Sunday, May 27, 2018

ထိုင်းအလုပ်ရှင်နဲ့အလုပ်သမားကြားနာလည်မှုလွှဲမှားရာမှ အလုပ်သမားများလူစုလူဝေးဖြစ်




ဘန်ကောက်၊22.5.2017

အလုပ်နာချိန်ကိစ္စရပ်နှင့်ပက်သက်ပြီ  ဘန်ကောက်မြို့နယ် စူစဝပ် ၇၂လမ်းရှိထိုင်းမာစတာပက်အမည်ရှိ ဆာလာအိတ်စက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် ယနေ့ နံနက် ၈နာရီအချိန်
ခန့်တွင် တောင်းဆိုဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းအလုပ်သမားများထံကသိရသည်။

ယခု ၂၁ရက်နေ့မှစတင်၍ အလုပ်ရှင်ဖြစ်က အလုပ်နားချိန်နဲ့ပက်သက်ပြီ စည်းကမ်းချက်အသစ်ထုတ်ပြန်ခဲ့ရာ အလုပ်သမားများဘက်က  အဆိုပါစည်းကမ်းချက်အပေါ်လိုက်နာရန် အဆင်မပြေရာမှစ၍ တောင်းဆိုဆန္ဒပြမှုဖြစ်ခဲ့ရာ အလုပ်သမားများကဆန္ဒပြမြန်မာအလုပ်သမားများက အလုပ်သမားသံအရာရှိဦးစန်းမောင်ထံဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။

ထိုင်းလုပ်ငန်းရှင် ထံ အထောက်အထားစာအုပ်နှင့်ရရှိမည့်လစာ တောင်းသည့် မြန်မာအလုပ်သမားကို ပစ္စည်းခိုးသည်ဟုစွပ်စွဲကာ ဖမ်းခိုင်း




၁၅.၅.၂၀၁၈၊ ဘန်ကောက် |အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီးရှိ စူခူဝီ ၂၆လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူက မြန်မာအလုပ်သမား တစ်ဦး၏ အထောက်အထားစာရွက်များ၊သိမ်းထားပြီး လုပ်ခလစာမပေးသည့် အတွက် ရရှိမည့် လစာ နှင့်အထောက်အထားများတောင်းရာတွင် ယင်းအလုပ်သမား ကို ထိုင်းလုပ်ငန်းရှင် ပစ္စည်းခိုးယူမှုဖြင့်ရဲစခန်း သို့တိုင်းကြားကာ ဖမ်းခိုင်းခဲ့ကြောင်း သိရသည်။

အလုပ်ရှင်ထံမှ ဘတ်ငွေ၇၀၀၀ခန့်လုပ်အားခမရရှိသလို အလုပ်သမား၏သက်သေခံစာရွက်စာတမ်းကို
လည်းသက်တမ်းတိုးပေးမည်ဟုပြောဆိုသိမ်းဆည်းထားသဖြင့် အလုပ်သမားက လုပ်အားခပေးမည့်ရက်နှင့်သက်သေခံစာရွက်စာတမ်းများသက်တမ်းတိုးရန်သွားရောက်ပြောဆိုသည့်အခါ အကြောင်းအမျိုးမျိုးပြပြီး
မကြာခဏရွှေ့ဆိုင်ကြောင်းကို အလုပ်သမားဖြစ်သူ ကိုဆန်လေကပြောသည်။

ကဘီမြို့တွင် MoU လုပ်သားတဦး သေနတ်နှင့် ပစ်ခတ်ခံရမှုအား MOEAF မှ သွားရောက် ကူညီဆောင်ရွက်ပေးနေ



မေ ၂၇ ဘန်ကောက်

မေလ၂၆ရက်နေ့ညက ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ (Krabi) ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင်
အလုပ်ချိန်ပြင်ပတွင် လောင်းကစားလုပ်ကြရာမှ စကားများ ရန်ဖြစ်ပြီး သေနတ်နှင့် ပစ်ခတ်မှုတခုဖြစ်ပွား
၍ MoU လုပ်သားတဦးသေဆုံးခဲ့ပါသည်။

အခင်းဖြစ်ပွား၍ သတင်းရလျှင်ရခြင်း သက်ဆိုင်ရာမြန်မာအေဂျင်စီနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAFCall Centre မှ တာဝန်မှူးတို့သည် အလုပ်သမားသံအရာရှိထံသတင်းပို့၍ ကဘီမြို့သို့ ညတွင်းခြင်း ထွက်ခွါခဲ့ပါသည်။ကဘီရဲစခန်းတွင် အလုပ်သမားများနှင့်အတူ အမှုဖွင့်တိုင်ကြားခြင်း၊တရားခံဖမ်းမိနိုင်ရေးအတွက် ကဘီရဲဌာန၊.ကဘီမြို့ပရဟိတ အသင်းမှ ဦးမှတ်ကြီး၊ ကိုမျိုးချစ်တို့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Friday, May 25, 2018

အချိန်မီချုပ် အစုတ်သက်သာ



ရွှေ့ပြောင်းအလုပ်သားများ ဆိုသည်မှာ  မိမိတို့ဘဝ တိုးတက်မြင့်မားရန်   ရေကြည်ရာ မြက်နုရာ
ရွှေ့ပြောင်းရင်းသွားလာကြသူများလို့ခေါ်ဆိုပါသည်။ လွန်ခဲ့သည်နှစ်ပေါင်း၂၀ကျော်ကတည်းက
 မြန်မာလုပ်သားများစွာသည် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုစတင်ခဲ့ရာမှ ၂၀ဝ၃ ခုနှစ်တွင်
 နှစ်နိုင်ငံအစိုးရ သဘောတူညီမှု MOUစနစ်ဖြင့် တရားဝင်အလုပ်သမားများဝင်ရောက်ခဲ့ ယခုအခါ
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားစုစုပေါင်း လေးသန်းခန့်ရှိသည်ဟု ဆိုကြသည်။

မြန်မာအစိုးရမှ ထိုင်းနိုင်ငံမှာအလုပ်လုပ်နေသည့် သန်းချီရှိသည့် မြန်မာအလုပ်သမားများအရေးကိစ္စ
နှင့်ပက်သက်၍ ဆောင်ရွက်ရန် အလုပ်သမားသံအရာရှိတစ်ဦးကို ၂၀၀၃ခုနှစ်တွင် စတင်ခန့်အပ်ခဲ့ရာ
ယမန့်နှစ်မှ စတင်၍ အလုပ်သမားသံအရာရှိ ၅ဦးထိတိုးမြှင့်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။


Thursday, May 24, 2018

အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရသည့် မြန်မာအလုပ်သမားများ ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)ရုံးသို့သွားရောက် တိုင်းကြား


စမွတ်ပုရာကန်၊ ၂၃.၅.၂၀၁၈

ထိုင်းအလုပ်ရှင်က အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုများနဲ့ပက်သက်၍ မြန်မာအလုပ်သမားများမှ စမုပရာကန်ခရိုင် အလုပ်သမား ကာကွယ်ရေးဌာန(ဆဝါဒီကန်)ရုံးသို့သွားရောက်တိုင်းကြားကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှသိရသည်။

ထိုင်းနိုင်ငံ စမွတ်ပုရာကန်ခရိုင် ဘန်ဖီမြို့နယ် ခေါင်စုန်နန်းရပ်ကွက် အုန်သယ်လမ်းရှိ ရေခဲစက်ရုံမှ မြန်မာအလုပ်သမား ၆၈ယောက်တို့သည် လုပ်အားခခေါင်းပုံဖြက်ခံရမှု၊အလုပ်သမားများလုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရရှိ၍ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများဖြစ်ပါက နစ်နာကြေးမှုအပါဝင် အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုတို့ကြောင့် ယနေ့နံနက် ၇နာရီအချိန်ခန့်တွင် စမွတ်ပုရာကန်ခရိုင်ရှိ  အလုပ်သမားကာကွယ်ရေး ဌာန(ဆဝါဒီကန်)ရုံးသို့သွားရောက်တိုင်ကြားကြောင်းသိရသည်။

Monday, May 21, 2018

မြင်းကောင်းပြေးရာ ခွာကျိုးကန့်လန့်


တစ်နွယ်ငင် တစ်စင်ပါ ဆိုစကားကဲ့သို့ နိုင်ငံတစ်ခု၏ စီးပွားရေးအပြောင်းအလဲ၌ဖြစ်စေ နိုင်ငံရေးအပြောင်းလဲကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသည့် အခြေနေအမျိုးမျိုးတို့ကို နိုင်ငံသားများသာမက အဆိုပါနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံခြားသားများပါအနည်းနဲ့အများကြုံတွေ့ရစမြဲဖြစ်သည်။

ကုန်လွန်ခဲ့ပြီ ၄နှစ်ခန့််က ထိုင်းတောင်ပိုင်းမှာဖြစ်နေသလို ဖြစ်စဉ်နဲ့ပုံစံတူပေမယ့် အထိခိုက်အဆုံးရှုံးအနေနဲ့ ယခုဖြစ်စဉ်ထက် အဆပေါင်းများစွာထိခိုက်နစ်နာမှုများခဲ့သည် ဖြစ်ရပ်တစ်ခုကို မြန်မာအလုပ်သမားပေါင်းများစွာကြုံတွေ့ခဲ့ရသည် တောင်ပိုင်းသစ်စက်ကိစ္စထက်ပိုမိုပြင်းထန်းခဲ့သည် ၎င်းဖြစ်စဉ်မှာ လူကုန်ကူးမှုကိစ္စရပ်များနဲ့ပက်သက်၍ ထိုင်းနိုင်ငံမှထွက်ရှိသည့် ပင်လယ်ရေထွက်ပစ္စည်းများကို EUအပါဝင်အနောက်နိုင်ငံများက အဆိုပါနိုင်ငံများသို့ တင်သွင်းခွင့်ယာယီရပ်ဆိုင်ခဲ့ရာ အုတ်အုတ်သောင်းနင်းဖြစ်ခဲ့ရပြီ ရေလုပ်ငန်ရှင်တွေထိခိုက်ခဲ့ရသလို အဆိုပါလုပ်ငန်းများ၌ ၀င်ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအပြားလည်းအတော်ကိုရင်စည်းခံခဲ့ရသည်။ အထောက်ထားမရှိသူများ အထောက်ထားမပြည့်စုံသူများ ဖမ်းကြဆီးကြနဲ့ အလုပ်ပြုတ်သူတွေလည်းမနည်းသလို အချိန်ပို(OT)ပါမရကြသဖြင့် ကသောင်းကနင်းဖြစ်ခဲ့ရသည်။


Tuesday, May 15, 2018

ထိုင်းတောင်ပိုင် အလုပ်သမားများအရေး အလုပ်သမားသံအရာရှိဆောင်းရွက်လျက်ရှိ

 


ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီခရိုင် ထာ့ချမ်းမြို့ရှိ Girut ရာဘာသစ်ခွဲစက်ရုံသည် ယခုနှစ် ဧပြီလ ၃၀ရက်နေ့ မှစ၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်သွားသည့်နောက် စက်ရုံရှိမြန်မာအလုပ်သမား၃၅ဦးကို ယခင်လုပ်ငန်းအစား စက်ရုံသန့်ရှင်းရေးလုပ်ငန်းများခိုင်စေးခဲ့ရာ အလုပ်သမားများက မလုပ်နိုင်သဖြင့် အလုပ်သမားသံအရာရှိထံဆက်သွယ်အကူညီတောင်းခံခဲ့ကြကြောင်းသိရသည်။

အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး၏ လမ်းညွှန်ချက်ဖြင့် ပြည်ပအလုပ်လုပ်ကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF)အဖွဲ့သည် ထိုင်းတောင်ပိုင်း မြန်မာ အလုပ်သမားစောင့်ရှောက်ရေးကော်မတီ(MPC)နှင့် Girut ရာဘာသစ်ခွဲစက်ရုံရှိ အလုပ်သမားများနှင့်သွားရောက်တွေ့ဆုံပြီးနောက် ထိုင်းအလုပ်သမားဥပဒေအတိုင်းနစ်နာကြေးများရရှိစေရန်ဆောင်းရွက်ပေးခဲ့ကြောင်းသိရသည်။