ဘန်ကောက်၊ ဇူလိုင် ၃၁
ထိုင်းနိုင်ငံဆိုင်ရာ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် ပန်းရောင်ဘတ်ကိုင်ဆောင်ထားသည့်ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးနေသည့် စင်တာများကို ဇူလိုင်၂၈ ရက်ကစတင်၍ လှည့်လည် စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
ရှေးဦးစွာ အလုပ်သံအရာရှိဦးမိုးအောင်ခိုင်သည် ရနောင်မြို့ရှိ မည်သူမည်ဝါဖြစ်ကြောင်းသက်သေ ခံလက်မှတ်(Ci)ထုတ်ပေးရေးစင်တာသို့သွားရောက်ပြီး Ciစာအုပ်ထုတ်ပေးရစင်တာသို့ လာရောက်၍ Ciစာအုပ်ပြုလုပ်ကြသည့် အလုပ်သမားများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး Ciစာအုပ် နှင့်ပက်သက်၍ သိကောင်း စရာများနှင့် ထိုင်းအစိုးရမှထုတ်ပြန်ထားသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာဥပဒေသစ်များနှင့် စပ်လျဉ်ပြီး
အသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။



