Monday, March 30, 2020

ထိုင်းနိုင်ငံ ခရိုင် ခြောက်ဆယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွား



Corona virus (Covid-19) ကူးစက်မှုအခြေနေသည် ထိုင်းနိုင်ငံအပါဝင် နိုင်ငံတကာတို့၌ ကူးစက်မှုအခြေနေသည် နေ့စဉ် တစ်ဟုန်ထိုးမြင့်တက်လာသည့်အတွက် ပြည်သူလူထုများအနေဖြင့် စိုးရိမ်းရသည့် အခြေနေတစ်ခုကို ရောက်ရှိလာခဲ့ပါသည်။

မတ်လ ၃၀ရက်နေ့အထိ ရရှိသည့် သတင်းအချက်လက်များအရ ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၆ ခုရှိအနက်   ပြည်နယ် ၆၀တွင် Corona virus (Covid-19) ကူးစက်မှုအခြေနေနေ့စဉ်ဖြစ်ပွားနေပါသည်။

Corona virus (Covid-19) ကူးစက်မှုဖြစ်ပွားနေသည့် ပြည်နယ်များမှာ-


Sunday, March 29, 2020

ထိုင်းတွင် ခရိုင်တစ်ခုမှအခြားခရိုင်သို့ သွားလိုပါက ဆေးထောက်ခံချက်လိုအပ်




ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသည့်လူဦးရေး နေ့စဉ်နဲ့အမျှ ပိုတိုးလာခဲ့သဖြင့်
ကူးစက်ရောဂါထိန်းချုပ်ရေးအစီမံများကို ယခုသီတင်းအပတ်အတွင်း ထိုင်းအာဏာပိုင်များက
အပူတပြင်းဆောင်ရွက်လာခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဆောင်ရွက်နေသူများ
ထံက သိရသည်။

ထိုသို့ ကူးစက်ရောဂါထိန်းချုပ်ရေးအစီစဉ်များ ချမှတ်ဆောင်ရွက်လာသည့်အနက် ခရိုင်အဝင်ထွက်
နယ်မြေများ၌ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းကျန်းမာရေးအဖွဲ့များအပါဝင် ထိုင်းအစိုးရအဖွဲ့များက ခရီးသွားလာသူ
များ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိမရှိတို့ကို စစ်ဆေးခြင်းအပါဝင် နှာခေါင်းစည်းများဝေငှပေးခြင်းတို့ကို
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Saturday, March 28, 2020

MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီမှ နှာခေါင်းစည်းများ အခမဲ့ဝေငှမည်



ယခုအခါ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမြင့်တတ်လာခဲ့ရာ ဖစ်ဘူရီခရိုင် ခေါင်ရွဲနယ်မြေတွင် ဖွင့်လှစ်ထားသည့် MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီအနေဖြင့် မြန်မာအလုပ်သမားများအပါဝင် နယ်မြေခံပြည်သူထုများကို နှာခေါင်းစည်းများပြတ်လပ်မှုမရှိစေရန် နှာခေါင်းစည်းများ ထုတ်လုပ်နေပြီ အခမဲ့ဝေငှပေးသွားမယ်လို့ သိရပါတယ်။

ကူးစက်မှုက ပြန့်နှံ့လာတာနဲ့အမျှ နှာခေါင်းစည်းတွေ ဈေးမတန်တဆပေးဝယ်သုံးရတာတွေ နောက်ပြီး သုံးပြီးသားပစ္စည်းတွေကို ပြန်သန့်စင်ရောင်းနေကြတော့ သုံးစွဲသူတွေအတွက်အဆင်မပြေဖြစ်နေကြတာ မြင်တွေ့နေရတာနဲ့ အများကိုလည်း ကူညီရာရောက်အောင် အခုလိုလုပ်ဖြစ်တာပါ လို့ MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီမှ MDဖြစ်သူ မဇာက ရှင်းပြပါတယ်။

Friday, March 27, 2020

တရားမဝင်းနယ်စပ်ဖြတ်ကျော်မည့် အထောက်ထားမဲ့မြန်မာအလုပ်သမား ၆၃ဦး ပြန်လွတ်ပြီ


ထိုင်းနိုင်ငံမှာဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမြန်မာနှစ်နိုင်ငံနယ်စပ် သောင်းရင်းမြစ်ကမ်းတလျောက်ရှိ အဝင်ထွက်ဂိတ်များကို ယခုလ ၂၃ရက်နေ့က စတင်ပိတ်ပြီးနောက် မြန်မာအလုပ်သမား ၈၁ဦးတို့သည် တရားဝင်းနယ်စပ်ဖြတ်ကျော်ရန်ကြိုးစားနေစဉ် ထိုင်းအာဏာပိုင်များကယမန့်နေ့ ဖမ်းဆီးရမိခဲ့ပါတယ်။


“ မနေ့က သတင်းရတာနဲ့ချက်ချင်း သူတို့ကို ထိန်းသိမ်းထားတဲ့နေရာသွားပြီး ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းတာ၆၈ဦးထဲမှာ အထောက်ထားရှိတဲ့ ၁၃ဦးက နေ့ချင်းပဲ ပြန်လွှတ်ခဲ့ပြီ ကျန်တဲ့၆၈ဦးက အထောက်ထားမဲ့တွေဆိုတော့ စစ်ဆေးနေတာနဲ့ ဒီကနေ့ပဲ မြန်မာဘက်ကိုပြန်လွှဲပြောင်းပေးလိုက်ပါတယ်” လို့ မယ်ဆောက်မြို့ရှိအလုပ်သမားသံအရာရှိဦးဝေလင်းမောင်ကပြောပါတယ်။


Monday, March 09, 2020

ကိုရိုနာရောဂါကြောင့် နေရပ်ပြန်မြန်မာအလုပ်သမားများထိုင်းသို့ပြန်လာပါက ၁၄ရက်စောင့်ကြည့်မယ့်သတင်းပြန့်နှံ့





ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကြာ ပြန့်နှံ့နေသည့် သတင်းတစ်ခုမှာ မြန်မာနိုင်ငံသို့အကြောင်းကိစ္စအမျိုးမျိုးဖြင့် ပြန်သည့် အလုပ်သမားများ ထိုင်းနိုင်ငံသို့ပြန်လည်းဝင်ရောက်သည့်အခါ နယ်စပ်မြို့၌
ရှိသည့် ကိုရိုနာရောဂါစောင့်ကြည့်ရေးဌာနများသို့ ပို့ဆောင်၍ (၁၄)ရက် စောင့်ကြည့်ကြောင်းသတင်းများထွက်ပေါ်လျက်ရှိပါတယ်။

အဆိုပါထွက်ပေါ်နေသည့် သတင်းနှင့်ပက်သက်၍ အလုပ်သမားဟစ်တိုင်မှ မယ်ဆောက်မြို့ရှိ ရောင်ခြည်ဦးအလုပ်သမားရေးအဖွဲ့က ကိုဟိန်းထံဆက်သွယ်မေးမြန်းခဲ့ရာ “လက်တလောအဲသလိုအစီစဉ်မျိုးလုပ်ဆောင်နေတာတော့ မတွေ့ရသေးဘူး ၊ ဒါပေမယ့် ထိုင်းဘက်က ဌာနဆိုင်ရာတာဝန်ရှိသူတွေကတော့ ကိုရိုနာရောဂါ နဲ့ပက်သက်ပြီး အသိပညာပေးတာမျိုးတွေတော့ လုပ်ပေးနေတယ်” လို့ ပြောပါတယ်။

Saturday, February 29, 2020

ထိုင်းနိုင်ငံ၌ အလည်ဗီဇာဖြင့်လာရောက် အလုပ်လုပ်ကိုင်ခြင်းသည် တရားမဝင်ပါ


ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံသို့တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုစေ့ငှစွာလေ့လာမှုမရှိဘဲ
ပွဲစားများ၏ပြောစကားအား လက်ခံယုံကြည်ကြပြီး အလည်ဗီဇာသက်တမ်းအမျိုးမျိုး(၃လ) (၁နှစ်)၊ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass)အပါဝင် တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်။


ပွဲစားများ (Broker) ၏စကားကို ယုံကြည်ကြပြီး တရားမဝင်နည်းလမ်းမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်
အလုပ်ကိုင်ကြသူများအနေဖြင့် အလုပ်သမားအခွင့်ရေး၊လူ့အခွင့်ရေးချိုးဖောက်ခံရခြင်း၊ အဓမ္မလုပ်အား
ခိုင်စေခံရခြင်း၊ လိင်ပိုင်ဆိုင်ရာအမြတ်ထုတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့ကိုမလွဲမသွေတွေ့ကြုံရပါမည်။

Friday, December 20, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် ဒီဇင်ဘာလ ၁၈

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGOs) များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။