ထိပ်တန်းသတင်းများ
နောက်ဆုံးသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
နောက်ဆုံးရသတင်းများ ရယူနေသည်…
LATEST NEWS — နောက်ဆုံးရသတင်းများ
ထိုင်းအစိုးရက တရားမ ၀င်နိုင်ငံခြားသားလုပ်သားများကို တရားဝင်ဖြစ်ရေး စတင်စိစစ်ရာ တွင် မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး ထိုင်းလုပ်ငန်းရှင်များ က စိစစ်ရေးစင်တာ(အလုပ်သမားရှာဖွေရေးဌာန)များသို့ သွားရောက်ပြီး စာရင်းသွင်းလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေထိုင်နေသော မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသားများကို တရားဝင် ဖြစ်ရေး စိစစ်ဆောင်ရွက်ရန် ထိုင်းအစိုးရက နိုင်ငံတစ်ဝန်း စိစစ်ရေးစင်တာ ၉၉ ခုကို ဇူလိုင် ၂၄ ရက်၌ စတင်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားထောင် သောင်းချီပြီး တဖွဲဖွဲပြန်လာကြတာကို မီဒီယာများများတွေ့ ရပါတယ်။ သူတို့တစ်တွေ အခက်အခဲမရှိအောင် သက်ဆိုင်ရာတို့က ကြိုဆိုစောင့်ရှောက်ကြတာ ဝမ်းမြောက်စရာပါဘဲ။ ဒါပေမဲ့ အခုလိုဖြေရှင်းရုံနဲ့ မလုံလောက်ပါဘူး။ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာပြီး ကုစားဖို့လိုအပ်ပါတယ်။ ပြည်တော်ပြန်လုပ်သားတွေကို ကြည့်ရတာ ယောကျ်ား လေးတွေ၊ မိန်းကလေးတွေ လုပ်အား အပြည့်ပေးနိုင်တဲ့အရွယ်ကောင်းလေးများဖြစ်ကြပါတယ်။ သူတို့လေးတွေကို အမိမြန်မာနိုင်ငံ ကမွေးဖွားပေးတယ်။ ပြုစုစောင့်ရှောက် ပေးတယ်။ ပညာသင်ကြားပေးတယ်။
ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးထိုင်းနိုင်ငံတွင် ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအတွက် အသိပေးကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ကြေညာချက်အမှတ်(၃/၂၀၁၇)
နေပြည်တော် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ထိုင်းနိုင်ငံတွင် ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအတွက် အသိပေးကြေညာခြင်း
၁။ ထိုင်းနိုင်ငံမှ ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးထိုင်းနိုင်ငံ၌ ပြန်လည်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်ရပါမည်-
(က) အထက်ဖော်ပြပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် မိမိလုပ်ကိုင်ခဲ့သည့် အလုပ်ရှင်နှင့် ပြန်လည်ဆက်သွယ်ပြီးနှစ်ဦးသဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရမည် ဖြစ်ပါသည်။
ဖူကစ် နေ့စွဲ ၁၉-၇-၁၇
ထိုင်းနိုင်ငံတောင်ပိုင်းဖူကစ်မြို့မှတရားဝင်ပန်းရောင်ဘတ်ကိုင်ဆောင်ထားသူမြန်မာအလုပ်သမား ၂၃ ဦးတို့မှာထားဝယ်မြို့တွင် PJ Passport သွားလုပ်ပြီးအပြန် ဖက်ဘူရီခရိုင် စစ်ဆေးရေးဂိတ်တွင် 18-7-17 ရက်နေ့ နေ့လည်ပိုင်းကစာရွက်စာတန်း အတုဟုဆိုပြီးဖမ်းစီးထားသည်ဟုသိရသည်။
ထိုအထဲတွင်ခရမ်းရောင်ပတ်စပို့ကိုင်ဆောင်ထားသူ ၄ ဦးကို ဗီဇာသက်တမ်းကျန်ရှိနေသေး၍ပြန် လွှတ်ပေးလိုက်ပြီး ပန်းရောင်ဘတ်ကိုင်ဆောင်ထားသူ ၂၃ ဦးတို့ကို တရားဥပဒေအတိုင်း အရေးယူသွားမည်ဟု ဖမ်းစီးခံထားရသူများထဲမှမိသားစုဝင်ဖြစ်သူတစ်ဦး၏ပြောဆိုချက်အရသိရသည်။
လူသစ်တွေအသင့်ပြင်ထားကြတော့ အလုပ်သမားဝန်ကြီးဌာနမှရရှိသောသတင်းများအရ
- ရွှေ့ပြောင်းအလုပ်သမားအလုပ်လုပ်နေကြောင်းလက်ခံသတင်းပို့ရာဌာန (စင်တာ) (၁၁)ခုကို ဗန်ကောက်မြို့တွင် (၂၄-၇-၂၀၁၇)ရက်နေ့မှ (၇-၈-၂၀၁၇)ရက်နေ့အထိ (၁၅)ရက်တိတိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမား ၃၀၀,၀၀၀ ခန့်ရှိမည်ဟုခန့်မှန်းရသော ဗန်ကောက်မြို့တော်ရှိ နယ်မြေအားလုံးခြုံငုံမိမည်ဖြစ်ကြောင်း၊
၎င်းတို့မှာ
၁။ အလုပ်သမားဝန်ကြီးဌာန မစ်မိုင်းတရီးလမ်း၊ ဒင်းဒန်းမြို့နယ်။
(กระทรวงแรงงาน ถ.มิตรไมตรี เขตดินแดง- Mit Maitri Rd, Khwaeng Din Daeng, Khet Din Daeng, Krung Thep Maha Nakhon 10400)
၂။ IT Squre လက်ဆီပလာဇာ ကျန့်ဝတ္တနလမ်း၊ လက်ဆီမြို့နယ်။
(IT Square หลักสี่พลาซ่า ถ.แจ้งวัฒนะ เขตหลักสี่- IT Square, Laksi Plaza, Chaeng Watthana Rd, Khwaeng Talat Bang Khen, Khet Lak Si, Krung Thep Maha Nakhon 10210)
၃။ တောင်ပိုင်းအဝေးပြေးကားဂိတ်၊ ဒုတိယထပ်၊ ဗရုမ်းမရာ့ချာ့ချွန်းနနီးလမ်း၊ တလိင်ချန်းမြို့နယ်။
(สถานีขนส่งสายใต้ ชั้น 2 ถ.บรมราชชนนี เขตตลิ่งชัน- Bangkok Southern Bus Terminal (Sai Tai Mai) Borommaratchachonnani Rd, Khwaeng Chim Phli, Khet Taling Chan, Krung Thep Maha Nakhon 10170)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန (အလည)ညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ဖွင့်လှစ်ထားသည့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပက်စပိုစ့်စာအုပ်လာရောက်ပြုလုပ်ကြသည့် မြန်မာအလုပ်သမားများနှင့်တွေ့ဆုံပြီး အလုပ်သမားများအနေဖြင့် ပက်စပိုစ့်အုပ်လာရောက်လျှောက် ထားရာတွင် ကြုံတွေ့နေရသည့်အခက်ခဲများနှင့်ပက်သက်ပြီး ရင်းရင်းနှီးနှီးမေးမြန်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံအစိုးရမှ ပန်းရောင်ကတ် ကိုင်ဆောင် ထားကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မေ ၃ ရက်မှစတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI (Certificate Identify) စာအုပ်ကို မြန်မာ နိုင်ငံသားအလုပ်သမားအများစုနေထိုင်ကြသည့် ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ခြောက်ခု၌ CI စာအုပ်ထုတ်ပေးသည့် စင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
လက်ရှိအနေအထားအရ CI စာအုပ်ထုတ်ပေးရေး စင်တာအသီးသီးသို့ ပန်းရောင်ကတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားစုစုပေါင်း ခြောက်သောင်းကျော် CI စာအုပ် လာရောက်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။ ''ပတ်စ်ပို့ ခြောက်နှစ်ပြည့်တော့မယ့်သူတွေနဲ့ သက်တမ်းပြည့်ပြီးဖြစ်တဲ့ အလုပ်သမားတွေကို CI ပြုလုပ် ခွင့်ပေးဖို့ အလုပ်သမားတွေက မျှော်လင့်နေကြတာ ကြာခဲ့ ပါပြီ။ တိကျတဲ့အဖြေတစ်ခုကို ထိုင်းနဲ့ မြန်မာအစိုးရဘက် က ကြေညာပေးတာ မတွေ့ရသေးပါဘူး။ ထိုင်းနိုင်ငံဘက်က ပြောနေတဲ့ MoU သွားလုပ်ပြီး ပြန်ဝင်လာရမယ်ဆိုတာ အပြောလွယ်သလောက် လက်တွေ့ဖြစ်လာဖို့ အားနည်းချက်တွေရှိနေတာကို တွေ့ရပါတယ်။ အသွား၊ အပြန်စရိတ် ဘယ်လိုလုပ်ရမယ်ဆိုတာ ဘယ်သူမှ နားမလည်ဘဲရှိနေကြပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင် တာက အဲဒီလို ခြောက်နှစ်ပြည့်သွားပြီဖြစ်တဲ့ အလုပ်သမားတွေကို လက်ရှိဖွင့်လှစ်ထားတဲ့ CI စခန်းတွေ မှာပဲ CI စာအုပ်ပြုလုပ်ခွင့်ပေးစေချင်ပါတယ်။ ခုဟာက ရမလိုလိုနဲ့ စောင့်မျှော်နေကြတာ အချိန်ကြာလာတာနဲ့အမျှ ဗီဇာသက်တမ်းတွေလည်း တဖြည်းဖြည်းကုန်နေသူတွေရှိ သလို ကုန်ဆုံးတော့မယ့်သူတွေ တရားမဝင်အလုပ်သမား ဘဝ ပြန်ရောက်ကြပါတော့မယ်။ မဖြစ်သင့်တဲ့ဟာတွေနဲ့ ကြုံတွေ့ရပြန်တော့မယ့် အလုပ်သမားတွေအတွက် အမြန်ဆုံးနဲ့အဆင်ပြေမယ့် နည်းလမ်းက အဲဒီ CI စာအုပ် ပြုလုပ်ခွင့်ရဖို့ပဲဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း အဲဒီအလုပ်သမားကိစ္စတွေကို အလေးပေးပြီး မြန်ဆန်စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်''ဟု ထိုင်းနိုင်ငံ ဖူးခက်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MNP)အဖွဲ့ ဥက္ကဋ္ဌ ဦးရွှေထွန်းအေးက ပြောသည်။