Sunday, November 10, 2019

တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းက ဖမ်းပြီးပြန်ပို့



ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာ၊ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်တာတွေကြောင့် လူကုန်ကူးခံရသူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး ရနောင်း-ကော့သောင်း နယ်စပ်ကနေ ပြည်နှင်ဒဏ် ပေးခဲ့တာပါ။ ဒီထဲမှာ မလေးရှားကို သွားကြမယ့် လူကုန်ကူးခံရသူတွေလည်း ပါဝင်တယ်လို့ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာရဲ့ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။

Saturday, November 09, 2019

ကော့သောင်းနယ်စပ်ဂိတ်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်လက်ခံ



ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၉၅ ဦး ၊ အမျိုးသမီး ၁၃ဦးနှင့်ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၁၁၀ ဦး ကို ယမန်နေ့ ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်း မြို့နယ်တာဝန်ရှိအဖွဲ့အစည်းများကပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။

နခုံပထုန်ရှိနာမည်ကြီးတံဆိပ်အဝတ်အထည်ထုတ်လုပ်သည့်စက်ရုံပိတ်သိမ်းရန်ကြေငြာချက်ထုတ်ပြန်


ထိုင်းနိုင်ငံ နခုံပထုန်ခရိုင် မီ(င်)နယ်မြေ ထနွန်ခတ်ရပ်ကွက် အုပ်စု(၃)အမှတ်(၉၆) Nitpointကုမ္ပဏီလီမိတက့်အမည်ရှိ နိုင်ငံခြားပို့ကုန် နာမည်ကြီးတံဆိပ်အဝတ်အထည်ထုတ်လုပ်သည့်စက်ရုံပတ်သိမ်းရန်(၈.၁၁.၂၀၁၉)နေ့ကကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ကြောင်းသိရသည်

၎င်းကြေငြာချက်ထုတ်ပြန်ခြင်းကြောင်း အလုပ်သမား (၂၃၀)ဦးသည် မိမိတို့ရရှိမည့် လုပ်အားခ ၂လကျော်ခန့် ၄ ဝိစာနှင့်မိမိတို့ရသင့်ရတိုက်သည့်အခွင့်အရေးများနှင့်တရားမျှတမှုရရှိရန် နခုံပထုန်ခရိုင် မြို့တော်ခန်းမတွင် ၎င်းကုမ္ပဏီလုပ်သမားများသွားရောက်တောင်းဆိုခဲ့ကြောင်းသိရသည်

Wednesday, November 06, 2019

နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်



လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော် အချိန်ကတည်းကစပြီး မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ကာလတလျှောက်လုံး ပြည်တွင်းစစ်ဖြစ်ပွားခဲ့မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရမှု၊ ဘာသာရေး ဖိနှိပ်ခံရမှု၊ အလုပ်အကိုင် ရှားပါးမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ရေကြည်ရာ မြက်နုရာဆိုသလို နိုင်ငံခြားတိုင်းပြည်များသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သွားရောက် လုပ်ကိုင် စားသောက်လျက်ရှိပါသည်။

နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင် စားသောက်နေကြသည်ဟု ဆိုသော်လည်း၊ အများစုမှာ အိမ်နီးချင်း ထိုင်းနိင်ငံတွင် ဒေသခံ ထိုင်းနိုင်ငံသားများ မလုပ်သည့် ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များသော၊ ညစ်ပတ်ပေရည်ပေသော လုပ်ငန်များနှင့် အိမ်အကူ (အိမ်ဖော်) လုပ်ငန်းများကို အဓိကအားဖြင့် လာရောက် လုပ်ကိုင် စားသောက်ကြပါသည်။
ထိုင်း-မြန်မာအစိုးရများ၏ အတည်ပြုချက်အရ တရားဝင် မြန်မာအလုပ်သမား ၂.၂ သန်းခန့် အလုပ်လုပ်ကိုင်နေသည်ဟု သိရပါသည်။

Monday, November 04, 2019

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် မင်္ဂလာအခမ်းအနားကျင်းပ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကဒီမြို့နယ် ဘန်ကဒီရပ်ကွက် ရှိ စုထမ်ဝတီ(ဘန်ကဒီ)ထိုင်းဘုန်း တော်ကြီးကျောင်း၌ မန်မီ(၂၅၅၇) ကုမ္ပဏီလီမီတက်နှင့် မြန်မာ အလုပ်သမားများစုပေါင်း၍ မြန်မာ နှင့် ထိုင်းသံဃာတော်များအား ၁၃၈၁ခုနှစ် တန်ဆောင်မုန်းလဆန်း ၇ရက် ယနေ့ဒေသစံတော်ချိန် နံနက် ၉နာရီခွဲက မဟာဘုံကထိန် မင်္လာအခမ်းအနားကို ကျင်းပခဲ့ ကြောင်း သိရသည်။


Sunday, November 03, 2019

စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ


Mangmee (2014) Co.,Ltd မိသားစုနှင့်မြန်မာအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် 
အလှူတော်မင်္ဂလာပွဲ

Mangmee (2014) Co.,Ltd မိသားစုမှ မတည်၍ ထိုင်းရောက်မြန်မာအလုပ်သမားများ
စုပေါင်းပြီး အလှူဒါနပြုလုပ်နေတဲ့ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ
အခမ်းအနားမြင်ကွင်းများကို ကြည်ညိုသဒ္ဒါပွားများနိုင်စေရန် တင်ဆက်ပေးခဲ့ပါတယ်။



Mangmee (2014) Co.,Ltd မိသားစုနှင့်မြန်မာအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ