မြဝတီ ဇွန် ၆
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၈၄ ဦး သည် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယနေ့တွင် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၁၄၆ ဦး သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ကားခုနစ်စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ဝင်ရောက်ခဲ့ပြီး ကျန် ၁၆၃၈ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန် ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်က ၆၀ ၊ ၂ ရက်က ၅၄ ဦး၊ ၃ ရက်က တစ်ဦး၊ ၄ ရက်က ၄၄ ဦး၊ ၅ ရက်က ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၈ ရက်က ၁၀၀ ၊ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ ၁၁ ရက်တွင် ၁၃ ဦး၊ ၁၂ ရက်တွင် ၄၁ ဦး၊ ၁၃ ရက်တွင် ၁၆ ဦး၊ ၁၄ ရက်တွင် ၃၈ ဦး၊ ၁၅ ရက်တွင် ၁၂၀ ၊ ၁၆ ရက်တွင် ၇၆ ဦး၊ ၁၇ ရက် တွင် ၉၀ ၊ ၁၈ ရက်တွင် ဝင်ရောက် ခြင်းမရှိဘဲ ၁၉ ရက်တွင် ၆၄ ဦး၊ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၂၂ ရက်တွင် ၃၆ ဦး၊ ၂၃ ရက် တွင် ၆၀၄ ဦး၊ ၂၄ ရက်တွင် ၁၁၁၈ဦး၊ ၂၅ ရက်တွင် ၁၂၇၇ ဦး၊ ၂၆ ရက်တွင် ၁၃၉၄ ဦး၊ ၂၇ ရက်တွင် ၁၄၃၄ ဦး၊ ၂၈ ရက်တွင် ၁၁၆၈ ဦး၊ ၂၉ ရက်တွင် ၁၂၀၂ ဦး၊ ၃၀ ရက်တွင် ၁၁၅၂ ဦး၊ ၃၁ ရက်တွင် ၁၅၁၁ ဦး၊ ဇွန် ၁ ရက် တွင် ၁၀၄၃ ဦး၊ ၂ ရက်တွင် ၁၅၁၇ ဦး၊ ၃ ရက်တွင် ၁၅၄၇ ဦး၊ ၄ ရက်တွင် ၁၂၀၄ ဦး၊ ၅ ရက်တွင် ၁၁၉၀ ဦး၊ ၆ ရက်တွင် ၁၇၈၄ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၉၉၆၅ ဦးအထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
လွှဲပြောင်းပို့ဆောင်
အဆိုပါ နေ့အလိုက် ပြန်လည် ဝင်ရောက်သူများအနက် မေ ၁၃ ရက် မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက် သူများနှင့် မေ ၁၇ ရက်တွင် ဝင်ရောက် သူ ၉၀ ဦးအနက် ၄၅ ဦး၊ မေ ၂၇ ရက် တွင် ဝင်ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦး၊ ဇွန် ၄ ရက်တွင် ဝင်ရောက်သူ ၁၂၀၄ ဦးအနက် ၁၂၃ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး သောသူများနှင့် အချုပ်မှ ပြန်လည် လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေး ခြင်းဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူ များအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ အမျိုးသား ၁၁၁၁ ဦး၊ အမျိုးသမီး ၆၇၃ ဦး စုစုပေါင်း ၁၇၈၄ ဦးဖြစ်ကြောင်း သိရ သည်။
ထိန်လင်းအောင်(ပြန်/ဆက်)