကားငြိပြီး ဓာတ်လိုက်ခံရတာပါ ဗို့အားကနှစ်သောင်းလေထောင်ခန့်ရှိပါတယ်”လို့ ထိခိုက်ဒဏ်ရရှိခဲ့သူ ကိုသန့်ဇင်ဝင်းကပြောသည်။