Tuesday, May 27, 2014

စဉ်းစားနည်း ၈ နည်း


1. Lateral Thinking (တိုက်ရိုက်သက်ဆိုင်မည်ဟု မထင်ရသော ကိစ္စများကိုပါ ထည့်သွင်း စဉ်းစားသော ပြဿနာဖြေရှင်းနည်း)


2. Matrix Thinking (ကွန်ရက်၊ ကွန်ခြာ စဉ်းစားနည်း)


3. Bu Zan Techniques (building brain power) (ဘာဇန်နည်းများ၊ ဦးနှောက်ပါဝါ ကို တည်ဆောက်ခြင်း)

Monday, May 26, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၉)

 


စစ်ကြောင်းချီခြင်း

ဆွန်ဇုက ဤသို့မိန့်ဆို၏ …
စစ်ကြောင်းချီ၊ တိုက်ခိုက်၊ တပ်စခန်းချရာတို့တွင်လည်းကောင်း၊ ရန်သူ့အခြေအနေကို အကဲခတ် စုံစမ်းထောက် လှမ်းရာတွင်လည်းကောင်း ယေဘုယျ အားဖြင့် အောက်ပါ တို့ကို ဂရုပြု၍လိုက်လျောညီထွေစွာ လိုက်နာဆောင် ရွက် တတ်ရမည်ဖြစ်သည်။ ၎င်းတို့မှာ … တောင်များကိုဖြတ်ကျော်ရာတွင် တောင်ကြားလျှိုကြား စိမ့်စမ်းနှင့်မြက် ပေါရာ လမ်းကြောင်းအတိုင်းချီတက်ပါ။ အမြင်ရှင်းအသာစီးရှိရာ နေရောင်ရသော ကုန်းမြင့်မှာစခန်းချ ပါ။ တောင်ပေါ်အမြင့်မှာရှိသော ရန်သူကို မော့လှန်တက်မတိုက် ပါနှင့်။ ယင်းကား တောင်ပေါ်တိုက်ပွဲဆင်ရာ၌ တပ်အင်အားအနေအထား စီရင်ရပုံ တည်း။

Friday, May 23, 2014

22.5.2557 တွင်စစ်ဦးစီးချုပ်မှထုတ်ပြန်ခဲ့သော ကြေညာချက် ၁၉ချက်

1/2557 =စစ်ဦးစီးချုပ်, ကြည်း/ရေ/လေ တပ်မတော်ဦးစီးချုပ်များနှင့်တကွထိုင်းနိုင်ငံရဲချုပ်တိုမှ အာဏာသိမ်းကြောင်းကြေညာခြင်း

2/2557= နှစ်100အသုံးပြုခွင့်ပေးထာသောလုံးခြုံရေးနှင့်ငြိမ်ဝပ်ပိပြားရေးဥပဒေ(กฎอัยการศึก)အသုံးပြုရန်

3/2557 =ည(22-05) နာရီအတွင်း မထွက်ရအမိန့်ထုတ်ပြန်

Tuesday, May 20, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၈ )

 

နည်းဗျူဟာ အလှည့်အပြောင်း(၉)ချက်

ဆွန်ဇုက ဤသို့ အဆိုအမိန့်ရှိ၏ ... .. .
စစ်ရေးစစ်ရာ နည်းဗျူဟာအရ ပြောရလျှင် စစ်သူကြီးများသည် ရှင်ဘုရင့်အမိန့်တော်ကို နာခံပြီး တပ်အင်အားနှင့် လူထုကို စုစည်းစည်းရုံးကာ စနစ်တကျ ဖွဲ့စည်းစစ်ဆင် ချီတက်ကြရပေသည်။ ဤသို့စစ်ဆင်ချီတက်တိုက်ခိုက်ရာတွင် သိထားရမည်မှာ .. 

ခက်ခဲကြမ်းတမ်းပြီး ဘေးဆိုက်နိုင်သော ကန္တာရမြေနေရာများတွင် တပ်စခန်းမချရ။ 
လမ်းဆုံလမ်းခွ နယ်ခြားဆုံဆည်းရာအရပ်တွင် နီးစပ်ရာတို့နှင့် ပူးပေါင်းမဟာမိတ်ဖွဲ့ပါ။  ဘေးအန္တရာယ်များသော လွင်တီးခေါင်အရပ်တွင် မရပ်နားရ။ ချောင်ပိတ်အဝိုင်း ခံရ မည့် အနေအထားမျိုးတွင် ရုန်းထွက်နိုင်အောင် ပရိယာယ် ဉာဏ်ဆင်တိုက်ပါ။

 

Saturday, May 17, 2014

ကားမ၀ယ်ခင် စစ်ဆေးသင့်သည့် အချက် (၅)ချက်

 ကြိုက်တဲ့ကားတွေ့လို့ သွားဝယ်တော့မယ်ဆိုရင် သတိပြုစစ်ဆေးသင့်တဲ့ အချက် (၅)ချက်ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကားအောက်ပိုင်း
ကားတစ်စီးကို ကြည့်လိုက်လို့ အပေါ်ယံအနာအဆာတွေဆိုတာက ဖုံးကွယ် လို့ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကားရဲ့အောက်ပိုင်းကို သေချာ စစ်ဆေးခြင်းအားဖြင့် ကားတစ်စီးရဲ့ အခြေအနေကို အကြမ်းဖျင်း လေ့လာသုံးသပ်နိုင်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင် ကားအောက်ပိုင်းကို စစ်ဆေးပေးခြင်းအားဖြင့် ကားအောက်ပိုင်း ထိခိုက်မှုနဲ့အခြား အနာအဆာတွေပါ သိမြင်နိုင်ပါတယ်။


Friday, May 16, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၇ )

 

စစ်မက်အပြိုင်အဆိုင်

ဆွန်ဇုက ဤသို့မိန့်ဆို၏ ... .. .
စစ်ရေးဥပဒေသသဘောအရ စစ်သူကြီးများသည် ရှင်ဘုရင့်အမိန့်တော်ကို နာခံပြီး တပ်အင်အားနှင့်လူထုကို စုစည်းစည်းရုံးကာ စနစ်တကျဖွဲစည်းရ၏။ ယင်းနောက် စစ်မြေပြင်ရှေ့တန်းသို့ ထိပ်တိုက်ရင်ဆိုင် အပြိုင်စစ်ခင်း ရ၏။ ဤသို့ စီစဉ်တိုက်ခိုက် အပြိုင်အောင်ပွဲလုရသည်လောက် ခက်ခဲသောအရာဟူ၍ မရှိချေ။ စစ်အောင်နိုင်ရေး အတွက် အပြိုင်အဆိုင်စစ်ခင်းကြရာတွင် အခက်ခဲဆုံးသော ပြဿနာရပ်သည်ကား အရေးအကြောင်း အကွေ့ အကောက်ဖြစ်ရာကို လိုရာဖြောင့်တန်းတည့်မတ်အောင် လုပ်ဆောင်ရခြင်း၊ အန္တရာယ်ဆိုးကျိုး အခြေအနေမှ သည် ကောင်းကျိုးဖြစ်အောင် ဖန်တီးပြောင်းလွှဲရခြင်းပင်ဖြစ်ပေသည်။

Thursday, May 15, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၆ )




အားသာချက်၊ အားနည်းချက်

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ... .. .

စစ်မြေပြင်သို့ဦးစွာရောက်နှင့်ပြီး ရန်သူကိုစောင့်တိုက်ရသူသည် သက်တောင့် သက် သာ အားဖြည့်နားနေရာ ၏။ စစ်မြေပြင်သို့နောက်ကျရောက်လာပြီး ကတိုက်ကရိုက် စစ်ပွဲရင်ဆိုင်ရသူသည် မောပန်းနွမ်းနယ်မှုဒဏ် ခံရတတ်၏။ ထို့ကြောင့် စစ်ရေး ကျွမ်း ကျင်သူတို့အနေနှင့် မိမိတို့အလိုကျအဖြစ် ရန်သူကို လှုပ်ရှား လာစေအောင် စွမ်းဆောင် တိုက်ခိုက်နိုင်၏။ မိမိကိုယ်ကိုမူ ရန်သူ့အလိုကျ အဖြစ်မခံပေ။

မိမိတို့မှန်းထားသည့်အတိုင်း ရန်သူတို့အလိုအလျောက် ရောက်လာစေနိုင်ခြင်းကား မက်လုံးပေး   မြှူနိုင် ၊ဖြားယောင်းနိုင်သောကြောင့် ဖြစ်ရာ၏။ မိမိတို့ထံသို့ ထင်သ လိုရောက်မလာစေနိုင်ခြင်းကား ရန်သူ့နိုင် ကွက်ကိုရှာ၍ ဒုက္ခပေးနှောက်ယှက် တိုက်ခိုက် တားဆီးနိုင်သောကြောင့်ဖြစ်ရာ၏။