Friday, July 27, 2018

တံတားပေါ်မှာ ဆိုင်ကယ်ပြုတ်ကျသဖြင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံး



ချွန်ဘူရီ၊၂၀၁၈ ခုနှစ် ၊ ဇူလိုင် ၂၇ ရက်၊ အလုပ်သမားဟစ်တိုင်

ယခုလ၂၆ရက်နေ့ ညနေ ၄နာရီခန့်က မြန်မာအလုပ်သမားနှစ်ဦးစီးနှင်းလာသည့်
မော်တော်ဆိုင်ကယ်သည် ချွန်ဘူရီမြို့နယ်ရှိ အောင်အူးဒွန်တံတားပေါ်မှ ပြုတ်ကျပြီး
တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံအလုပ်သမားကူညီ
ရေးအဖွဲ့စည်းထံမှ သိရသည်။

ဖြစ်စဉ်မှာ  ချွန်ဘူရီခရိုင် ဆီလခြားမြို့နယ် ခေခူရစဟာဖတ် တော်စပ်ရက်ကွက်နေ
ကိုအောင်ကိုလင်းနှင့် ကိုရဲကျော်ကျော်တို့နှစ်ဦးမောင်းနှင်းလာသည့် မော်တော်ဆိုင်ကယ်သည်
အောင်အူးဒွန်တံတားအဆင်းတွင် တံတားပေါ်မှ ဆိုင်ကယ်ပြုတ်ကျခဲ့ရာ ဆိုင်ကယ်
မောင်းနှင်သူ ကိုအောင်ကိုလင်းသည် လက်နှင့်ခြေထောက်တို့တွင်ပွန်းပဲ့ဒဏ်ရာရရှိ
ခဲ့ပြီး ဆိုင်ကယ်နောက်မှလိုက်ပါခဲ့သည့် ကိုရဲကျော်ကျော်သည် ဦးခေါင်းနောက်စိ
နှင့်နံရိုးတို့၌ ပြင်းထန်းစွာဒဏ်ရာရရှိခဲ့ရာ နယ်မြေခံ ထိုင်းကယ်ဆယ်ရေးအဖွဲ့များက
လက်ကပန်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပြုလုပ်ပေးသော်လည်း အခင်းဖြစ်ပွားရာ၌ ရရှိခဲ့သည့်
ဒဏ်ရာများဖြင့် ည ၆နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။


ငွေချေးငှားရာမှ အဆင်မပြေသဖြင့် မြန်မာအလုပ်သမတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ



ဘန်ကောက်မြို့အနီး ဖလန်ဆောင်နယ်မြေ ဘန်ဘွန်ရပ်ကွက် ဘန်ခွန်ထီယမ်(၁၀)လမ်းတွင် ယခုလ ၂၅ရက်နေ့ ညနေ ၅နာရီဝန်ကျင်းအချိန်က အလုပ်မှပြန်လာသည့်မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး နေထိုင်ရာအခန်း၌ တစ်ဦးတည်းရှိနေစဉ်အသက်ခံရမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများထံကသိရသည်။

ယင်းနေ့က အလုပ်တွင်အချိန်ပိုမရှိသဖြင့် ညနေ ၄နာရီခန့်တွင် အလုပ်မှ နေထိုင်ရာအခန်းသို့ပြန်ခဲ့ရာ အခန်းနီးနားချင်းဖြစ်သူ ကိုမင်းကျော်ဆိုသူသည ်မဇင်မာဝင်းထံ လာရောက်၍ ဘတ်ငွေ၅၀၀၀ချေးရာ မရသဖြင့် စကားများရာမှ မဇင်မာဝင်း၏လည်ပင်းကို ကြက်သွန်းလှီးဓားဖြင့် သုံးချက်ထိုးသတ်ပြီး မဇင်မာဝင်းဝတ်ဆင်ထားသည့် နားကပ်တစ်ရံနှင့်
ဘတ်ငွေ၁၈၀၀၀ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ထိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။


Thursday, July 26, 2018

လုပ်ငန်ခွင်အတွင်း ဓာတ်လိုက်ခံရသည့် မြန်မာအလုပ်သမားတစ်ဦးကို အလုပ်ရှင်ကမောင်းထုတ်



လုပ်ငန်းခွင်အတွင် ဓာတ်လိုက်ခံရပြီး ကိုယ်လက်အင်္ဂါများပြင်းထန်းစွာထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးကို ထိုင်းလုပ်ငန်းရှင်ဖြစ်သူမှ အလုပ်မှမောင်းထုတ်နေသဖြင့် ယနေ့တွင်  မြန်မာအလုပ်သမားသံအရာရှိရုံးသို့ လာရောက်အကူညီတောင်းခံကြောင်းသိရသည်။

ဇန်နဝါရီ ၃၀ရက်နေ့တွင် လှဘူရီခရိုင် ကားလမ်းမကြီး လမ်းဆုံနေရာတွင်ကားလမ်းဘေးအကာရံများ
ကိုပြုပြင်နေစဉ်ဓာတ်လိုက်မှုဖြစ်ပွားကြောင်းသိရသည်။

“နေလယ်ထမင်းစားနားပြီး အလုပ်ပြန်ဝင်ချိန်မှာဖြစ်တာပါ၊ ကားလမ်းဘေးတွေမှာကာရံထားတဲ့ သံအကာရံတွေကိုပြုပြင်နေစဉ်မှာ အပေါ်မှာရှိတဲ့ ဓာတ်ကြိုးနဲ့ ကရိန်ကားငြိပြီး ဓာတ်လိုက်ခံရတာပါ ဗို့အားကနှစ်သောင်းလေထောင်ခန့်ရှိပါတယ်”လို့ ထိခိုက်ဒဏ်ရရှိခဲ့သူ ကိုသန့်ဇင်ဝင်းကပြောသည်။


Thursday, July 19, 2018

တရားမဝင်ဗီဇာနဲ့အလုပ်လာလုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၇ ဦး ထိုင်းမှာ အရေးယူခံရ



မြန်မာနိုင်ငံကနေထိုင်းနိုင်ငံ ကို အဓိကဝင်ထွက်ရာ မြဝတီ တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးက တာခ်ခရိုင်မှာတရားမဝင်ဗီဇာနဲ့လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၆၇ဦး ကို အရေးယူထားတယ်လို့ ထိုင်းသတင်းဌာနတစ်ခုမှာရေးသားထားပါတယ်။

သက်ဆိုင်ရာက အရေးယူ ထိန်းသိမ်းခေါ်ဆာင်လာတဲ့သူတွေကိုစစ်ဆေးမေးမြန်းခဲ့ရာမှာ သူတို့ကိုင်ဆောင်လာတဲ့ ဗီဇာတွေဟာ ပွဲစားကနေတဆင့်လုပ်ထားကြတာတွေလို့သိရပါတယ်။

ထိုင်းသက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံသားတွေကို တရားမဝင်ဗီဇာပြုလုပ်ပေးတဲ့သူတွေရဲ့အချက်အလက်တွေကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနဆီကို ပေးပို့ထားတယ်လို့လည်းသိရပါတယ်။


Wednesday, July 18, 2018

ဆေးကုသမှုခံယူနေရသည့်မြန်မာအလုပ်သမားတစ်ဦး အလုပ်မှအကြောင်းပြချက်မဲ့အလုပ်ထုတ်ခံရ


 နကော့ပထုန် - ၁၈.၇.၂၀၁၈

လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသည့် မြန်မာအလုပ်သမားတစ်ဦးကိုခွင့်ပြုချက်မတောင်းခံပဲ ဆေးရုံသို့သွားရောက်ဆေးကုသ၍ ထိုင်းအလုပ်မန်နေဂျာဖြစ်သူက အလုပ်မှထုတ်ပယ်လိုက်သဖြင့်  မြန်မာအလုပ်သမားသံအရာရှိရုံးသို့ယနေ့တွင်လာရောက်အကူညီတောင်းခံကြောင်းသတင်းရရှိပါသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် နကော့ပထုန်မြို့နယ် စီစံဖန်ရပ်ကွက်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင်အလုပ်လုပ်ကိုင်နေသူ ကိုချစ်မင်းသူသည်  ဇွန်လ ၁၆ရက်နေ့က လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


Tuesday, July 17, 2018

Techanical Team အဖွဲ့များ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ထောင်ကျော်ရှိသည့် စက်ရုံများမှ မြန်မာအလုပ်သမားများအား သွားရောက်တွေ့ဆုံ

  


ထိုင်းနိုင်ငံတွင် Techanical Meeting တက်ရောက်ရန် ရောက်ရှိနေသော အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား အင်အား အများဆုံး အလုပိလုပ်ကိုင်လျက်ရှိသည့် စက်ရုံများ သို့သွားရောက်၍ မြန်မာနိုင်ငံသားအလုပ်သမားများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ပြီး အလုပ်သမားများ၏တင်ပြချက်များကို ပွင့်လင်း ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ 

 ညွှန်ကြားရေးမှုးချုပိ ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဇူလိူင် ၁၇ရက်နေ့ မွန်လွှဲ ၁နာရီ တွင် ထိုင်းနိုင်ငံ၊   စမုစခွန် ခရိုင်ရှိ RJM Co,.ltd သို့ရောက်ရှိခဲ့ပြီး ၊ စက်ရုံ အစည်းဝေးခန်းမ တွင် စက်ရုံ ဖွဲ့စည်းမှု၊ နိုင်ငံခြား သားအလုပ်သမား ခန့်အပ်ထားမှုနှင့် ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာများကို ရှင်းလက်းဆွေးနွေးခဲ့ပါသည်။

Monday, July 16, 2018

ခြောက်လအတွင်း ပြည်ပသို့ သွားရောက် လုပ်ကိုင်သူ တစ်သိန်းကျော်ရှိ ယခင်နှစ် ကာလတူထက် ထက်ဝက်ခန့်ပိုများလာ




 မြန်မာနိုင်ငံသားများ ပြည်ပသို့ ၂၀၁၈ ခြောက်လအ တွင်းသွားရောက်လုပ်ကိုင်သူတစ်သိန်းကျော်ရှိပြီး
ယခင်နှစ် ကာလတူထက် ထက်ဝက်ခန့်ပိုများ လာသည်။

ယခင်နှစ် ဇန်နဝါရီမှ ဇွန် လအထိ ပြည်ပသို့သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သား ခြောက်သောင်းကျော်ရှိပြီး ယခု နှစ်တွင် သွားရောက်လုပ်ကိုင်သူ တစ်သိန်း ခုနစ်ထောင်ကျော်ရှိ ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၏ လစဉ်ထုတ်ပြန် သောပြည်ပအလုပ်အကိုင်ရရှိမှု စာရင်းများ၌ ဖော်ပြသည်။

ထိုသို့ပြည်ပသို့ သွားရောက် လုပ်ကိုင်သူ တိုးမြင့်လာခြင်းသည် ယခင်နှစ်က သွားရောက်လုပ် ကိုင်ခွင့် ပိတ်ထားသော မလေး ရှားနိုင်ငံသို့ ယခုနှစ်တွင် ပြန်လည် စေလွှတ်ခွင့်ပြုခြင်း၊ ထိုင်းနိုင်ငံမှ တရားဝင်အလုပ်သမားများ ပိုမို ခေါ်ယူလာခြင်းတို့ကြောင့် ဖြစ် နိုင်သည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင် အချို့က မှတ်ချက်ပြုသည်။