ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို စက်တာဘာလ ၁၅ရက်နေ့မှ စတင်၍မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်များပြု လုပ်ပေးလျက်ရှိရာ ထိုင်းမြန်မာနှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာမှ သက်မှတ်ထားသည့် အချိန်အတွင် မြန်မာအလုပ်သမားများကိုCIစာအုပ်များပြုလုပ်ပေးနိုင်ရေးအတွက် မိုဘိုင်းစနစ်အသုံးပြုပြီး CIထုတ်ပေးမည့်စင်တာ(၂)ခုကို တိုးချဲ့ ဖွင့်လှစ်ကြောင်းသတင်းရရှိပါသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ်သမားသံအရာရှိချုပ် ဦးမိုးအောင်ခိုင်သည် ယနေ့၌( ၁၄.၁၁. ၂၁၀၇၊)တွင် မိုဘိုင်းစနစ်အသုံးပြုပြီး CIထုတ်ပေးမည့်စင်တာ(၂)ခုဖွင့်လှစ်ထားရှိသည့်နယ်မြေများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
ရှေးဦးစွာ အလုပ်သမားသံအရာရှိချုပ်ဦးမိုးအောင်ခိုင်သည် ဘန်ကောက်နယ်မြေ၊ နွန်ထဘူလီမြို့နယ်
ရှိ ဘန်ရိုင်ရပ်ကွက်ရှိ ဿစ်စကွဲယာကုန်တိုတ်တွင်ဖွင့်လှစ်ထားရှိသည့် မိုဘိုင်းစနစ်အသုံးပြုပြီး CIထုတ်ပေးမည့်စင်တာသို့သွားရောက်၍ စက်ပစ္စည်းများတပ်ဆပ်မှုအခြေနေများနှင့် CIစာအုပ်လာရောက်ပြုလုပ်ကြမည့် မြန်မာအလုပ်သမားများအနေဖြင့် CIစာအုပ်လာရောက်ပြုလုပ်ကြစဉ် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကိုအဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် မိမိတို့နိုင်ငံသားအလုပ်သမား များအပေါ် စေတနာထားအလေးနက်ဆောင်းရွက်ပေးပါရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ပထုန်ဌာနီမြို့ရှိ လံလုကာရပ်ကွက်ရှိ ဇီယာလန်စစ်ကုန်တိုတ်တွင်ဖွင့်လှစ်ထားသည့် မိုဘိုင်းစနစ်အသုံးပြုပြီး CIထုတ်ပေးမည့်စင်တာသို့ ထပ်မံသွားရောက်စစ်ဆေးခဲ့ပါသည်။
အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ''၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အမီ အထောက် အထားမဲ့ မြန်မာအလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)တွေ အချိန်မီထုတ်ပေးနိုင်ရေးအတွက် မိုဘိုင်းစနစ်အသုံးပြုထားသည့် CIထုတ်ပေးမည့်စင်တာ ၂ခု တိုးချဲ့ဖွင့် လှစ်ရခြင်းပါကြောင်း” ပြောကြားပါသည်။
အဆိုပါ မိုဘိုင်းစနစ်အသုံးပြုထားသည့် CIစင်တာများတွင် ယခုလ ၁၅ရက်နေ့မှစတင်လည်ပတ်မည်ဖြစ်ပြီး တစ်နေ့လျင် မြန်မာအလုပ်သမားအယောက် ၅၀၀ကိုCIစာအုပ်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
မိုဘိုင်းစနစ်အသုံးပြုထားသည့် CIစင်တာများဖွင့်လှစ်ထားရှိသည့် လိပ်စာများကို ပူးတွဲဖော်ပြလိုက်ပါသည်။
ပထုန်ဌာနီမြို့နယ် လံလုကာရပ်ကွက်၌ ဖွင့်လှစ်ထားသည့် CIစာအုပ်ပေးမည့်စခန်းလိပ်စာ
Zeer Street Rangsit Shopping Centre
99 หมู่ 8 - ถนน พหลโยธิน คูคต ลำลูกกา
Chang Wat Pathum Thani
နွန်ထဘူလီမြို့နယ်၊ဘန်ရိုင်ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် CIစာအုပ်ပေးမည့်စခန်းလိပ်စာ
The Square Bangyai Shopping Centre
99 moo 12 Talingchan-Supan Rd.
Nonthaburi 11110