ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
ကျွန်တော်ကတော့အဲ့
ဒီ စကားကိုအရင်က စိုင်းထီးဆိုင် သီချင်းထဲမှာရယ်၊ မြန်မာစကားပုံထဲမှာရယ်
ကြားဖူးပါတယ်။ ဘယ်လောက်လေးနက်တယ်ဆိုတာကိုတော့ မတွေးမိခဲ့ ပါဘူး။ အဲ
့ဒီစကားဟာ ကျွန်တော်တို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မနှင့် ဆက်စပ်နေပြီး
သဘောအဓိပ္ပါယ် တော်တော် လေးနက်တဲ့  စကားဖြစ်ပါတယ်။
ဝဋ်
'၀ဋ် ' ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာပါသည်။ သံသရာ
လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း
ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌
ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိပါသည်။ ၀ဋ်
သုံးမျိုးရှိပါသည်-
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေပါသည်။
သို့ ဖြစ်၍ '၀ဋ်' နှင့် '၀ိပါက' သည် စကားလုံး ကွဲပြားသော်လည်း
ဘဘောအဓိပ္ပါယ် မကွဲပြားပါ။ ထို့ ကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ
ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' ဟူ၍လည်းကောင်း 'သူတပါးကို
မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ ငရဲမှာ အပတဲ့ ' ဟူ၍လည်းကောင်း
အစဉ်အလာ ဆုံးမပြောဆိုကြခြင်း ဖြစ်ပါသည်။
ရေခံမြေခံ၊ ကျွန်းနောက်ခံ
ထိုင်းနိုင်ငံ၊ ကော့တောင်းကျွန်း
အပန်းဖြေစခန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်သည့်
သတင်းသည် ယနေ့လူမှုကွန်ရက်တွင် ထင်ရှားသည့် သတင်းဖြစ်သကဲ့သို့
နိုင်ငံတကာတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည့် သတင်းဖြစ်လာခဲ့သည်။
ထိုဖြစ်ရပ်အပေါ်အခြေခံ၍ ကျွန်းနောက်ခံ သမိုင်းကို လေ့လာ ကြည့်သည့်အခါ ဆက်စပ်
စဉ်းစားစရာများ အများအပြား တွေ့လာရသည်။
ကော့တောင်း အပန်းဖြေကျွန်းကို
မြန်မာလိုပြန်ရလျှင် လိပ်ကျွန်းဟု အဓိပ္ပာယ်ရပြီး ၁၈၀၀ ပြည့်များ ကာလက မလေး
လူမျိုးများ တံငါလုပ်ငန်းဖြင့် အသက်မွေးရာ နေရာဖြစ်ခဲ့သည်။ ၁၈၉၀
ခုနှစ်တွင် ထိုင်းဘုရင် ချူလာလောင်ကောင်း လာရောက်ခဲ့ပြီး နောက်ပိုင်း
ထိုင်းလူမျိုးများ အခြေချနေထိုင် လာခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် တစ်ကျွန်းကျ
အပြစ်ပေးခံရသူများကို ထားရှိရာ နေရာအဖြစ် အသုံးပြုခဲ့သည့်ကျွန်း
ဖြစ်ခဲ့သည်။ ၁၉၄၇ နောက်ပိုင်းတွင် တစ်ကျွန်းကျသူများအား ကျွန်းတွင်ထားရှိ
အပြစ်ပေးခြင်းမျိုး မပြုတော့သည့်နောက် ပိုင်းတွင် တစ်ကျွန်းမှ
လွတ်မြောက်လာသူတို့ ထိုကျွန်းမှာပင် နေထိုင်ရာမှ ကျွန်းရွာကြီးအဖြစ်
ပေါ်ပေါက် လာခဲ့သည်။ ၁၉၆၀ ခုနှစ် နောက်ပိုင်း ဗီယက်နမ် စစ်ပွဲအပြီးတွင်
အမေရိကန် နိုင်ငံသားများ အပန်းဖြေရာ နေရာအဖြစ် အသုံးပြုခဲ့ရာမှ ၁၉၉၀
နောက်ပိုင်းတွင် ထင်ရှားသည့် အပန်းဖြေ ကျွန်းစုတွင် ပါဝင်လာခဲ့ခြင်း
ဖြစ်သည်။
ထိုကျွန်းစုတွင် ဟန်မျိုးနွယ် မိသားစု ၅
စုက ၁၉၄၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်နှစ်များတွင် အခြေချနေထိုင်
လွှမ်းမိုးထားသည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုမျိုးနွယ်စု ခေါင်းဆောင်များကို
ချောင်ဖိုဟုခေါ်ပြီး မာဖီးယား ခေါင်းဆောင် သို့မဟုတ် ဂေါ့ဖားသားနှင့်
အလားတူပင် ဖြစ်သည်။ တရားမ၀င် လုပ်ငန်းရော၊ တရားဝင် လုပ်ငန်းပါ
အကုန်ဆောင်ရွက် လုပ်ကိုင်ကြသူများဖြစ်ပြီး ၎င်းမိသားစုကြီးများ၏ သြဇာကို
လွန်ဆန်သူဟူသမျှ အသက်ရှင်နိုင်ရန်ပင် မလွယ်ဟုသိရသည်။ ၎င်းတို့နှင့် ဆက်စပ်ကာ
မူးယစ်လုပ်ငန်းကို လုပ်ကိုင်နေသည့် ““ဖရန်”” ဟုခေါ်သော လူဖြူအုပ်စုလည်း
ထိုကျွန်းစုများတွင် နေရာယူထားကြသည်။ ထိုနိုင်ငံခြား အုပ်စုထဲတွင်
ရုရှားလူမျိုးများက အများဆုံး ဖြစ်သည်ဟု ဆိုသည်။
◇မိုးရွာရင် ရေပါပြီး ၊ မိုးပျောက်ရင် ရေခြောက်ရသလို◇ ဒေါ်စု ၊ ပွင့်လင်းတို့ တစ်နေရာ တစ်မြို့မှာ ပွဲတစ်ခု ကျင်းပချိန်ဆ
ို လူတွေက ကြက်ပျံမကျ စည်ကား ၊ အနီရောင် အလံတွေ ၊ ခေါင်းစည်းတွေ ၊ ပုဝါတွေ
လှိုင်းထအောင်များပြား အားရစရာ၊သွေးကြွစရာ ။
သူတို့တွေ ပြန်သွားပြီဆိုတော့မှဖြင့် စောစောက လှိုင်း တွေလို လူတွေ ၊ ဝံ့ကြွားမှုတွေ ၊ သတ္တိတွေ ၊ စည်းလုံးမှု တွေက အလံတွေပုဝါတွေနဲ့အတူပျောက်ကွယ်သွားကြ။ မိုးရွာရင် ရေပါလာပြီး မိုးပျောက်ရင် ရေခြောက်ရသလို၊
ခေါင်းဆောင်မှုကို မျှော်တဲ့ အကျင့်ဆိုးတွေ စွဲကပ်နေတဲ့ ကျွန်တော်တို့ သာမာန် ပြည်သူလူထုတွေ ။ အချိန်ပြည့် ဦးဆောင်ပေးဖို့ လိုဘမပြည့်တော့ အလိုမကျလာကြ ။ တစ်ကယ်ဆို ခေါင်းဆောင်သူတွေ မှားတယ် မဆိုနိင် ဘူး ။ သူတို့မှာလည်း ကိုယ်လိုသူလို လူတစ်ယောက်၊
Written by ကေတု
ကျေးဇူးဆိုသည်မှာ ကောင်းသော အကျိုးတရားဖြစ်သည်။ တစ်စုံတစ်ယောက်ကြောင့် အခြားသူ တစ်ဦးမှာ ကောင်းကျိုးဖြစ်ထွန်းသော် ကျေးဇူး ရှိသည်ဟု ဆိုနိုင်လေသည်။
လူသည် တစ်ဦးတစ်ယောက်တည်း သီးခြား နေထိုင်၍ မရဘဲ တစ်ဦးကို တစ်ဦး အပြန်အလှန် မှီခို ကျေးဇူးပြုကြခြင်း အားဖြင့် မိမိဘဝ မိမိအသိုင်းအဝိုင်း တည်မြဲစေရန် ကြိုးစား အားထုတ် ကြရမည်သာ ဖြစ်ပေသည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျေးဇူးပြု၍ ဆက်ဆံ နေထိုင်ကြမှသာလျှင် အဓွန့်ရှည် တည်မြဲ နေနိုင်မည် ဖြစ်သည်။
လူမှုကျင့်ဝတ်တွင် ကျေးဇူး သိတတ်ခြင်းသည် အရေးကြီးသော ကျင့်ဝတ်ဖြစ်သည်။ ကျေးဇူးပြုရန် လွယ်ကူသော်လည်း ကျေးဇူးသိရန်မှာ မလွယ်လှပါ။ သိတတ်သော ကျေးဇူးကို ကျေပွန်အောင် ပေးဆပ်ရန်ငှာ ပိုမို၍ မလွယ်ကူပါ။ ကျေးဇူးပြုဖူးသူအား ပြန်လည် ကူညီခြင်း၊ အကျိုး ဆောင်ရွက်ပေးခြင်း တို့သည် ကျေးဇူးသိခြင်း မည်၏။ ကျေးဇူးတရားကို မမေ့ခြင်း ၊ ပြန်လည် ကျေးဇူးဆပ်ခြင်း တို့သည် မြင့်မြတ်သော အမှု သို့မဟုတ် ကောင်း မှုပြုခြင်း ဖြစ်ပေသည်။
ကျေးဇူးတရားနှင့် ပတ်သက်၍ ကျေးဇူး သိတတ်မှုရှိသော ''ငခင်ညို''အကြောင်းသည် မှတ်သား နာယူ ဖွယ် ဖြစ်သည်။ သူသည် ပင်းယဘုရင်အား လုပ်ကြံရန် လာခဲ့သည်။ အခြေအနေ အချိန် အခါကောင်း ကို စောင့်ရင်း အချိန်များ ကုန်လွန်သွားသည်နှင့် အမျှ ဆာလောင် မွတ်သိပ်မှု ဖြစ်ပေါ် လာသည်။ ပင်းယဘုရင် တင်ထားသော မင်းမဟာဂီရိ နတ်ပွဲမှ ထမင်းတစ်လုတ်ကို ယူစားမိ သည်။ ဘုရင်အား လုပ်ကြံရန် အခွင့်သာ ခဲ့သော်လည်း စားခဲ့ဖူးသော ထမင်းတစ်လုတ် ကျေးဇူးကြောင့် မသတ်ဘဲ ပြန်လာခဲ့သည်။
ကောသလမင်းသည် သူဆင်းရဲများနှင့် ခိုကိုးရာမဲ့များကို အဆွေခင်ပွန်း သဖွယ်ကူညီစောင့်ရှောက် သူအဖြစ် ဝေးနီးအနှံ့ ထင်ရှား ကျော်စောလေသည်။
ဤသတင်းကို ကြားရသောအခါ ကာသိမင်းသည် လွန်မင်းစွာ မနာလိုဝန်တိုခြင်းဖြစ်မိ၏။
“ငါ၏ ပြည်သူတို့သည် ကောသလမင်းက ငါ့ထက် တန်ခိုးကြီးမြင့်သည်ဟူ၍ မှတ်ထင်နေကြသည် ၊ ကောသလမင်းသည် အလှူဒါန ပြုဟန်ဆောင်လျက် ပြည်သူတို့ကို သူ့ဘက်ပါလေ အောင် ကြံဆောင်ဘိ၏ ၊ ရှက်ဖွယ်အပြုအမူသာတကား၊ အို စစ်သည်တို့..စစ်ပြုရန် ပြင်ကြလော့၊ မည်သူက ပို၍ တန်ခိုးကြီး မြင့်ကြောင်းကို ဓားလှံလက်နက်ဖြင့် စစ်ဆေးပြပါအံ့”..။
ဤသို့ သူသည် ကြုံးဝါးပြီးလျှင် ကောသမင်းကို စစ်ပြုလေသည်။မကြာမီ စစ်ပွဲသည် ပြီးဆုံးသွားလေ သည် ၊ ကောသလမင်းသည် စစ်ရှုံးသဖြင် တောတွင်းသို့ ပြေးဝင် ပုန်းအောင်နေရလေသည်။ ဤတွင် ကာသိမင်းက......
မိမိတို့ စိတ်အစဉ်တို့သည်
ကြည် လင်ဖို့လို၏။
စိတ်ကြည်လင်လျှင်
သစ္စာ၏အရိပ်အရောင်တို့သည်လည်း
ပဲ့တင်ရိုက်ခတ်၏။
သစ္စာ နှင့်ယှဉ်လျှင်
မှန်မမှန် ဒွိဟ ဖြစ်စရာမလို
ဆုံးဖြတ်ချက် မှန်လေ၏။
ကိုယ်သက်သာမူကို
မက်မောတဲ့
သူဟာသူတစ်ပါးအကျိုးစီးပွားကို
မလုပ်ဘူး။
တစ်နည်းအားဖြင့် ကာယမစ္ဆရိယရှိတဲ့သူပဲ။