Tuesday, August 01, 2017

ထိုင်းနိုင်ငံတစ်ခွင်၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရေးစင်တာများတိုးချဲ့ဖွင့်လှစ်မည်


မဟာချိုင်  -ဇူလိုင်  ၃၀

              ထိုင်းနိုင်ငံတစ်ခွင်၌အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများအဆင်ပြေလွယ်ကူချောမွေ့ စေရန် အတွက် “မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်'' CIထုတ်ပေးရေးစင်တာများကိုတိုးချဲ့ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းထိုင်းနိုင်ငံ၊မြို့ တော်ဗန်ကောက်ရှိမြန်မာသံရုံးမှယနေ့ သတင်းထုတ်ပြန်ချက် အရသိရသည်။

                  ယခုအခါ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများနှင့် ယခင် အထောက်အထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့် အထောက်အထားမဲ့ဖြစ်ခဲ့ကြရသော မြန်မာ အလုပ်သမားများ CI စာအုပ် အချိန်မီထုတ်ပေးနိုင်ရေးအတွက်  “မည်သူမည်ဝါဖြစ်ကြောင်း သက်သေ ခံလက်မှတ်'' CI  ထုတ်ပေးရေးစင်တာများကိုတိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအများစုနေထိုင်ရာနေရာဖြစ်သော  ထိုင်းနိုင်ငံ တောင်ပိုင်းရှိ စွန်ခလာ၊ ထိုင်းနိုင်ငံ
မြောက်ပိုင်းရှိ ချင်းမိုင်နှင့် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ နကော့စ၀မ် စသည့် ဒေသများတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။


မည်သူမည်ထုတ်ပေးရေးစင်တာများကို အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင် သွားရောက်စစ်ဆေး




ဘန်ကောက်၊ ဇူလိုင် ၃၁


ထိုင်းနိုင်ငံဆိုင်ရာ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် ပန်းရောင်ဘတ်ကိုင်ဆောင်ထားသည့်ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးနေသည့် စင်တာများကို  ဇူလိုင်၂၈ ရက်ကစတင်၍ လှည့်လည် စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

 ရှေးဦးစွာ အလုပ်သံအရာရှိဦးမိုးအောင်ခိုင်သည် ရနောင်မြို့ရှိ မည်သူမည်ဝါဖြစ်ကြောင်းသက်သေ ခံလက်မှတ်(Ci)ထုတ်ပေးရေးစင်တာသို့သွားရောက်ပြီး Ciစာအုပ်ထုတ်ပေးရစင်တာသို့ လာရောက်၍ Ciစာအုပ်ပြုလုပ်ကြသည့် အလုပ်သမားများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး Ciစာအုပ် နှင့်ပက်သက်၍ သိကောင်း စရာများနှင့် ထိုင်းအစိုးရမှထုတ်ပြန်ထားသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဥပဒေသစ်များနှင့် စပ်လျဉ်ပြီး 
အသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

Thursday, July 27, 2017

ကားတိုကျသဆေုံးသှားသည့ျ အလုပျသမအမှု အလုပျသမားသံအရာရှိမှ ကူညီဆောငျးရှကျ



စွန်ခလာ၊ ၂၇.၇.၂၀၁၇၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ၊စွန်ခလာမြို့ရှိ ပင်လယ်စာထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည့် Thai Union Group စက်ရုံအရှေ့တွင် ဇူလိုင်လ ၂၄ရက်နေ့ ည ၈နာရီ ၁၅မိနစ်တွင်  မြန်မာရွေ့ပြောင်းအလုပ်သမတစ်ဦး ကားတိုက်သေဆုံးမှုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့  ညပိုင်းက ၊ ထိုင်းနိုင်ငံ ၊ စွန်ခလာမြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ
ရွှေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်သူ မအေးအေးဆင့်ဆိုသူသည် လုပ်ဖော်ကိုင်ဖက်များနှင့် သူမ အလုပ်လုပ်ကိုင်လျက်ရှိသည့် Thai Union Groupစက်ရုံအရှေ့ရှိ ကားလမ်းမကိုဖြက်ကျော်ပြီး မုန့်ထွက်စဉ် 
ကားဖြင့် တိုက်မိကာ ပွဲခြင်းပြီးသေဆုံး ခဲ့ခြင်းဖြစ်သည်။

Tuesday, July 25, 2017

ထိုင်းနိုင်ငံ အလုပ်သမားစိစစ်ရေးစင်တာများသို့ မြန်မာလုပ်သားများအတွက် လုပ်ငန်းရှင်များကိုယ်တိုင် စာရင်းပေးသွင်း



ထိုင်းအစိုးရက တရားမ ၀င်နိုင်ငံခြားသားလုပ်သားများကို တရားဝင်ဖြစ်ရေး စတင်စိစစ်ရာ တွင် မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး ထိုင်းလုပ်ငန်းရှင်များ က စိစစ်ရေးစင်တာ(အလုပ်သမားရှာဖွေရေးဌာန)များသို့ သွားရောက်ပြီး စာရင်းသွင်းလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေထိုင်နေသော မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသားများကို တရားဝင် ဖြစ်ရေး စိစစ်ဆောင်ရွက်ရန် ထိုင်းအစိုးရက နိုင်ငံတစ်ဝန်း စိစစ်ရေးစင်တာ ၉၉ ခုကို ဇူလိုင် ၂၄ ရက်၌ စတင်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။


Friday, July 21, 2017

ပြည်တော်ပြန် လုပ်သားများ အရေး




ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားထောင် သောင်းချီပြီး တဖွဲဖွဲပြန်လာကြတာကို မီဒီယာများများတွေ့ ရပါတယ်။ သူတို့တစ်တွေ အခက်အခဲမရှိအောင် သက်ဆိုင်ရာတို့က ကြိုဆိုစောင့်ရှောက်ကြတာ ဝမ်းမြောက်စရာပါဘဲ။ ဒါပေမဲ့ အခုလိုဖြေရှင်းရုံနဲ့ မလုံလောက်ပါဘူး။ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာပြီး ကုစားဖို့လိုအပ်ပါတယ်။ ပြည်တော်ပြန်လုပ်သားတွေကို ကြည့်ရတာ ယောကျ်ား လေးတွေ၊ မိန်းကလေးတွေ လုပ်အား အပြည့်ပေးနိုင်တဲ့အရွယ်ကောင်းလေးများဖြစ်ကြပါတယ်။ သူတို့လေးတွေကို အမိမြန်မာနိုင်ငံ ကမွေးဖွားပေးတယ်။ ပြုစုစောင့်ရှောက် ပေးတယ်။ ပညာသင်ကြားပေးတယ်။

Thursday, July 20, 2017

ထိုင်းနိုင်ငံတွင် ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအတွက် အသိပေးကြေညာခြင်း


ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးထိုင်းနိုင်ငံတွင် ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအတွက် အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ကြေညာချက်အမှတ်(၃/၂၀၁၇)
နေပြည်တော် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ထိုင်းနိုင်ငံတွင် ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအတွက် အသိပေးကြေညာခြင်း

၁။    ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးထိုင်းနိုင်ငံ၌ ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်ရပါမည်-

(က)    အထက်ဖော်ပြပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် မိမိလုပ်ကိုင်ခဲ့သည့် အလုပ်ရှင်နှင့် ပြန်လည်ဆက်သွယ်ပြီးနှစ်ဦးသဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည် ဖြစ်ပါသည်။