Monday, May 18, 2020

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများသိစေရန်သတင်းထုတ်ပြန်ချက်



ယခုအခါ ထိုင်းနိုင်ငံနိုင်တွင်ဖြစ်ပေါ်နေသည့် နေရပ်ပြန်အခက်ခဲဖြစ်နေသည့်မြန်မာအလုပ်သမားများအရေးကိစ္စနှင့်ပက်သက်၍ သောကြာနေ့((16.5.2020)ရက်နေ့တွင် ဘန်ကောက်မြို့ရှိ MOEAF Call Centreရုံးတွင်း မြန်မာသံရုံးမှသံမှူးကြီး ၊အလုပ်သမားသံအရာရှိများ၊ လူမှုအဖွဲ့စည်းများဖြစ်ကြသည့် MWRN ၊ FED ၊ အစ်ဆာရာ၊ရတ်ထိုင်းဖောင်ဒေရှင်၊myanmar liveမှ ကိုစူရချိုင်မင်းထွန်းနှင့်ကိုချစ်၊ AACအဖွဲ့ အခြားလူမှုအဖွဲ့စည်းများနှင့် အစည်းဝေတစ်ရပ်ကျင်းပ၍ နေရပ်ပြန်မည့် မြန်မာအလုပ်သမားများအဆင်ပြေမည့်ကိစ္စရပ်များကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။



ထိုသို့အစည်းဝေဆုံးဖြတ်ချက်များအရ လူမှုအဖွဲ့စည်းများအနေဖြင့် မိမိတို့နီးစပ်ရာနယ်မြေရှိ နေရပ်ပြန်လိုသည့် အလုပ်သမားများကို လိုက်လံစာရင်းကောက်ယူမှုများပြုလုပ်ရန် ဖော်ပြပါလျှောက်လွှာများကို အဆိုပါအစည်းဝေပွဲသို့တတ်ရောက်သူများကို ဝေငှပေးခဲပါသည်။

ထို့နောက်ကျနော်တို့အလုပ်သမားဟစ်တိုင်၊MMPအဖွဲ့တို့မှလည်း အွန်လိုင်နှင့်ရပ်ကွက်များထံမှ နေရပ်ပြန်လိုသည့်အလုပ်သမားများကို စာရင်းကောက်ယူမှုပြုခဲ့ရာယနေ့အထိ သံရုံးသို့ ပေးပို့ပြီအလုပ်သမားဦးရေး ၁၀၀ခန့်နှင့် လက်ရှိ စာရင်းပြုစုနေသည့် အလုပ်သမားဦးရေး ၆၀ဦးရှိပါပြီ၊

ထို့သို့ စာရင်းကောက်ယူသည့် အလုပ်သမားများထံမှ ငွေကြေးတစုံတရားတောင်းယူခြင်းမရှိသော်လည်း ရဲမင်း(AAC)က ၎င်း၏ ဖေ့ဘုတ်အကောင့်၌ ကျနော်၏ ပုံအားယူ၍ အများသူငှားအထင်မြင်လွဲမှားစေမည့် စာများရေးသာထားသဖြင့် ကာယကံရှင်အနေဖြင့် ငွေကြေးကောက်ယူထားသည့်အချက်လက်များရှိပါက အများသူငှားသိစေရန်အမြန်ဆုံးဖြေရှင်းဖော်ရန်သအသိပေးအပ်ပါသည်။

အကယ်၍ ဖြေရှင်းမှုတစုံတရာမရှိပါက နစ်နာသူကျနော်မှ ဥပေဒအတိုင်
ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

စောမောင်