Friday, March 15, 2019

မြန်မာအလုပ်သမားအချင်းချင်းဓားဖြင့်ထိုးသက်





ထိုင်းနိုင်ငံ စမူပုရာကန်ခရိုင် ဖတ်ပဒဲ့နယ်မြေ ဘန်ခလုရပ်ကွက် စူစဝပ် ၇၀လမ်းအတွင်းယမန်နေ့(၁၄.၃ .၂၀၁၉) ည၈နာရီခန့်ကအမျိုးသားအလောင်းတစ်ဦးမြောင်းထဲကျနေသည်ကို ထိုင်းနိုင်ငံသားတစ်ဦးမှ တွေ့ရှိရပြီးတာဝန်ရှိရဲအရာရှိများထံ ဆက်သွယ်အကူညီတောင်း ခဲ့ကြောင်းသိရသည်။

Thursday, March 14, 2019

ထိုင်းနိုင်ငံရှိအီလက်ထရောနစ်စက်ရုံမှမြန်မာအလုပ်သမား ၅၀ ဦးခန့်အလုပ်မှ ရပ်စဲခံရ



ဘန်ကောက်မြို့နှင့် ၇၄ကီလိုမီတာအကွာဝေးရှိ ချွန်ဘူရီခရိုင် အမတစက်မှုဇုန်ရှိ အီလက်ထရွန်နစ်စက်ရုံ
တွင်ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားဦးရေး၅၀ခန့် အကြောင်းမဲ့အလုပ်မှထုတ်
ခံရသဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ၁၃.၃.၂၀၁၉ရက်နေ့က ဖုန်းမှတဆင့် ဆက်သွယ်
အကူညီ တောင်းခံလာကြောင်းသိရသည်။


အလုပ်သမားသံအရာရှိရုံးအနေဖြင့် အလုပ်သမား၅၀ဦးအရေးနှင့်ပက်သက်၍  ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)၊ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့နှင့်ချိက်ဆက်ပြီး သွားရောက်ဖြေရှင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Monday, March 11, 2019

မလေးရှားနိုင်ငံသို့သွားမည့် တရားမဝင် မြန်မာအလုပ်သမား(၃၀)ခန့် စုန်ခလာခရိုင်၌ ဖမ်းဆီးခံရ



ယခုလ ၉ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင် စဒေါင်နယ်မြေ စံနပ်တဲ(ဝို)ရပ်ကွက်အုပ်စု(၈)ရော်ဘာခြံအနီးရှိတောအုပ်အတွင်းမှ မြန်မာအလုပ်သမားများသည် ရွာထဲ၌ ရေခဲထုတ်များမကြာခဏ
လာဝယ်နေကြောင်းကို ဒေသခံတစ်ဦးမှ ရပ်ရွာလူကြီးထံဆက်သွယ်အကြောင်းကြားလာသဖြင့် နယ်မြေခံထိုင်းစစ်တပ်မှတာဝန်ရှိသူများအပါဝင် ရပ်ရွာလူကြီးများပါဝင်သည့်စစ်ရေးအဖွဲ့ဝင်(၂၀)ဦးခန့်သည် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

Thursday, February 28, 2019

အလုပ်သမားများ၏ မီးဖွားမှုနှင့် ရင်သွေးငယ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိစ္စ


ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမားများ၏ မီးဖွားမှုနှင့် ရင်သွေးငယ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိစ္စ



၁။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားအလုပ်သမား များနှင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ မီးဖွားပြီး ရင်သွေးငယ်များ၏ နိုင်ငံသားစိစစ်မှုဆိုင်ရာလုပ်ငန်းအား တင်ပြပေးလိုပါသည်။


Wednesday, February 27, 2019

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂၀၀ဦးအတွက် လျှော်ကြေးငွေ ဘတ်သိန်း၁၂၀ရရှိအောင် အလုပ်သမားသံအရာရှိ ဆောင်ရွက်




ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့ ဘန်ခွပ်စက်မှုဇုန်ရှိ သံထည်ပစ္စည်း စက်ရုံတစ်ခု၌ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၃၀၀ဦးရှိသည့် အနက် စက်ရုံပြန်လည်ပြင်ဆင်ရန် အလုပ်မှရပ်ဆိုင်းခံရသည့် အလုပ်သမား ၂၀၀ဦးအတွက် ဥပဒေအရနစ်နာကြေးငွေရရှိစေရန် အလုပ်သမားသံအရာရှိသံအရာရှိဦးစန်းမောင်ဦး၊ဦးဇော်မင်းထွေး၊

ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးဌာန(ဆဝါဒီကန်)နှင့်ထိုင်းအလုပ်အကိုင်၊အလုပ်သမားရှာဖွေရေးဌာန(ကျဟာငန်)တို့ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။


Friday, February 15, 2019

ကော့ဖငန်ကျွန်းမှ အထောက်ထားမဲ့မြန်မာအလုပ်သမားများအဖမ်းခံရ




ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်ကျွန်းတွင် (၁၄.၂.၂၀၁၉)နေ့၌ ဆူရတ်ဌာနီခရိုင် ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဗိုလ်မှူး Mr. Wanchana Bawornboon၊ နယ်လှည့်ရဲတပ်ဖွဲ့၊နယ်မြေရဲတပ်ဖွဲ့၊ ဆူ
ရတ်ခရိုင် ထိုင်းအလုပ်သမားဝန်ကြီးဌာန(DOE) တို့သည် ကျွန်းပေါ်တွင် အလုပ်သမားများနေထိုင်ရာနှင့် 
အလုပ်နေရာများကို ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

Thursday, February 14, 2019

CBS-WORLDကုမ္ပဏီကို စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး


၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ  ၁၄ ရက်၊အလုပ်သမားဟစ်တိုင်၊ဘန်ကောက်

ဘန်ကောက်မြို့၊ လန်စီနယ်မြေ ကျဲဝပ်ထနလမ်း ဘန်ခင်ဈေးအနီးရှိ ထိုင်းနိုင်ငံသားစူလရ-စီဌ၀ါချိဝ(၆၀နှစ်)ပိုင်ဆိုင်သည့် တိုတ်ခန်းတွင် ဖွင့်လှစ်ထားသည့် CBS-WORLDကုမ္ပဏီကိုထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ထိုင်းရဲတပ်ဖွဲ့နှင့်နယ်မြေပေါင်းစုံကဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့(၁၄.၂.၂၀၁၉)တွင် စာရွက်စာတမ်းများအတုပြုလုပ်ကြောင်းသတင်းရရှိချက်အရ၀င်ရောက်
စစ်ဆေးခဲ့ပါသည်။