ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ တွေ ခံစားနေရပါတယ်။ အစိုးရတွေကလည်း ဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ပတ်သက်ပြီး နည်းလမ်းမျိုးစုံကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဆိုးကြီး ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးရှိတဲ့ ငါးနိုင်ငံအကြောင်းကို လေ့လာ ကြည့်ပါမယ်။ ဒီနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး အစိုးရတွေက ဘယ်လိုကိုင်တွယ် ဖြေရှင်း နေသလဲဆိုတာ လေ့လာကြည့်ပါစို့။
ဧပြီ ၁ ရက် စစ်တမ်းအရ အရှေ့တောင်အာရှနိုင်ငံ တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၇၀၀ ကျော် ရှိပါတယ်။ မလေးရှားနိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကူးစက် ခံရသူ ၂၉၀၈ ဦးရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်မားဆုံး ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံက ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၁၁ ဦးရှိပြီး ဒေသ တွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ တတိယအများဆုံး နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၇၁ ဦး ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၇၇ ဦးနဲ့ စင်ကာပူနိုင်ငံမှာ ၉၂၆ ဦး ရှိပါတယ်။