ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
ယခုနှစ် သင်္ကြန်ကာလနောက်ပိုင်းတွင် တရုတ်နိုင်ငံမှသစ်ဝယ်ယူမှုရပ်ဆိုင်သည့်အတွက်ထိုင်းတောင်ပိုင်း ရှိ သစ်အချောထုတ်လုပ်သည့်လုပ်ငန်းများရပ်ဆိုင်လုနီးပါးအခြေနေသို့ရောက်ရှိခဲ့ကြသည့် သစ်စက်များထဲတွင် တရန်မြို့ရှိ ASIA PACIFIC PARAWOOD CO,LTDသည်လည်း တစ်ခုအပါဝင်ဖြစ်ရာ မြန်မာအလုပ်သမားများအနေဖြင့် ပုံမှန်အလုပ်ဆင်းရက်မရှိတော့သဖြင့်အလုပ်သမားသံအရာရှိရုံးသို့ဆက်သွယ်အကူညီတောင်းခံလာသဖြင့်၁၉.၆.၂၀၁၈နေ့တွင်သွားရောက်ဖြေရှင်းပေးခဲ့ရကြောင်း အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး၏ ပြောကြားချက်အရသိရသည်။
၎င်းသစ်စက်အနေဖြင့်လုပ်ငန်းလည်ပတ်မှုပုံမှန်မရှိတော့သဖြင့် အလုပ်သမား၃၀၀ကျော်ရှိသည့်အနက်
တဝက်ခန်ကို အလုပ်မှယာယီထုတ်ပယ်ရသည့်အထိ လျော့ချခဲ့ရကြောင်းသိရသည်။
ပါကျင်ပူရီ - ဇွန် ၂၁
ထိုင်းနိုင်ငံ ၊ ပါကျင်ဘူရီခရိုင်၊ ကဘင်ဘူရီနယ်မြေရှိ ငါးဖမ်းပိုက်စက်ရုံမှ မြန်မာအလုပ်သမား ၂၇၂ ဦးတို့မှာ ထိုင်းနိုင်ငံအစိုးရသတ်မှတ်ထားသည့်အတိုင်း လုပ်အားခနှင့်အချိန်ပိုကြေးအပြည့်
ဝမရရှိမှု ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့်  ပကန်စာခွန်(လူမှုဖူလှုံရေးနှင့် အသက်အာမခံဌာန) တို့မ
ရရှိကြသောကြောင့်  အလုပ်ရှင်နှင့်အလုပ်သမားတို့ဆွေးနွေးညှိနှိုင်းခဲ့ ကြရာမှအဆင်မပြေမှုများဖြစ်ပွားခဲ့ ပြီးဇွန် ၁၇ ရက်ကအလုပ်သမားများဆန္ဒထုတ်ဖော်ခဲ့ ကြသောကြောင့်  အလုပ်သမားများအရေးကိစ္စ ပြဿနာရပ်များအား အလုပ်သမားသံအရာရှိ နှင့် အဖွဲ့ မှ ဇွန် ၂၀ ရက်ကကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ အလုပ်သမားများအရေးကိစ္စ ပြဿနာရပ်ကြောင့် အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး၊ ပြည်ပအလုပ်ကိုင်ရှာဖွေရေးအဖွဲချုပ်(MOEAF) အတွင်းရေးမှူးဦးကျော်ဇောနှင့်အဖွဲ့ဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ အတွင်းရေးမှူးဦးအောင်ကျော်နှင့် အဖွဲ့ဝင်များမှ ဇွန် ၁၈ ရက် တွင် ကဘင်ဘူရီမြို့နယ်သို့သွားရောက်ပြီး သက်ဆိုင်ရာ ထိုင်းနိုင်ငံအလုပ်သမား
ဝန်ကြီးဌာန(DOE)မှ တာဝန်ရှိသူများ ၊အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(ဆာဝါဒီကန်)မှ တာဝန်
ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊အလုပ်ရှင်တို့နှင့်တွေ့ဆုံပြီး အလုပ်သမားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍အစည်းအဝေးတရပ်ပြုလုပ်ခဲ့ ရကြောင်းသိရသည်။
၂၀၁၇- ၂၀၁၈ပညာသင်နှစ်၌ အလုပ်လုပ်ရင် ၁၀တန်းစာမေးပွဲ ကိုဂုဏ်ထူးများဖြင့်ထူးချွန်အောင်မြင်စွာဖြေဆိုနိုင်ခဲ့သည့်ရချထေဝီရက်ကွက် လထေဝီ မိုးပျံရထားဘူတာအနီး၌ ဖွင့်လှစ်ထားသည့် ချစ်သောမြန်မာပြည်အကယ်ဒမီကျောင်း မှ ကျောင်းသား-သူများကို အလုပ်သမားသံ အရာရှိဦးစန်းမောင်ဦးမှ ဂုဏ်ပြုပွဲဆုငွေချီးမြှင့်ခြင်း နှင့်ပညာရေးရန်ပုံငွေပေးအပ်လှူဒါန်းပွဲ မှတ်တမ်းတင်ဓာတ်ပုံ
၃၀.၅.၂၀၁၈ ဘန်ကောက်
၁။MOEAF (Thai) မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(ထိုင်း)သည် ထိုင်းနိုင်ငံရှိ အလုပ်သမား ကူညီစောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံဥပဒေများကိုလေးစားလိုက်နာ၍ ဖြေရှင်းဆောင် ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
၂။အလုပ်ရှင်၊ အလုပ်သမား ပြဿနာတို့ကိုဖြေရှင်းရာတွင် မြန်မာသံရုံး၊ မြန်မာအလုပ်သမားသံအရာရှိများ၊ အခြားအလုပ်သမားရေးရာဆောင်ရွက်နေသော မဟာမိတ်အဖွဲ့အစည်းများနှင့် အမြဲတစေပူးပေါင်းဖြေရှင်း ဆောင်ရွက်လေ့ရှိပါသည်။
၃။အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို ဖြေရှင်းသည့်အခါ အလုပ်ရှင်၊ အလုပ်သမား အေဂျင်စီတို့ သုံးဦးသုံးဖလှယ်မျက်နှာစုံညီ ညှိနှိုင်းဖြေရှင်းသည့်နည်းလမ်းဖြင့် မိမိတို့မြန်မာနိုင်ငံသား အလုပ်သမားများအား နစ်နာမှုမရှိစေရန် အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးလေ့ရှိပြီး ၎င်းဖြေရှင်းထားချက်များအား သက်ဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိထံ အချိန်နှင့်တပြေးညီ အစီရင်ခံတင်ပြလေ့ရှိပါသည်။
ဘန်ကောက်၊22.5.2017
အလုပ်နာချိန်ကိစ္စရပ်နှင့်ပက်သက်ပြီ ဘန်ကောက်မြို့နယ် စူစဝပ် ၇၂လမ်းရှိထိုင်းမာစတာပက်အမည်ရှိ ဆာလာအိတ်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ယနေ့ နံနက် ၈နာရီအချိန်
ခန့်တွင် တောင်းဆိုဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းအလုပ်သမားများထံကသိရသည်။
ယခု ၂၁ရက်နေ့မှစတင်၍ အလုပ်ရှင်ဖြစ်က အလုပ်နားချိန်နဲ့ပက်သက်ပြီ စည်းကမ်းချက်အသစ်ထုတ်ပြန်ခဲ့ရာ အလုပ်သမားများဘက်က အဆိုပါစည်းကမ်းချက်အပေါ်လိုက်နာရန် အဆင်မပြေရာမှစ၍ တောင်းဆိုဆန္ဒပြမှုဖြစ်ခဲ့ရာ အလုပ်သမားများကဆန္ဒပြမြန်မာအလုပ်သမားများက အလုပ်သမားသံအရာရှိဦးစန်းမောင်ထံဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။
၁၅.၅.၂၀၁၈၊ ဘန်ကောက် |အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီးရှိ စူခူဝီ ၂၆လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူက မြန်မာအလုပ်သမား တစ်ဦး၏ အထောက်အထားစာရွက်များ၊သိမ်းထားပြီး လုပ်ခလစာမပေးသည့် အတွက် ရရှိမည့် လစာ နှင့်အထောက်အထားများတောင်းရာတွင် ယင်းအလုပ်သမား ကို ထိုင်းလုပ်ငန်းရှင် ပစ္စည်းခိုးယူမှုဖြင့်ရဲစခန်း သို့တိုင်းကြားကာ ဖမ်းခိုင်းခဲ့ကြောင်း သိရသည်။
အလုပ်ရှင်ထံမှ ဘတ်ငွေ၇၀၀၀ခန့်လုပ်အားခမရရှိသလို အလုပ်သမား၏သက်သေခံစာရွက်စာတမ်းကို
လည်းသက်တမ်းတိုးပေးမည်ဟုပြောဆိုသိမ်းဆည်းထားသဖြင့် အလုပ်သမားက လုပ်အားခပေးမည့်ရက်နှင့်သက်သေခံစာရွက်စာတမ်းများသက်တမ်းတိုးရန်သွားရောက်ပြောဆိုသည့်အခါ အကြောင်းအမျိုးမျိုးပြပြီး
မကြာခဏရွှေ့ဆိုင်ကြောင်းကို အလုပ်သမားဖြစ်သူ ကိုဆန်လေကပြောသည်။
မေ ၂၇ ဘန်ကောက်
မေလ၂၆ရက်နေ့ညက ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ (Krabi) ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင်
အလုပ်ချိန်ပြင်ပတွင် လောင်းကစားလုပ်ကြရာမှ စကားများ ရန်ဖြစ်ပြီး သေနတ်နှင့် ပစ်ခတ်မှုတခုဖြစ်ပွား
၍ MoU လုပ်သားတဦးသေဆုံးခဲ့ပါသည်။
အခင်းဖြစ်ပွား၍ သတင်းရလျှင်ရခြင်း သက်ဆိုင်ရာမြန်မာအေဂျင်စီနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAFCall Centre မှ တာဝန်မှူးတို့သည် အလုပ်သမားသံအရာရှိထံသတင်းပို့၍ ကဘီမြို့သို့ ညတွင်းခြင်း ထွက်ခွါခဲ့ပါသည်။ကဘီရဲစခန်းတွင် အလုပ်သမားများနှင့်အတူ အမှုဖွင့်တိုင်ကြားခြင်း၊တရားခံဖမ်းမိနိုင်ရေးအတွက် ကဘီရဲဌာန၊.ကဘီမြို့ပရဟိတ အသင်းမှ ဦးမှတ်ကြီး၊ ကိုမျိုးချစ်တို့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။