ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ဧပြီလ ၁ ရက်၌ ၂ဦး ထပ်မံသေဆုံးခဲ့သဖြင့်ယခုအခါ သေဆုံးပေါင်း၁၂ ဦးရှိပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Dr. Taweesil Witsanuayothin ၏ ပြောကြားအရသိရသည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၀ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် အတည်ပြုလူနာပေါင်း ၁၇၇၁ ဦးရှိလာပြီဖြစ်ကြောင်းသိရသည်။







