Tuesday, July 10, 2018

CIအသိမ်းခံထားရသည့် အိမ်အကူအလုပ်သမားနှစ်ဦး MOEAFအဖွဲ့သို့လာရောက်အကူညီတောင်းခံ

 


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အီစလာဖလမ်းမကြီးအနီး စီဝါလိုင်အိမ်ယာရှိ နေအိမ်တစ်ခုတွင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားနှစ်ဦးသည် မိခင်ဖြစ်သူကျန်းမာရေးမကောင်းသဖြင့် အိမ်ပြန်ခွင့်တောင်းရာ  အလုပ်ရှင်ဖြစ်သူက CIစာအုပ်အပါဝင် အထောက်ထားများသိမ်းဆည်းထားသဖြင့် ဘန်ကောက်မြို့ရှိ MOEAFအဖွဲ့သို့ ယနေ့တွင် လာရောက်အကူညီတောင်းခဲ့ကြောင်းသိရသည်။

အလုပ်သမားနှစ်ဦးဖြစ်သည့် မနုအေးသည် လုပ်သက်ခြောက်နှစ်ခန့်ရှိပြီးသလို လုပ်အားခလစာ
တစ်လလျှင် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၇၅၀၀ခန့်ရရှိပြီး  မနွယ်နီစိုးသည် လုပ်သက်တစ်နှစ်ခွဲခန့်ရှိပြီး
တစ်လလျှင် လုပ်အားခလစာထိုင်းနိုင်ငံဘတ်ငွေ ၆၀၀၀ရရှိကြောင်းသိရသည်.။

နေရပ်ပြန်ရန်အခက်တွေ့နေသည့် အထောက်ထားမဲ့မြန်မာအလုပ်သမားများသံအရာရှိရုံးထံ အကူအညီတောင်းခံလာမှုပိုမိုများပြားလာ

 


                      ထိုင်းနိုင်ငံအစိုးရက ဇူလိုင် ၁ ရက်မှ စတင်၍ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအားဖမ်းဆီးစစ်ဆေးလျက်ရှိရာ အထောက်ထားမရှိသည့် မြန်မာအလုပ်သမားများအနေဖြင့် နေရပ်သို့ ပြန်ကြရန်အတွက်အလုပ်သမားသံအရာရှိ ရုံးထံဆက်သွယ်အကူအညီတောင်းခံမှုများရှိနေရာ ယခု ရက်သတ္တပတ်အတွင်း ဆက်သွယ်အကူညီတောင်းခံလာမှုပိုမိုများပြားလာကြောင်းမြို့တော်ဘန်ကောက်ရှိအလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ လာရောက်အကူအညီတောင်းခံကြသည့် အလုပ်သမားများမှာ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်များမှဖြစ်ပြီး ဒေသခံပွဲစားများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ကာအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ကြောင်းသိရသည်။


Monday, July 09, 2018

ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်လာစဉ် ထိုင်းဘက်ကမ်း၌ ဗီဇာအတုဖြင့်ဖမ်းဆီးခံရသူ တစ်ပတ်အတွင်း ၄၀ ခန့်ရှိဟု သိရ



ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းဘက်ကမ်း၌ ဗီဇာအတုဖြင့် ဖမ်းဆီးခံရသူ တစ်ပတ်အတွင်း ၄၀ ခန့်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ထိုင်းနိုင်ငံအတွင်း နှစ်လနီးပါး သွားလာလည်ပတ်ပြီးမှ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းမှာ ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်စဉ်ကတည်းက ဗီဇာအား ထိုင်း လ ၀ က က စနစ်တကျ စစ်ဆေးရန်လိုအပ်ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်ပြီး အလုပ်သမားရေးဆောင်ရွက်နေသူ KTG အထွေထွေလူမှုကူညီရေးရုံးမှ မန်နေးဂျင်း ဒါရိုက်တာ ကိုသားကြီးက “နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပေါ်မှ ဖြတ်သွားတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်း လည်ပတ်သွားလာပြီးမှ ဖမ်းဆီးခံရသူ ဒီနေ့အထိ ၄၀ နီးပါးရှိ ပြီ။ ဒီမနက်လည်းဖမ်းတယ်။ ဗီဇာ ဘာကြောင့် အတု ဖြစ်ရသလဲ။ ပွဲစားတွေနဲ့ လုပ်လို့ ဖြစ်တာပါ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ချစ်ကြည်ရေး တံတားပေါ်မှ ထိုင်းလ၀ကဆိုတဲ့ တောမောင်းဆီးမှာ အ၀င်တုံးထုရတယ်။ ဘာကြောင့် သေသေချာချာ မစစ်ဆေးတာလဲ ၊၊ ဒါ ထိုင်းလ၀က ပေါ်မှာပဲ တာဝန်ရှိပါတယ်”ဟု ဆိုသည်။

Friday, July 06, 2018

တရားဝင်နည်းလမ်းဖြစ် သည့် MoU စနစ်ဖြင့်သာ ထိုင်း နိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြရန်လိုအပ်



ဘန်ကောက်  ၊  ဇူလိုင်  ၆ |အလုပ်သမားဟစ်တိုင်

                          ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံအစိုးရမှ  ဇူလိုင်  ၁ ရက် မှစတင်၍  ဖမ်းဆီးလျှက်ရှိရာ ယခုအခါ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ
 အနေဖြင့် နေရပ်သို့ပြန်ကြရန်အတွက် မြန်မာသံရုံးအလုပ်သမားသံအရာရှိထံလာရောက်အကူအညီတောင်းခံလျှက်ရှိကြောင်းသိရပြီး ယနေ့ တွင် မြန်မာအလုပ်သမား ၈ ဦးအား အလုပ်သမားသံအရာရှိရုံးမှကယ်ဆယ်ထားရှိ ကြောင်းသိရသည်။

                ထိုသို့လာရောက်အကူညီတောင်းခံကြသည့် အလုပ်သမားများမှာ  ပွဲစား (Broker) များမှတဆင့်ထိုင်းနိုင်ငံသို့ တရားမ၀င်နည်းလမ်းများဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်ကြသည့်အလုပ်သမားများဖြစ်ပြီးပွဲစားခ တစ်ဦးလျှင်မြန်မာငွေကျပ်ခုနှစ်သိန်းခန့်ပေးကြရကြောင်းသိရ
သည်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဗီဇာအတုများဖြင့် မလေးသွားမည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ



ထိုင်းမြန်မာနယ်စပ်ဒေသမြို့တွေမှာ မြန်မာနိုင်ငံသားတွေရဲ့ ဝင်ထွက်သွားလာမှုတွေကို အသေးစိတ်ရှာဖွေ စစ်ဆေးနေကြတဲ့ ယခုရက်ပိုင်းအတွင်းမှာ နိုင်ငံကူးစာအုပ်မှာ ဗီဇာ တဆိပ်တုံးအတုတွေသုံးပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာသူ မြန်မာနိုင်ငံသား တွေကို နယ်စပ် စစ်ဆေးဂိတ်နဲ့ လေဆိပ်တွေမှာ ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

မြဝတီကနေ မဲဆောက်ကို နိုင်ငံကူးလက်မှတ် စာအုအ်အနီနဲ့ မဲဆောက် နယ်စပ်ချစ်ကြည်ရေးတံတား
 စစ်ဆေးရေးဂိတ် ဖြတ်ကျော်ဘို့ ကြိုးစားလာသူ မမော်မော်လှိုင်အသက် (၂၃)နှစ်နဲ့ အတူ အမျိုးသား
သုံးဦးကိုထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက အသေးစိတ် စစ်ဆေးရာမှာ စာအုပ်အတုနဲ့ ဗီဇာတံဆိပ်တုံး အတုတွေဖြစ်နေတာ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးလိုက်ပါတယ်။

Thursday, July 05, 2018

ယခုလ ၁ရက်နေ့မှ ၃ရက်အတွင်း အလုပ်သမားအယောက် ၁၀၀ကျော် ဖမ်းမိ



ယခုလ ၁ရက်နေ့မှ ၃ရက်အတွင်း အလုပ်သမားအယောက် ၁၀၀ကျော်ဖမ်းမိကြောင်း Matichon Onlineသတင်းဌာနတွင်ဖော်ပြထားရှိပါသည်။ ဌာနဆိုင်ရာတာဝန်ရှိသူများက အလုပ်ရှင်နဲ့ အလုပ်နေရာ ၂၉၈ခုနှင့်အလုပ်သမားပေါင်း ၂၈၇၉ယောက်စစ်ဆေးရာမှ ဥပဒေငြိစွန်းသူ ၁၁၈ယောက်ဖမ်းမိကြောင်းသိရသည်။

 အဆိုပါဖမ်းစီးခံရသူများမှာ မြန်မာအလုပ်သမား (၉၄ယောက်)် လာအိုအလုပ်သမား( ၇ယောက် )၊ ကမ္ဗောဒီယားအလုပ်သမား(၈ယောက် ) ၊ ဗီယက်နမ်အလုပ်သမား (၇ယောက် )၊တခြားနိုင်ငံသားအလုပ်သမား( ၂ယောက်)တို့ဖြစ်ပါသည်။ ဖမ်းစီးရမိသူများထဲတွင်း ဝပ်ပါမစ်(ဘိုင်အာနူးယားထန်မငန် )မရှိသူ (၅၈ယောက်)နှင့် အထောက်ထားမဲ့အလုပ်သမားဦးရေး(၆၀)ရှိကြောင်းသိရသည်။  

Wednesday, July 04, 2018

တရားမဝင် မြန်မာလုပ်သား ၁၇၀၀ ကျော်ကို နေရပ်ပြန်ပို့



■ ထိုင်းအစိုးရရဲ့ စီမံချက်အရ ၃ ရက် အတွင်း ဖမ်းမိတဲ့ တရားမဝင် မြန်မာအလုပ်သမား ၁၇၀၀ ကျော် ရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်နေထိုင်သူတွေရော၊ တရားဝင်သွားရောက်ပြီးမှ နေထိုင်ခွင့်သက်တမ်း မတိုးတာကြောင့် ရက်လွန်သွားတဲ့ အလုပ်သမားတွေလည်း ပါဝင်တယ်လို့ မြဝတီမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင် က ပြောပါတယ်။