Monday, August 20, 2018

မြဝတီမြို့၌ ရွှေ့ပြောင်းအလုပ်သမား ၁၄၂ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့)



ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင် ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၉၀၀ အချိန်ထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်း အလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည် ရေးတံတားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄၂ ဦး (ကျား ၉၈၊ မ ၄၄)တို့ဝင်ရောက်လာခဲ့ပါသည်။


၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူ အတုများ ပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။