Saturday, August 25, 2018

အလုပ်နေရာလွဲမှားသဖြင့် မြန်မာအလုပ်သမားကျောင်းဆရာသုံးဦးနှင့် တရားဝင်စာရွက်စာတမ်းမရှိသည့်မြန်မာသံဃာတော်တစ်ပါး ထိုင်း ဥပဒေနဲ့အညီအရေးယူခြင်းခံရ



သြဂုတ်လ ၁၅ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းပတ္တနီခရိုင်ဘာနာမြို့နယ်ရှိ လမ်(န်)နုတ်(က်)ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းဖွင့်လှစ်ထားရှိသည့် မြန်မာစာသင်ကျောင်းသို့ထိုင်းရဲတပ်ဖွဲ့၊ထိုင်းအလုပ်သမားဦးစီးဌာန၊ထိုင်းလူဝင်မှုကြီးကြပ်ရေး(လ၀က)အဖွဲ့၊ထိုင်းစစ်တပ်တို့က ၀င်ရောက်စစ်ဆေးခဲ့ရာတွင် ကျောင်းဆရာတွေအဖြစ်ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂ဦး၊ အလည်ဗီဇာဖြင့်ဝင်ရောက်လာသူမြန်မာနိုင်ငံသား၁ဦး၊သံဃာတော်၁ပါးတို့သည် ထိုင်းဥပဒေနဲ့အညီအရေးယူခြင်းခံရကြောင်းသိရပါတယ်။

“အဲဒီစာသင်ကျောင်းဖွင့်ထားတာ ၅နှစ်လောက်ရှိနေပါပြီး စဖွင့်ချိန်က“ရွှေအိုးစည်”နာမည်နဲ့မြန်မာအလုပ်သမားတွေဖွင့်လှစ်ခဲ့တာပါ လက်ရှိစာသင်နေတဲ့ကလေးပေါင်း၇၅ယောက်ခန့်ရှိပါတယ်” လို့ ထိုင်းနိုင်ငံ
တောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် FEDအဖွဲ့မှ ကိုမင်းဦးကပြောပါတယ်။


Friday, August 24, 2018

အားကျစေချင် နည်းပညာရှင်များ (၁)


လယ်ရီပိတ် (Larry Page) သည် ၁၉၇၃ ခုနှစ်တွင် မွေးဖွားပြီး အသက် ၂၀ ကျော်အရွယ်တွင် Google ဆိုသည့် ကမ္ဘာကျော် ကုမ္ပဏီကြီး၏ CEO ရာထူးကို ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ သူသည် ကမ္ဘာ့ ၉ ဦးမြောက် အချမ်းသာဆုံး သူဌေးစာရင်းဝင်ဖြစ်နေသည်။ သူ၏ ကြွယ်ဝသောပိုင်ဆိုင်မှုမှာ ဒေါ်လာ ၅၁ ဘီလီယံခန့် ရှိသည်။

လယ်ရီသည် အမေရိကန် ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်သည်။ ထို့ပြင် သူတို့နိုင်ငံက အင်တာနက်စွန့်ဦးတီထွင်သူတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုကြသည်။ သူသည် Google ဆိုသည့် ကုမ္ပဏီကြီးကို ဆာဂေးဘရင်း (Sergey Brin) ဆိုသူနှင့် ပူးတွဲထူထောင်ခဲ့သူလည်း ဖြစ်သည်။

လယ်ရီသည် ၂၀၀၁ ခုနှစ်တွင် Google ၏ CEO ရာထူးကိုယူခဲ့သလို Google ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Alphabet Inc. ကုမ္ပဏီတွင်လည်း CEO တာဝန်ကို ယူထားရသည်။ သူ့ကို ၂၀၀၄ ခုနှစ်တွင် Marconi Prize ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများဆိုင်ရာ ဒုတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ


(၂၄-၈-၂၀၁၈ ရက်၊ နေပြည်တော်)

မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ ဦးဆောင်သည့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးဆိုင်ရာ ဒုတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ၂၄-၈-၂၀၁၈ ရက် (သောကြာနေ့)တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားဟု ဆိုသူများအား ပြန်လည်စိစစ်၍ လက်ခံရာတွင် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်ရန် ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့အပြင် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးနှင့် လူမှုဖြစ်ရပ်ရေးရာ စီမံခန့်ခွဲရေးတို့အတွက် ထိုင်းနိုင်ငံရှိ စခန်းများသို့ မြန်မာဘက် လူမှုဖြစ်ရပ်ရေးရာ စီမံခန့်ခွဲ့ရေးအဖွဲ့ (Case Management Team) ၏ ဆောင်ရွက်ထားရှိမှုနှင့် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ၌ ပြန်လည်လက်ခံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ ချမှတ်နိုင်ရေး နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။



Thursday, August 23, 2018

မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ရွှေ့ပြောင်းအလုပ်သမား၂၆၁ဦး ပြန်လည်ဝင်ရောက်မှု


ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင် ပြောင်းလဲမှု ကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၉၀၀ အချိန်အထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၄ ဦး (ကျား ၁၉၀၊ မ ၅၄)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ သွပ်ပြားပေါက်မှ ၁၇ ဦး(ကျား ၁၄၊မ ၃) တို့ ပြန်လည် ဝင်ရောက်လာခဲ့ပါသည်။


ထိုင်းမှ မြန်မာကျောင်းဆရာ၊ အိမ်အကူနှင့် ရေလုပ်သားများ တရားဝင်အလုပ်လုပ်နိုင်ရန် တောင်းဆိုထားဟု သံအမတ်ကြီးပြော


ထိုင်းနိုင်ငံတွင် ရွှေ့ ပြောင်း မြန်မာကလေးငယ်များ အား ပညာသင်နေသော ကျောင်းဆရာများ၊ အိမ်အကူနှင့် ရေလုပ်သားများကို တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေး ထိုင်းအလုပ်သ မားဝန်ကြီးဌာနထံ တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံံးမှ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကပြောသည်။

ထိုင်းအစိုးရ အသစ်ပြဋ္ဌာန်းထားသော အလုပ်သမားနည်းဥပဒေသစ်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားများကို ဖမ်းဆီးစစ်ဆေးနေ၍ ဖမ်းဆီးမခံရစေရေး တောင်းဆို တင်ပြထားခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်သန်းကပြောသည်။

Monday, August 20, 2018

ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး လျှော်ကြေးငွေ ဘတ်၎သိန်းကျော်ရရှိ

ထိုင်းနိုင်ငံ တရန်မြို့ရှိ သစ်အချောထည်လုပ်ငန်းသို့ မြန်မာနိုင်ငံမှ MOUစနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုဖုန်းဝင်းသည် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်
ဒဏ်ရာရရှိပြီး ဘယ်လက်သည် လက်ကောက်ဝတ်မှပြတ်တောက်သွားခဲ့ရသဖြင့် အသက်အာမခံလျော်
ကြေးငွေနှင့် လူမှုဂရုဏာကြေး စုစုပေါင်း ဘတ် ၄၂၅၀၀၀(မြန်မာကျပ်ငွေသိန်း ၁၉၀ကျော်)ကို အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးရှေ့မှောက်၌ ယနေ့(၂၀.၈.၂၀၁၈)လက်ခံရရှိခဲ့တယ်လို့သိရပါတယ်။

“ကျနော်ထိခိုက်ဒဏ်ရာရရှိခဲ့တာက(၆.၁.၂၀၁၈)ရက်ကနေ ဒီနေ့ (၂၀.၈.၂၀၁၈)အထိ မြန်မာအေဂျင်
စီရော ထိုင်းအေဂျင်စီတွေက အစစအရာရာကူညီပေးပါတယ်၊လက်ကသက်သာ လာတော့လည်း
စက်ရုံက သင့်တော်တဲ့အလုပ်ပေးပါတယ် ကျနော်ကဆက်မလုပ်ချင်တာ့လို့လျှော်ကြေးငွေယူပြီးတော့ပဲ
 နေရပ်ပြန်မို့စီစဉ်ထားပါတယ်”လို့ ကိုဖုန်းဝင်းကပြောပါတယ်။

မြဝတီမြို့၌ ရွှေ့ပြောင်းအလုပ်သမား ၁၄၂ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့)



ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင် ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၉၀၀ အချိန်ထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်း အလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည် ရေးတံတားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄၂ ဦး (ကျား ၉၈၊ မ ၄၄)တို့ဝင်ရောက်လာခဲ့ပါသည်။