မြန်မာနိုင်ငံအရပ်ရပ်မှ အလုပ်လုပ်နိုင်စွမ်းရှိသည့် အလုပ်သမားများသည် မိမိတို့၏ ဘဝအနာဂတ်များ
ထုဆစ်ပုံဖော်ရန် အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံရပ်ခြာများသို့ နည်းလမ်းအမျိုးမျိုးဖြင့်သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံသားအများဆုံး အလုပ်သွားရောက်လုပ်ကိုင်သည့်နိုင်ငံတို့မှာ ထိုင်းနှင့် မလေးရှားနိုင်ငံ တိုံ့ဖြစ်ပါသည်။
၁၉၉၀ပြည့်နှစ်မှစတင်၍ အလုပ်လုပ်နိုင်စွမ်းရှိသည် မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် စတင်ဝင်ရောက်ခဲ့ရာမှ၂၀၀၄ခုနှစ်မှစတင်၍ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ MOUစာချုပ်ချုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ခဲ့ကြပါသည်။ ထို့သို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ဘဝတိုးတတ်ရာလမ်းကြောင်ပေါ်သို့ရောက်ရှိခဲ့သူများရှိသလို လှေလှော်ရင်တတ်ကျိုးခဲ့ရသူများလည်းရှိကြပါသည်။ ၂၁၀၅ခုနှစ် ILOအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၂.၆သန်းခန့်အလုပ်လုပ်ကိုင်နေကြကြောင်းသိရသည်။






