Sunday, April 30, 2017

ပက်စပို့သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမား တစ်သန်းကျော် CIရရှိရေး အလုပ်သမားသံအရာရှိဆောင်ရွက်လျက်ရှိ


ထိုင်း ၊ မြန်မာနိုင်ငံ အစိုးရတို့က မေလ၃ရက်နေ့မှစတင်၍ ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတွေကို မေလ(၃)ရက်နေ့မှ စတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI (Certificate Identity) စာအုပ်ကို  မြန်မာနိုင်ငံသားအလုပ်သမားအများစုနေထိုင်ကြသည့် ထိုင်းနိုင်ငံအတွင်ရှိ ခရိုင်(၆)ခု၌ CIစာအုပ်ထုတ်ပေးသည့် စင်တာများဖွင့်လှစ်ဆောင်းရွက်ပေးလျက်
ရှိကြောင်း သိရသည်.။

ထို့သို့ CIစာအုပ်ထုတ်ပေးရေးစင်တာအသီးသီးသို့ ပန်းရောင်ဘတ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားစုစုပေါင်း ခြောက်သောင်းကျော် CIစာအုပ်လာရောက်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားသံအရာရှိ၏ အလုပ်သမားအရေး ဆောင်ရွက်ချက်အပေါ် လူမှုအဖွဲ့စည်းအသီးသီးတို့၏ အမြင်



                           ရန်ကုန်                                                                                              ဧပြီ ၂၇

                       မြန်မာနိုင်ငံသားများအများဆုံး သွားရောက် အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံ ၌မြန်မာလုပ်သားများအရေးဆောင်ရွက်ရန်အတွက်  အလုပ်သမားသံအရာရှိ ခန့်အပ်မှုကို ၂၀၁၀ခုနှစ်က စတင် ခန့်အပ်ခဲ့ကြောင်းသိရသည်။  ယင်းကဲ့ သို့ ခန့်အပ်မှုကြောင့် အလုပ်သမားအရေးကို အထိုက်အလျောက် ဖြေရှင်း နိုင်ခဲ့ပြီး မြန်မာအလုပ်သမား သံအရာရှိခန့်အပ်မှုမှာ လေးဆက်ပင်ရှိခဲ့ ပြီ ဖြစ်သည်။ လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်သမား သံအရာရှိအဖြစ် ဦးမိုးအောင်ခိုင်၊ ဦးအောင်ကိုသန်းသာရှိပြီး ထပ်မံ၍ ဦးမျိုးထက်သူ ၊ဦးနိုင်မင်းသူ၊ ဦးခင်အောင်မြင့်တို့ကို ခန့်အပ်ခဲ့သည်။

အရပ်သားအစိုးရသစ် လက်ထက်တွင် သံအရာရှိ ဦးမိုးအောင်ခိုင် ၊ ဦးအောင်ကိုသန်းတို့မှာ MOU အလုပ်သမားပြဿနာများ၊ အလုပ်သမားတို့၏ နစ်နာမှုများကို ပိုမို ဖြေရှင်းနိုင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ထိုင်းနိုင်ငံဘက်မှ ဌာနဆိုင်ရာအသီးသီးနှင့် လည်း ချိတ်ဆက်နိုင်ခဲ့ပြီး အလုပ်သမား အရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့မှုကြောင့် အလုပ်သမားများမှာ မိမိတို့၏ အခွင့်အရေးအတွက်သံအရာရှိထံ အကူအညီတောင်းခံရမည်ကို သိရှိလာကြသည်။ထိုအတွက်ကြောင့်  အလုပ်သမား သံအရာရှိ အဆက်ဆက်၏ အလုပ်သမားရေးရာ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက် နေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများ၏ သဘောထားများကို စုစည်း ဖော်ပြပေးလိုက်ပါသည်။





Monday, April 24, 2017

အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ အသိပေးကြေငြာချက်


24.4.2017
ပြည်ပ နိုင်ငံများသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ကြမည့်အလုပ်သမား အသစ်များ အနေဖြင့် ၁.၁.၂၀၁၇ ရက်နေ့မှ စ၍ ပြည်ထဲရေး ဝန်ကြီးဌာန မှ ထုတ်ပေးထားသည့် နိုင်ငံကူးလက်မှတ် အမျိုးအစားများ အနက်မှ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက် လုပ်ကိုင် နိုင်ရေးအတွက် အသိပေးကြေငြာ ပါသည်။

ပြည်ပနိုင်ငံများသို့ အလုပ် (pJ) (Passport for Job) ဖြင့် သွားရောက် အလုပ်ကိုင် နိုင်ရေး လုပ်ငန်းစဉ် သည် အလုပ်သမားများ အတွက် တစ်ဆင့် ခံ ပွဲစားများ ၏ လိမ်လည် လှည့်ဖြားမှု အန္တရယ် မှ ကင်းဝေး စေရေး အတွက် ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၏ စာရင်းနှင့် သတင်းအချက်အလက်များ ရရှိနိုင်ရေး ၊ ကာကွယ်စောင့်ရှောက့်မှုများ ပေးနိုင်ရေးနှင့် ပြည်ပ နိုင်ငံများရှိ ပြဌာန်း ထားသည့် ဥပဒေ နှင့် အညီ အလုပ်သမား အခွင့်အရေးများ ရရှိနိုင်စေရေး ရည်ရွယ် ၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

Saturday, April 22, 2017

ပင်လယ်ထဲတွင် ငါးဖမ်းလှေပိုင်ရှင်က လှေလုပ်သားကို သေနတ်ဖြင့် ပစ်ခတ်

 ယနေ့(၂၂.၄.၂၀၁၇)တွင် ထိုင်းပင်လယ်ပြင်ထဲတွင် မြန်မာနိုင်ငံသားလှေလုပ်သမားတစ်ဦးကို ထိုင်းနိုင်ငံသား ငါးဖမ်းလှေပိုင်ရှင် ဖြစ်သူကသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


ဖန်ငခရိုင် ကူလပူရီမြို့နယ်၊ နံယွန်ငါးဖမ်းလှေဆိပ်မှ လှေလုပ်သမားတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ကျောက်ကျပ်ရွာနေ အဘ ဦးထွန်းအောင်ဖြူ၊နှင့် မိခင်ဒေါ်မညိုစိန်၏သားဖြစ်သူ မောင်မောင်ဌေး (အသက် ၂၁ နှစ် )နှင့်ထိုင်းနိုင်ငံသား ငါးဖမ်းလှေပိုင်ရှင်ဖြစ်သူတို့သည် ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်မီဖယ်မိုင် ငါးတင်ဂိုဒေါင်တွင် စကားအနည်းငယ်များခဲ့ကြောင်း လှေလုပ်သားများ၏ ပြောကြားချက်အရ သိရသည်။


Friday, April 07, 2017

CIသည် အလုပ်သမားများ နောက်ဆုံးဆွဲကိုင်ရာ မြက်တစ်ပင်




ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ၇သိန်းကို မတ်လ ၃ရက်နေ့မှစတင်ကာ  မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကို ထိုင်း နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့က စတင် ပြုလုပ်ပေးခဲ့သည်။ 

CIစာအုပ်စတင်ပြုလုပ်ချိန်မှစတင်ကာ ဧပြီလ  ၂ရက်နေ့ အထိ  ခရိုင်(၆)ခုတွင်  ဖွင့်လှစ်ထားသည့် CIစာအုပ် ထုတ်ပေးရေး စင်တာသို့  အလုပ်သမား ခုနှစ်သောင်းခန့် CIစာအုပ် လာရောက် လုပ်ဆောင်ကြသည်။ 

ယခင်က ပန်းရောင်ဘတ် ကိုင်ဆောင်ထားသော အလုပ်သမားများအနေနှင့် မိမိတို့ကိုင်ဆောင်ထားသော ပန်းရောင်ဘတ်ပြုလုပ်ရာ ခရိုင်မှအပ  အခြားနယ်မြေများသို့ ကျန်းမာရေး ၊ လူမှုရေး ကိစ္စရပ်များနှင့် သွားလိုပါက အခက်အခဲများ တွေ့ကြုံရပါသည်။ ပန်းရောင်ဘတ် ပြုလုပ်ထားသောခရိုင်ပြင်ပသို့ သွားရာတွင် နယ်မြေခံ ပုလိပ်၏ ဖမ်းဆီးမှုကို ခံရပြီး ၊ ဘတ်ငွေ ၃၀၀၀မှ ဘတ်ငွေ ၅၀၀၀အထိ တောင်းခံမှုကို လည်း ခံရပါသည်။ 

Monday, February 13, 2017

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေဆဲဖြစ်တဲ့ ပတ်စ်ပို့ထုတ်ပေးရေးဌာနက ဖြစ်ရပ်များ


ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ MWRN အဖွဲ့က ထိုင်းနိုင်ငံမြန်မာသံရုံးမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးရေးဌာနမှာ ပွဲစားတွေက သံရုံးနဲ့ပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကို တိုင်ကြားစာ ၂ကြိမ်ပို့ခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ သံရုံးမှာ ပတ်စ်ပို့လာလျှောက်ရင် ၁ဦး ဘတ်၃၀၀ ကောက်စားနေတဲ့ ပွဲစားတွေ ပျောက်ကွယ်သွားပြီး နောက်ထပ် ကုမ္ပဏီတစ်ခုက ဝင်ရောက်လာပါတယ်။ ဒီကုမ္ပဏီကတော့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်အောင် ဝန်ဆောင်မှုလုပ်ငန်း Service Prodiver ပုံစံ မျိုး တင်ဒါအောင်သလိုပါ။

Tuesday, February 07, 2017

အထောက်ထားမပြည့်စုံပဲ မြန်မာပြန်သူ ပန်းရောင်ဘတ်အသိမ်းခံရပြီး ၉၉၉ဂိတ်တွင် ဘတ်ငွေ ၁၆၀၀ဖြင့် ပြန်ရွေးထုတ်ရ


ထိုင်းနိုင်ငံ ၊ခြုံပူရီမြို့တွင် အလုပ်လုပ်ကိုင်နေသူ မမူမူအေးသည် ယမန်နေ့က မြန်မာနိုင်ငံ၊ရန်ကုန်မြို့သို့ မဲဆောက်လမ်းမှပြန်ရာ မဲဆောက်မြို့အ၀င် ခွေရာဝူးဂိတ်တွေ နယ်မြေခံပုလိပ်များ တရားမ၀င်နယ်မြေဖြတ်ကျော်မှုဖြင့် ဖမ်းစီးပြီး မမူမူအေးကိုင်ဆောင်သည့် ပန်းရောင်ဘတ်ကို သိမ်းဆည်းပြီး  မြ၀တီမြို့ရှိ ၉၉၉ဂိတ်သို့ပို့ဆောင်ခြင်းခံရကြောင်း ခြုံပူရီအခြေစိုက် Foundation for Aids Rights (FAR)မှ မသန္တာထွန်းကပြောသည်။