(၁) ရေ
ရေသည် ကိုယ်အလေးချိန် လျှော့ချရန် အကောင်းဆုံးအရည်ဖြစ် သည်။ ရေချည်းသပ်သပ်သောက်ရ တာ ငြီးငွေ့လျှင် သံပရာသီး၊ ခရမ်း ချဉ်သီး တစ်စိတ်ခန့်စိတ်၍ရောထည့် ပါက ကယ်လိုရီမလွန်ကဲစေဘဲ အရ သာ ရှိရှိသောက်သုံးနိုင်သည်။
(၂) သစ်သီးဖျော်ရည်
သစ်သီးဖျော်ရည်တွင် အမျှင် ဓါတ်နှင့် အာဟာရများ ကြွယ်ဝစွာပါ ဝင်ပြီး ကိုယ်အလေးချိန်လျှော့ချနိုင် စေရန် ကူညီပေးသည်။
(၃) လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည်သည် ဇီဝဖြစ် စဉ်များကိုလျှင်မြန်စေပြီး ကယ်လိုရီ များကို လောင်ကျွမ်းစေသည်။
(၄) ဘလက်ကော်ဖီ
ကဖင်းဓါတ်သည် ဆာလောင်မှု ကိုလျော့ကျစေပြီး ခန္ဓာကိုယ်အပူချိန် မြင့်တက်စေသဖြင့် ကယ်လိုရီများ လောင်ကျွမ်းစေသည်။ နို့ဆီနှင့် သကြားကိုအနည်းငယ်သာထည့် ဖျော်ပါ။
(၅) နွားနို့
နွားနို့တွင် ပရိုတင်း၊ ဗိုက်တာမင် ဒီ၊ ကယ်ဆီယမ်တို့ပါဝင်ပြီး ကြွက် သားများနှင့်အရိုးများကို သန်မာစေ သည်။ မလိုင်ဖယ်ထားသည့် နို့ကိုအဆာပြေသောက်သုံးခြင်းဖြင့် ကယ် လိုရီအမြောက် အများမပါဝင်ဘဲ ဆာလောင်မှုပြေပျောက်စေသည်။
ဇော်ကို
Source:RD
Health Updates Journal