Thursday, April 02, 2020

အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ ကူးစက်မှုအမြင့်မားဆုံးရောက်ရှိနေတဲ့ နိုင်ငံ ငါးနိုင်ငံ


ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ တွေ ခံစားနေရပါတယ်။ အစိုးရတွေကလည်း ဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ပတ်သက်ပြီး နည်းလမ်းမျိုးစုံကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဆိုးကြီး ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးရှိတဲ့ ငါးနိုင်ငံအကြောင်းကို လေ့လာ ကြည့်ပါမယ်။ ဒီနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး အစိုးရတွေက ဘယ်လိုကိုင်တွယ် ဖြေရှင်း နေသလဲဆိုတာ လေ့လာကြည့်ပါစို့။

ဧပြီ ၁ ရက် စစ်တမ်းအရ အရှေ့တောင်အာရှနိုင်ငံ တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၇၀၀ ကျော် ရှိပါတယ်။ မလေးရှားနိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကူးစက် ခံရသူ ၂၉၀၈ ဦးရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်မားဆုံး ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံက ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၁၁ ဦးရှိပြီး ဒေသ တွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ တတိယအများဆုံး နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၇၁ ဦး ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၇၇ ဦးနဲ့ စင်ကာပူနိုင်ငံမှာ ၉၂၆ ဦး ရှိပါတယ်။

Wednesday, April 01, 2020

တာ့ခ်ခရိုင်တွင် မြန်မာအလုပ်သမားများအဝင်ထွက်ယာယီ ဆိုင်းငံ့အမိန့်ထုတ်ပြန်




ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုအခြေနေဟာနေ့စဉ် လူဦးရေ၁၀၀ကျော်ကို ရောဂါကူးစက်မှုခံနေရဒါကြောင့်  ခရိုင်အသီးသီးရှိ ဒေသဆိုင်ရာအာဏာပိုင်တွေက ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် အရေးပေါ်အမိန့်များကိုလည်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။

ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ တာ့ခ်ခရိုင် မယ်ဆောက်မြို့မှာလည်း  ကူးစက်ရောဂါပြန့်ပွားမှု  ထိန်းချုပ်ရေးစီးမံချက်တွေအရ  ဧပြီလ  ၂ ရက်နေ့ကနေ ဧပြီလ  ၁၄ ရက်နေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မော်တော်ယာဉ်များဖြင့်  ဒေသအတွင်းတင်ဆောင်လာခြင်းနဲ့ပြင်ပကိုခေါ်ဆောင်သွားတာမျိုးတွေ ယာယီဆိုင်းငံ့ထားရန် အာဏာပိုင်များကနေ ယနေ့မှာအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂ဦးထပ်မံ သေဆုံး



ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ဧပြီလ ၁ ရက်၌ ၂ဦး ထပ်မံသေဆုံးခဲ့သဖြင့်ယခုအခါ သေဆုံးပေါင်း၁၂ ဦးရှိပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Dr. Taweesil Witsanuayothin ၏ ပြောကြားအရသိရသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၀ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာပေါင်း ၁၇၇၁ ဦးရှိလာပြီဖြစ်ကြောင်းသိရသည်။

Tuesday, March 31, 2020

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၀ ဦး သေဆုံး



ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် မတ် ၃၁ ရက်၌ ၁ဦး ထပ်မံသေဆုံးခဲ့သဖြင့် ယခုအခါ သေဆုံးပေါင်း၁၀ ဦးရှိပြီဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၇ဦးကို ထပ်မံတွေ့ရှိပြီး ကြောင်း သိရသည်။

လူဦးရေ ၆၆  သန်းရှိသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀ ဦးရှိပြီး  စမ်းသပ်စစ်ဆေးချက်များအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၁၆၅၁ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာနက ပြောသည်။ 

Monday, March 30, 2020

ထိုင်းနိုင်ငံ ခရိုင် ခြောက်ဆယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွား



Corona virus (Covid-19) ကူးစက်မှုအခြေနေသည် ထိုင်းနိုင်ငံအပါဝင် နိုင်ငံတကာတို့၌ ကူးစက်မှုအခြေနေသည် နေ့စဉ် တစ်ဟုန်ထိုးမြင့်တက်လာသည့်အတွက် ပြည်သူလူထုများအနေဖြင့် စိုးရိမ်းရသည့် အခြေနေတစ်ခုကို ရောက်ရှိလာခဲ့ပါသည်။

မတ်လ ၃၀ရက်နေ့အထိ ရရှိသည့် သတင်းအချက်လက်များအရ ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၆ ခုရှိအနက်   ပြည်နယ် ၆၀တွင် Corona virus (Covid-19) ကူးစက်မှုအခြေနေနေ့စဉ်ဖြစ်ပွားနေပါသည်။

Corona virus (Covid-19) ကူးစက်မှုဖြစ်ပွားနေသည့် ပြည်နယ်များမှာ-


Sunday, March 29, 2020

ထိုင်းတွင် ခရိုင်တစ်ခုမှအခြားခရိုင်သို့ သွားလိုပါက ဆေးထောက်ခံချက်လိုအပ်




ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသည့်လူဦးရေး နေ့စဉ်နဲ့အမျှ ပိုတိုးလာခဲ့သဖြင့်
ကူးစက်ရောဂါထိန်းချုပ်ရေးအစီမံများကို ယခုသီတင်းအပတ်အတွင်း ထိုင်းအာဏာပိုင်များက
အပူတပြင်းဆောင်ရွက်လာခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဆောင်ရွက်နေသူများ
ထံက သိရသည်။

ထိုသို့ ကူးစက်ရောဂါထိန်းချုပ်ရေးအစီစဉ်များ ချမှတ်ဆောင်ရွက်လာသည့်အနက် ခရိုင်အဝင်ထွက်
နယ်မြေများ၌ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းကျန်းမာရေးအဖွဲ့များအပါဝင် ထိုင်းအစိုးရအဖွဲ့များက ခရီးသွားလာသူ
များ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိတို့ကို စစ်ဆေးခြင်းအပါဝင် နှာခေါင်းစည်းများဝေငှပေးခြင်းတို့ကို
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Saturday, March 28, 2020

MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီမှ နှာခေါင်းစည်းများ အခမဲ့ဝေငှမည်



ယခုအခါ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမြင့်တတ်လာခဲ့ရာ ဖစ်ဘူရီခရိုင် ခေါင်ရွဲနယ်မြေတွင် ဖွင့်လှစ်ထားသည့် MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီအနေဖြင့် မြန်မာအလုပ်သမားများအပါဝင် နယ်မြေခံပြည်သူထုများကို နှာခေါင်းစည်းများပြတ်လပ်မှုမရှိစေရန် နှာခေါင်းစည်းများ ထုတ်လုပ်နေပြီ အခမဲ့ဝေငှပေးသွားမယ်လို့ သိရပါတယ်။

ကူးစက်မှုက ပြန့်နှံ့လာတာနဲ့အမျှ နှာခေါင်းစည်းတွေ ဈေးမတန်တဆပေးဝယ်သုံးရတာတွေ နောက်ပြီး သုံးပြီးသားပစ္စည်းတွေကို ပြန်သန့်စင်ရောင်းနေကြတော့ သုံးစွဲသူတွေအတွက်အဆင်မပြေဖြစ်နေကြတာ မြင်တွေ့နေရတာနဲ့ အများကိုလည်း ကူညီရာရောက်အောင် အခုလိုလုပ်ဖြစ်တာပါ လို့ MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီမှ MDဖြစ်သူ မဇာက ရှင်းပြပါတယ်။