Saturday, April 18, 2020

ထိုင်းတွင် ယခုလ ၁၄ရက် အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထပ်မံမတွေ့ရသည့် ခရိုင် ၂၉ခု



ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည်  ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှစတင်ဖြစ်ပွားခဲ့ရာ ဧပြီလအထိ  ၆၈ ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားလျက်ခဲ့ပါသည်။

ထိုပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားလျက်ခဲ့သည် ခရိုင် ၆၈ခုတွင် လွန်ခဲ့သည့်၁၄ရက်နေ့အထိ ကူးစက်ရောဂါအသစ်ထပ်မံတွေ့ရှိမှုမရှိသည့် ခရိုင် ၂၉ခုရှိကြောင်းထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ သာဝီးဆင်ဝီဆာနူယိုသင်က ယနေ့၌ပြောကြားသည်။


Wednesday, April 15, 2020

ဖီဖီကျွန်းနေ မြန်မာအလုပ်သမားများကို ကိုရိုနာဗိုင်းရပ်စ် အခမဲ့စစ်ဆေးပေး



ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့သတင်းထုတ်ပြန်ချက်အရကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာစုစုပေါင်း ၂၆၄၃ဦးရှိခဲ့ပြီကျန်းမာရေးလည်ကောင်းလာသူ ၁၄၉၇ဦ၊ ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ ၁၁၀၃ဦးနှင့် သေဆုံးသူ ၄၃ ဦးရှိကြောင်းသိရသည်။

ထိုသို့ ကူးစက်ရောဂါပိုမိုထိန်းချုပ်နိုင်ရန် ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်အောနန်မြို့နယ် ဖီဖီကျွန်း၌ မြန်မာအလုပ်သမားများအပါဝင် ဒေသခံထိုင်းလူမျိုးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရှိမရှိကို  အခမဲ့ စစ်ဆေးပေးလျက်ရှိကြောင်း မြန်မာအလုပ်သမားများ၏ ပြောကြားချက်အရသိရသည်။

Monday, April 13, 2020

ထိုင်းနိုင်ငံ ၄၄ခရိုင်၌ မိုးရွာသွန်းနိုင်ပြီး လေပြင်းမိုးကြိုးဘေးအန္တရာယ်သတိပေးချက်


ဧပြီ ၁၃ရက်နှင့် ၁၄ရက်နေ့တို့တွင်  ထိုင်းနိုင်ငံရှိ ခရိုင် ၄၄ခုတို့၌ နွေရာသီကာလအပူလွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်ကြီးများကြောင့် မိုးရွာသွန်းခြင်း၊မိုးသီးကြျွေခြင်း၊လေပြင်းတိုတ်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် သဘာဘေးအန္တရာယ်များကို ကြိုတင်သတိပြုရန် ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်သည်။

အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ဘက်ရှိ ဒေသအချို့၌ မိုးသီးကြွေးခြင်း၊ အရှေ့မြောက်ဘက်ပိုင်း၊ အရှေ့ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

Friday, April 10, 2020

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ၌ အသက်ငယ်ဆုံးလူနာ အဖြစ် တစ်လသားအရွယ်ပါဝင်




ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၄၇၃ ဦးရှိလာကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ သာဝီးဆင်ဝီဆာနူယိုသင်က ပြောကြားသည်။ 

ထို့အတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်  လူ ၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် နိုင်ငံအတွင်းသေဆုံးသူစုစုပေါင်း ၃၃ဦး ရှိလာခဲ့ပြီ၊ ကျန်မားရေးပြန်လည်းကောင်းမွန်လာသူ ၁၀၁၃ဦး၊ဆေးကုသမှုဆက်လက်ခံယူနေသူ ၁၄၅၁ဦးတို့ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ က ရှင်းလင်းပြောကြားသည်။

Wednesday, April 08, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၃၀ ရှိလာ



ယနေ့ ထိုင်းနိုင်ငံကူးစက်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ၁၁၁ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် နိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၂၃၆၉ ဦးရှိလာကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၁၁၁ဦးတို့သည် ကျန်းမာရေးအဆင့်သက်မှတ်ချက် အမဲရောင်နယ်မြေဖြစ်သည့် ဘန်ကောက်နှင့်နွန်ထဘူရီ၊ရလာဒေသတို့မှဖြစ်ပြီ ထပ်မံတွေ့ရှိသည့် ကူးစက်ခံရသူများ၌ ကျန်းမာရေးဝန်ထမ်း ၂ဦး လည်းပါဝင်ကြောင်းသိရသည်။

Tuesday, April 07, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေနေ


ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ၌ တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည်။

ကူးစက်မှုနှုန်း အလွန်လျင်မြန်သဖြင့်  ကမ္ဘာတစ်ဝန်းလုံးရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ပေါင်း ၁၂၇၇၅၈၀ ကျော်ရှိပြီး ယင်းတို့အနက် သေဆုံးသူဦးရေ ၇၀၀၀၀ ကျော်နှင့် ကျန်းမာရေးပြန်လည်ကောင်းမွန်သူ  ၂၄၃၃၀၀ ဦး ရှိကြောင်းသိရသည်။

ထို့ကြောင့် ကမ္ဘာ့ပြည်သူလူထုများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပက်သက်၍ စိုးရိမ်မှုများ နေ့စဉ်ဖြစ်ပေါ်နေပါသည်။

Monday, April 06, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁ ဦး ထပ်မံတွေ့ရှိ



ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁ ဦး ကို ထပ်မံတွေ့ရှိသဖြင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၂၂၀ ဦးရှိခဲ့ပြီး ၃ဦး ထပ်မံသေဆုံးခဲ့ကြောင်း ထိုင်းကျန်မားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၂၀ ဦးအနက်ကျန်မားရေးပြန်လည်းေ ကာင်းမွန်လာသဖြင့် ယနေ့တွင် ၁၁၉ ဦးအပါဝင် ၊ နေအိမ်ပြန်ခွင့်ရရှိသူ ၇၉၃ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။