မဟာချိုင် -ဇူလိုင် ၃၀
ထိုင်းနိုင်ငံတစ်ခွင်၌အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများအဆင်ပြေလွယ်ကူချောမွေ့ စေရန် အတွက် “မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်'' CIထုတ်ပေးရေးစင်တာများကိုတိုးချဲ့ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းထိုင်းနိုင်ငံ၊မြို့ တော်ဗန်ကောက်ရှိမြန်မာသံရုံးမှယနေ့ သတင်းထုတ်ပြန်ချက် အရသိရသည်။
ယခုအခါ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများနှင့် ယခင် အထောက်အထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့် အထောက်အထားမဲ့ဖြစ်ခဲ့ကြရသော မြန်မာ အလုပ်သမားများ CI စာအုပ် အချိန်မီထုတ်ပေးနိုင်ရေးအတွက် “မည်သူမည်ဝါဖြစ်ကြောင်း သက်သေ ခံလက်မှတ်'' CI ထုတ်ပေးရေးစင်တာများကိုတိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအများစုနေထိုင်ရာနေရာဖြစ်သော ထိုင်းနိုင်ငံ တောင်ပိုင်းရှိ စွန်ခလာ၊ ထိုင်းနိုင်ငံ
မြောက်ပိုင်းရှိ ချင်းမိုင်နှင့် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ နကော့စ၀မ် စသည့် ဒေသများတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။