ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့ ဘန်ခွပ်စက်မှုဇုန်ရှိ သံထည်ပစ္စည်း စက်ရုံတစ်ခု၌ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၃၀၀ဦးရှိသည့် အနက် စက်ရုံပြန်လည်ပြင်ဆင်ရန် အလုပ်မှရပ်ဆိုင်းခံရသည့် အလုပ်သမား ၂၀၀ဦးအတွက် ဥပဒေအရနစ်နာကြေးငွေရရှိစေရန် အလုပ်သမားသံအရာရှိသံအရာရှိဦးစန်းမောင်ဦး၊ဦးဇော်မင်းထွေး၊
ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးဌာန(ဆဝါဒီကန်)နှင့်ထိုင်းအလုပ်အကိုင်၊အလုပ်သမားရှာဖွေရေးဌာန(ကျဟာငန်)တို့ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။





