Wednesday, September 11, 2013

ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်



အားလပ်ချိန်မှာ ပညာရှာပါ


“ ပညာဟူသမျှ ကို လွတ် လပ် စွာ သင်ယူနိုင်၏”

အလုပ်လာလျှောက်သူတစ်ဦး အား အလုပ်ရှင်က မေးတက်သည့် မေးခွန်း တစ်ခုမှာ “ မောင်ရင် ပညာ အရည် အချင်း ဘယ်လောက်ရှိလဲ၊ဘာသင်တန်း တွေ တက် ခဲ့ဖူးလဲ “ဟူ ၍ ဖြစ်သည်။ပညာအရည် အချင်း မရှိသူနှင့် ပညာအရည်အချင်းရှိသူ တို့၏ ကြားတွင် ကွာဟ ချက် သည် အလွန် ကြီးမား သည်။ ယင်းကွာဟ ချက်ကြီး ကို ဆက်စပ် ပေါင်းကူး ပေးနိုင်သည့် တစ်ခု တည်းသော အရာ မှာလည်း ပညာအရည်အချင်း သာဖြစ်သည်။

Saturday, August 31, 2013

အခ်ိန္ကိုသံုးပါ




ဓန-ပုည-စိလာဘေနေ ကာလံစိယျတိ ကဏ္ဍိတော။
ကီဋနေနစ ဒုမ္မေဓော၊ နိန္ဒါယ ကလဟေန န၀ါ။

(နရဒက္ခဒီပနီ)



ကျိုးကြောင်းမျှော်မြင် ပညာရှင်ကား
စီးပွားဥစ္စာ တတ်ပညာနှင့်
တစ်ဖြာကုသလ မြတ်ပုညကို
မရမနေ ကျိုးရှာဖွေ၍
ချိန်တွေလေးထား ကုန်စေငြား၏။

Sunday, August 25, 2013

ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ(သမိုင်းအကျဉ်း)



နိုင်ငံတော်ဘာသာပြဌာန်းခဲ့သည့်နေ့ရက်
၁၃၂၃ ခုနှစ်၊၀ါခေါင်လပြည့်၊1961 ခုနှစ်၊သြဂုတ်လ 26 ရက်၊စနေနေ့။


နိုင်ငံတော်ဘာသာ ပြဌာန်းသည့်ဥပဒေ
အုပ်ချုပ်ပုံ အခြေခံဥပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေ။ပုဒ်မ ၂၁၊ပုဒ်မခွဲ ၁ အစားထည့်သွင်း ရမည့် စာစား ပုဒ်မခွဲ(၁) ဗုဒ္ဒသာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာ ဖြစ်စေရမည်။


2008 ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်စာသား
ပုဒ်မ361-နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာနိုင်ငံတော်ကိ နိုင်ငံ၏ နိုင်ငံသားအများဆုံး ကိုးကွယ် ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည်စုံသည့် ဘာသာသာနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု သည်။

Wednesday, August 21, 2013

ကလေးလေးရဲ့ ပုံပြင်


ပထမလ
မေမေ
သမီးခန္ဒာကိုယ်က ရှစ်လက်မလောက်ပဲ ရှိသေးတယ်..
ဒါပေမယ့်.. သမီးဆီမှာ.. ကိုယ်အင်္ဂါအကုန်ပြည့်စုံနေပါပြီ..
သမီးမေမေ့အသံလေးကို ချစ်တယ်..
မေမေ့အသံကြားတိုင်း သမီးလက်တွေခြေတွေကို လှုပ်ယမ်းပြတယ်လေ..
မေမေသိရဲ့လား..
သမီးအကြိုက်ဆုံးသီချင်းက မေမေ့ရဲ့ နှလုံးခုန်သံပါမေမေရယ်..


ကိုယ်အလေးချိန် လျော့ကျစေရန် သောက်သုံးစရာများ



(၁) ရေ
ရေသည် ကိုယ်အလေးချိန် လျှော့ချရန် အကောင်းဆုံးအရည်ဖြစ် သည်။ ရေချည်းသပ်သပ်သောက်ရ တာ ငြီးငွေ့လျှင် သံပရာသီး၊ ခရမ်း ချဉ်သီး တစ်စိတ်ခန့်စိတ်၍ရောထည့် ပါက ကယ်လိုရီမလွန်ကဲစေဘဲ အရ သာ ရှိရှိသောက်သုံးနိုင်သည်။

(၂) သစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွင် အမျှင် ဓါတ်နှင့် အာဟာရများ ကြွယ်ဝစွာပါ ဝင်ပြီး ကိုယ်အလေးချိန်လျှော့ချနိုင် စေရန် ကူညီပေးသည်။

(၃) လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည်သည် ဇီဝဖြစ် စဉ်များကိုလျှင်မြန်စေပြီး ကယ်လိုရီ များကို လောင်ကျွမ်းစေသည်။

(၄) ဘလက်ကော်ဖီ
ကဖင်းဓါတ်သည် ဆာလောင်မှု ကိုလျော့ကျစေပြီး ခန္ဓာကိုယ်အပူချိန် မြင့်တက်စေသဖြင့် ကယ်လိုရီများ လောင်ကျွမ်းစေသည်။ နို့ဆီနှင့် သကြားကိုအနည်းငယ်သာထည့် ဖျော်ပါ။

(၅) နွားနို့
နွားနို့တွင် ပရိုတင်း၊ ဗိုက်တာမင် ဒီ၊ ကယ်ဆီယမ်တို့ပါဝင်ပြီး ကြွက် သားများနှင့်အရိုးများကို သန်မာစေ သည်။ မလိုင်ဖယ်ထားသည့် နို့ကိုအဆာပြေသောက်သုံးခြင်းဖြင့် ကယ် လိုရီအမြောက် အများမပါဝင်ဘဲ ဆာလောင်မှုပြေပျောက်စေသည်။

ဇော်ကို
Source:RD
Health Updates Journal
 

Sunday, August 18, 2013

ဆရာဆိုသည္မွာ

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကြင်ကြင်၊
အပြစ်မြင်တိုင်း၊ ၀မ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့။ 

(မဃဒေ၀၊ ၂၆၇)

ဆရာဆိုသည်မှာ အနန္တောအနန္တဂိုဏ်းဝင်ကျေးဇူးရှင်များဖြစ်ကြပါသည်။ မြန်မာ့ယဉ်ကျေးမှု့တွင် ဆရာ၏ဂုဏ်ကျေးဇူးကို အလွန်တန်ဖိုးထားကြပါသည်။ ဆရာသမားကို မိမိတို့၏အမိအဖကဲ့သို့ ခံယူထားကြပါသည်။

အမိအဖ ကိုပင် လက်ဦးဆရာ ဟုသတ်မှတ်ကြပါသည်။ လက်ဦးဆရာဖြစ်သော မိဘကောင်းပါလျှင် သားသမီးများထွန်းပေါက်ကြသည်ဟုဆိုပါသည်။

မြတ်စွာဘုရားမှလွဲ၍ လူသားတိုင်းသည်ဆရာရှိကြသည်ဟုကြားဘူးပါသည်။ ဆရာကူမှလူဖြစ်သည်ဟုလည်း ဆိုကြပါသေးသည်။

Friday, August 16, 2013

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ



ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ   လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။

ဘဝရဲ့စိန်ခေါ်မှုကိုအကြိမ်ကြိမ်ရင်ဆိုင်ရဲပြီးကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက် တဲ့ လမ်း ၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။ ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ

 (၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။

(i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။

 (ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိ တဲ့ အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ် ပိုင်ရှင်တွေ က တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။

ပြိုင်ပွဲမှာသူတို့ရလိုက်တာကသူတို့ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိ မှတ်ပြုခြင်းတွေ ဖြစ်ပါတယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်း ဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။

(၂)
(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး လူလူချင်းကြားမှာ အခြေခံ ကွဲပြားနေ တဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။

အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတား ကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါ တယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲ ကြုံ တာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ် ။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော် မှုတွေဖြစ် တယ်။

(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ် ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေ သူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။

(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ် လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်း ချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်း တဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ် တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။

 (iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ် ၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာ သုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်း လဲနှုန်း ကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေ ရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။

လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင် ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်  ပြောင်းလဲရမယ်။

(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ် လောကမှာဖြစ်ပျက်နေ တဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ် စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်

(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။

 ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က

 (i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။

 (ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ် နားလည် တယ်။

(iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှု က အေးစက် လျစ်လျူရှုမှုထက်များတယ်။

 (၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး ကျွန်တော် တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန် ပိုင်းခြားကြ ယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...

(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ် လူ့ဘဝက ကိုယ့်အတွက် ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ် မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင် တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။

ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံ အပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။

 နိုင်းနိုင်းစနေ ဘာသာပြန်သည်။