ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
“အိမ်တွင်အကြမ်းဖက်မှု” ဆိုသည့်စကားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်ရေး သားထားသော “Domestic Violence” ကိုတိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
အိမ်တွင်အကြမ်းဖက်မှုသည် မိသားစုတခုတွင် အတူနေထိုင်ကြသော မိသားစုအဖွဲ့ဝင်တယောက်မှ အခြားတယောက်အား စိတ်ပိုင်း၊ရုပ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ အရနိုင်ထက်စီးနင်းကျင့်ကြံပြုမူခြင်းကို အိမ်တွင်းအကြမ်းဖက်မူဟု ခေါ်ဆိုင်နိုင်သည်။ အိမ်တွင်း အကြမ်းဖက်မှုသည် လူတို့လက်ခံယုံကြည်ကျင့်သုံးနေသော အခြေနေများအရလည်း ကွဲးပြား မှုရှိ သည့်အတွက် အခြားသော အဓိပ္ပါယ်ဖွင့်ဆိုမှုများကိုလည်း ဖော်ပြလိုပါသည်။
ခန္ဓာကိုယ်တွင်းရှိ ကလီစာများအား ဖြတ်တောက်ခံရသကဲ့သို့ ခံစားမှု၊ အရိုးအကြောများ အပိုင်းပိုင်း ရိုက်ချိုးခံရသကဲ့သို့ ခံစားမှု၊ နှလုံးသားအား ဆုပ်ကိုင်ဖြစ်ညှစ်သကဲ့သို့ ခံစားမှု၊ အသက်ရှူလမ်းကြောင်း အား ဖိညှစ်ပိတ်စို့ခြင်းခံရသကဲ့သို့ ခံစားမှု၊ အသွေးအသားများ ဖောက်ထုတ်စုတ်ယူ ခံရသကဲ့သို့ ခံစားမှု စသည့် အနိဠာရုံခံစားမှုများသည် ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာခဲ့ရသည်။ ဤသည်ကား ကိုယ်ခန္ဓာ (ကာယကံ) ခံစားမှုများတည်း။
အသံနက်ကြီးဖြင့် စိမ်းစိမ်းဝါးဝါး အော်လိုက်သံ၊ အမေကယ်ပါ … အဖေကယ်ပါ ဟူ၍ ညည်းညူ အော်ဟစ်သံ၊ ကျိတ်မနိုင်၊ ခဲမနိုင် ဖျစ်ညှစ်အော်လိုက်သည့်အသံများ၊ အထိတ်တလန့် လျှပ်တစ်ပြက် အော် ဟစ်လိုက်သံ၊ ခြောက်ခြားဖွယ်ထွက်ပေါ်လာသော အံကြိတ်သံ၊ ဖြေညှင်းစွာလေသံပျော့ဖြင့် ညည်းတွား လိုက်သံ စသည့် နှုတ်ဝဇီမှ ထွက်ပေါ်လာသော ခံစားမှုများသည် ဝဇီတည်းဟူသော မိမိ၏နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံများပင်ဖြစ်သည်။ ဤသည်ကား နှုတ်ခမ်းပါးစပ်မှ (ဝဇီကံ) ခံစားမှုများပင် ဖြစ်သည်။
လူတိုင်းလူတိုင်း
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်း သာယာတဲ့
တိုင်းပြည်နိုင်ငံတစ်ခု ဖြစ်ဖို့ ဘာအရေးကြီး ဆုံးလဲဆိုတဲ့ မေးခွန်းကို
အခုတလော အမေး များကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံး
သဘောအကြိုက်ညီဆုံး အဖြေက တော့ အစိုးရကောင်း တစ်ခုရှိဖို့ပဲဆိုတာ ဖြစ်တယ်။
ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ
အစိုးရကောင်း
ဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆို ချက်တွေ အများအပြား ရှိနိုင်တယ်။
အမေရိကန်ရဲ့ အစိုးရကောင်းဆိုတဲ့ စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရ
ကောင်းဆိုတဲ့ စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့ စံနှုန်းနဲ့
ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ
တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။
ဒီလို
ကွဲပြားခြားနားတာတွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို
အငြင်းပွားနေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက် အရ
ကိုယ့်အတွက် အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုး ဖြစ်ဖို့ပဲ အရေးကြီးတယ်။
မြန်မာလူမျိုးတစ်ယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့
အတွေ့အကြုံ အရ ပြောရမယ် ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့
အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။
မကြုံဖူးလို့
ဘာကြောင့်လဲဆိုတော့ အဲဒီအစိုးရမျိုး တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့လို့ပဲ။
လွတ်လပ်ရေးရတဲ့ အချိန်မှာ အသက်ရှစ်နှစ်သားပဲ ရှိသေးတယ် ဆိုတော့
ကိုလိုနီခေတ် အကြောင်းတွေ ဘာတွေ သိပ်မသိပါဘူး။ လူကြီးသူမတွေ ပြောတာလောက်ပဲ
ကြားဖူးခဲ့ရ တယ်။
Wednesday, 15 October 2014
ကော့တောင်ကျွန်း ဖြစ်စဉ်မှာ ဈေးဦးပေါက် မဟုတ်သလို နောက်ဆုံးလည်း
ဖြစ်ဖို့မသေချာလှပါ။ ထိုင်းရောက် မြန်မာအလုပ်သမားများ ဥပဒေ၏ အကာအကွယ်မရဘဲ
တရားလက်လွတ် ဆက်ဆံခံနေရ သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
ထိုင်းမှာ အမှုအခင်း ဖြစ်လေ့ရှိတိုင်း မြန်မာအလုပ်သမားများ
ထိုးကျွေးခံရခြင်းမှာ အစဉ်အလာလို ဖြစ်နေပြီ။ ထိုင်းနိုင်ငံတောင်ပိုင်း
ရေငုပ်ဒိုက်ထိုးသမား ခရီးသွားများ အကြိုက်တွေ့ရာ ကော့တောင် အမည်ရ
လိပ်ကျွန်း ၌ ဗြိတိန် စုံတွဲ အသတ်ခံရမှုတွင် ပြစ်မှု ကျူးလွန်သည်ဟုဆိုကာ
မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ စွပ်စွဲလိုက် ပြန်သည်။
ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားဘဲ ဖမ်းဆီးလာသည်ဟု ဆိုကာ ဆိတ်ဖမ်းလာ သည်ဟု
ထိုင်းမီဒီယာများက သရော်ကြလေသည်။
လိပ်ကျွန်းက ဆိတ်ဖမ်းပွဲ
ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (Koh Tao) သို့ လာရောက်
လည်ပတ်သည့် ဗြိတိန်စုံတွဲ အသတ်ခံ ရမှု တွင် အဓိက သံသယရှိသော
လိပ်ကျွန်းသူကြီးသား အပါအဝင် ထိုင်းနိုင်ငံသား အချို့နှင့်
နိုင်ငံခြားသား တစ်ဦးကို စစ်ဆေးခြင်း မပြုဘဲ လွှတ်ထားပြီး မြန်မာအလုပ်သမား
နှစ်ဦးကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ထိုင်းရဲတပ်ဖွဲ့က
ဖမ်းဆီးထားမှုကြောင့် ဝေဖန်မှုများ ပွက်လောရိုက် နေသည်။
ခိုင်လုံမှု
မရှိသည့် စွပ်စွဲချက်များဖြင့် မြန်မာနှစ်ဦးကို ဖမ်းဆီးလာခြင်းကို
Scapegoats (ထိုးကျွေးခံရသည့် ဓားစာခံ) ဖမ်းလာသည်ဟုဆိုကာ မြန်မာနှစ်ဦး
မျက်နှာတွင် ဆိတ်မျက်နှာဖုံး တပ်ထားသည့် ပုံများနှင့် ထိုင်းမီဒီယာနှင့်
အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ထိုင်းအစိုးရကို သရော်ခဲ့ကြသည်။
အခင်းဖြစ်ပွားသည့် ညတွင် ဗြိတိန်စုံတွဲ အသတ်ခံရသည့် နေရာအနီးတွင် အဆိုပါ
မြန်မာနှစ်ဦးနှင့်အတူ ဂစ်တာတီး၊ ဘီယာအတူ ထိုင်သောက်ခဲ့သည့်
မြန်မာတစ်ဦးကိုလည်း ထိုင်းအစိုးရက သက်သေအဖြစ် ထိန်းသိမ်းထားသည်။
အခင်းဖြစ်ပွားရာ နေရာတွင် တွေ့ရှိသည် L&M အမှတ်တံဆိပ် စီးကရက်တိုပေါ်က
မျိုးရိုးဗီဇ (DNA)၊ ဗြိတိန် အမျိုးသမီး ကိုယ်တွင်းရရှိသည့် သုက်ပိုး DNA
တို့မှာ မြန်မာနှစ်ဦးဖြစ်သည့် ဇော်လင်း၊ ဝင်းဇော်ထွန်းတို့၏ DNA နှင့်
တူညီနေသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း
အလုပ်သမားများအား မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင်
စက်တင်ဘာလအတွင်က
တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
လူရယ်လို့ ဖြစ်လာကြတဲ့အခါ ဘ၀မှာ အဓိပ္ပာယ်ရှိတဲ့ ဘ၀တွေနဲ့အတူ ရှင်သန်ဖြတ်သန်းသွားချင်ကြမှာပါ။ ဒါ့ကြောင့်လည်း လူတိုင်းလူတိုင်း လှုပ်ရှားရုန်းကန် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူချင်းတူပေမယ့် ရှင်သန်ကြီးပြင်းလာချင်းတော့ မတူကြပါဘူး။ ဘယ်လိုအသိုင်းအ၀ိုင်းက ရှင်သန်ကြီးပြင်းလာသူတွေဖြစ်စေ လူ့လောက၊ လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုမယ့်သူတွေ ဖြစ်ဖို့လိုပြီး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် တစ်ဖက်ဖက်က တတ်စွမ်းသမျှ အကျိုးပြုနိုင်တဲ့အဖြစ် ဘ၀မှာ ရှင်သန်ကြဖို့တော့ လိုပါတယ်။ ဒီနေ့ဒီအချိန်အခါမှာ ဘာရည်ရွယ်ချက်မှမရှိဘဲ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို ရှင်သန်နေကြမယ်ဆိုရင် လူဖြစ်လာပေမယ့် နိုင်ငံနဲ့ လူမျိုးအတွက် ဘာမှအကျိုးမပြုတဲ့သူပဲ ဖြစ်နေပါလိမ့်မယ်။
ရည်ရွယ်ချက်မဲ့နေတဲ့ ဘ၀တွေနဲ့အတူ မိဘလုပ်စာ၊ မိန်းမလုပ်စာ၊ ညီအစ်ကိုမောင်နှမလုပ်စာ ထိုင်စားပြီး ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ အချိန်တွေ ထိုင်ဖြုန်းနေမယ် ဆိုရင်တော့ ရှင်သန်နေရတဲ့ ဘ၀တွေက အဓိပ္ပာယ်မဲ့နေကြပါလိမ့်မယ်။ လူသားတစ်ဦး ဖြစ်လာပြီဆိုရင်တော့ မိမိတတ်နိုင်သမျှ တစ်ထောင့်တစ်နေရာကနေ နယ်ပယ်အသီးသီးရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ကူညီ ပံ့ပိုးပြီး တာဝန်ကျေပွန်ကြဖို့လည်း လိုပါတယ်။ အသိဉာဏ်ရှိတဲ့ လူသားတစ်ဦးဖြစ်ပြီး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံမှာ ဘယ်ထောင့်၊ ဘယ်နေရာ၊ ဘယ်သူ့အတွက်မှ အကျိုးမပြုဘူးဆိုရင် ငါဟာ အသိဉာဏ်ရှိတဲ့ လူသားတစ်ဦး ဖြစ်ထိုက်ရဲ့လား၊ ရှင်သန်နေတဲ့ ငါ့ဘ၀က အဓိပ္ပာယ်ရှိရဲ့လားလို့ မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ် မေးခွန်းထုတ်ဖို့ လိုကြပါလိမ့်မယ်။
ဆရာ ကျော်မျိုးသူ၏တောင်းဆိုချက်အရ မူရင်းအတိုင်း လေ့လာနိုင်စေရန်ပါ။
နမောတသ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
စိႏၱိတံ သတၱသေခၤ်ယ် ၊ န၀သေခၤ်ယ် ၀ါစကံ ၊ ကာယ၀ါစာ စတုခ်ာတံ ။
ဗုဒ္ဓတ္တံ သမုပါဂမိ၊ ဟူသော ပါဌ်ဂါထာနှင့်လျော်စွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ခန္တီပါရမီ၊ ၀ီရိယပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ၊ ပါရမီဆယ်ပါး ၊ အပြားသုံးဆယ် စွန့်ခြင်း ကြီးငါးပါး၊ စရိယသုံးပါးတရားတို့ကိုဖြည့်တော်မူ၍ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတည်းဟူသော သစ္စာလေးပါးတရားတို့ကိုသိတော်မူ၍ ဂင်္ဂါ သဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော ပညာဓိကဘုရား၊ ၀ီရိယာဓိကဘုရား၊ သဒ္ဒါဓိကဘုရားအပေါင်း တို့ကို စောင့်ရှောက် ကုန်သော သမာဓိတိတည်သော စန္ဒီပါရမီသွာ၊ မဟာပိန္နဲ၊ ကုတဲ၊ ဂေါရမန္တနတ်ကြီး ၊ သာသနာတော် ကိုစောင့်သောနတ်ကြီး၊ ပဋိကတ်သုံးပုံ၊ ဗေဒင်လေးပုံကိုစောင့်သောနတ်ကြီး၊ စတုလောကပါလ နတ်ကြီး၊ မဟာမေဂလာနတ်ကြီး၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုးနတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ လေးမျက်နှာ ကိုစောင့်သောနတ်၊ ရှစ်မျက်နှာကိုစောင့်သောနတ်အပေါင်းတို့သည် အမြဲစောင့်ရှောက်တော်မူစေသတည်း။
၁။ အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ
၂။ ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ
၃။ တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ
ထိုသူတွေက ဂဏန်းနဲတူတဲ့လူတွေဖြစ်တယ်။ ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက် ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။ တစ်ခါက လူငယ်တစ်ယောက် ကမ်းခြေ တစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေတဲ့ လူကြီးတစ်ယောက်ကို တအံ့တသြံ ဖြစ်ခဲ့ဘူးတယ်။
ဒီကောင်းလေးက
"အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား "လို့ ပြောတယ်။