၁။ထိုင်းနိုင်ငံတွင်ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့်မကြာမီကျရောက်တော့မည့်မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလတွင်မိမိတို့၏နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည်ဖြစ်ပါသည်။
၂။ထိုင်းနိုင်ငံဒေသအသီးသီးမှခွင့်ပြန်ကြမည့်မြန်မာနိုင်ငံသားအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံမှထွက်ခွာပြီး၊ပြန်လည်ဝင်ရောက်ကြမည့်အလုပ်သမားများအနေဖြင့်ထိုင်းနိုင်ငံအတွင်းမှထွက်ခွာချိန်တွင်Immagration Law အရ Re-Entry တုံးထုသွားရမည်ဖြစ်ပါသည်။
၃။သို့ဖြစ်ပါ၍သင်္ကြန်ကာလမိမိတို့နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည့်မြန်မာအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံ၏Immagrationထွက်ပေါက်များမှတရားဝင်ထွက်ခွာနိုင်ရေး၊တရားဝင်ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် Re-Entry တုံးဖိုးကုန်ကျစရိတ်များသက်သာစေရေးတို့အတွက်ထိုင်းနိုင်ငံရှိသက်ဆိုင်ရာဌာနအသီးသီးနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။






